Tuesday, September 8, 2009

မမေ့အပ်သော စက်တင်ဘာ

အလွမ်းတွေ တနင့်တပိုးနဲ့
ကြိုးပြတ်သွားတဲ့ စွန်တစ်ချပ်မှာ
ရင်ဘတ်ထဲက ဒဏ်ရာ ၊ ဒဏ်ချက်တွေလည်း
လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်.....။

အသေအချာ မျှော်လင့်ခဲ့ရတဲ့ ရက်စွဲတွေ
အငွေ့ပျံ ပျက်ပြယ်သွားပြီဆိုတော့
ကိုယ်တိုင် သီကုံးခဲ့တဲ့
တေးသီချင်းတွေလည်း သံစဉ်အောက်မှာ
မလှပတော့ဘူး..........။

နှလုံးသားစောင်းကြိုးညှိရာသီအောက်မှာ
ရင်ဘတ်ထဲက ရှိုက်သံတွေ
မွန်းတဲ့နေလိုပူလောင်ပြင်းပြနေခဲ့တော့
ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ပန်းတွေလည်း
နေရောင်အောက်မှာ မပွင့်တော့ဘူး....။

ကိုယ်မှားယွင်းစွာ လက်ခံမိခဲ့တယ်.....
တစ်ကယ်တော့ အချစ်ဆိုတာ...
နေရာအတည်တကျမရှိတဲ့ လိပ်စာလို.....
အဆုံးအစမရှိတဲ့ ကောင်းကင်လို......
ဖမ်းဆုတ်လို့မရနိုင်တဲ့ တိမ်တွေလိုပါပဲလားကွယ်...။

ခုတော့ စက်တင်ဘာနေ့ရက်လေးတွေမှာ
သစ်ရွက်ကြွေလည်းရူး...မိုးတွေရွာလည်း မထူးဆိုသလို
မျှော်လင့်ချက်မဲ့ အလွမ်းတွေနဲ့
ငါ့ဘ၀ရဲ့ ရက်စွဲတွေမှာရှင်သန်.....

တစ်ကယ်ပါ “....” ရယ် ....
ငါမင်းကိုတစ်ရက်မှ မေ့လို့မရခဲ့ဘူး ...။


( စက်တင်ဘာလ - ကျမရဲ့ပတ်ဝန်းကျင် မှာတော့ ဘယ်နေရာကိုပဲကြည့်ကြည့် မြေပြင်ပေါ်မှာ သစ်ရွက်လေးတွေတစ်ဖြုတ်ဖြုတ်ကြွေကျနေခဲ့တယ်....
ဟိုး....အဝေးတစ်နေရာမှာတော့ သဘာဝရဲ့အအေးဓါတ်တွေနဲ့အတူ မိုးတွေတစ်ဖွဲဖွဲရွာနေကောင်းရဲ့....ဘယ်လိုပဲဖြစ်ဖြစ် ကျမဘ၀မှာ စက်တင်ဘာ ဆိုတာ ဘယ်သောအခါမှ အဆုံးမသတ်တတ်တဲ့ကဗျာ...
သံသရာစက်ဝန်းရဲ့တစ်နေရာက အလွမ်းမှတ်တိုင်လေးတစ်ခုပါပဲ.... )

 
နှင်းဟေမာ
( 9 -9- 2009 1:20 AM )

15 comments:

konyi said...

ကိုယ်ချင်းစာမိပါတယ်..ကဗျာလေးအရမ်းကောင်းတယ်..
အားကျလိုက်တာ..သင်ပေးပါ့လား အစ်မ

ဝက်ဝံလေး said...

ကဗျာလေး လာဖတ်သွားပါတယ် နှင်းရေ

ဝက်ဝံလေး said...

ကိုယ်တိုင် မစပ်တတ်တော့ စပ်တတ်တဲ့လူကိုတော့ ချီးကျူးမိပါတယ် နှင်းရယ်

yangonthar said...

လွမ်းလေလေ မေ့လို့ မရလေလေ
မေ့လို့ မရလေလေ ချစ်လေလေ
ချစ်လေလေ လွမ်းမိလေလေ
ဒါမျိုးနဲ့ လည်း အဆုံးအစမရှိနိုင်ဘူး
ထင်တယ်နော် အချစ်ဆိုတာကလေ
မျှော်လင့်ခြင်းတွေ က နောက်က
ကပ်ပါလာတာဆိုတော့ အတွေးထဲမှာ
မြင်မိတိုင်းရူးရ သူ့ အပြုံးနုနုတွေ ကြွေ ကျတိုင်း ရူးရ ကြာတော့ လူက ထုံပေပေကြီးကိုဖြစ်လို့ 
ရင်ထဲမှာလည်း အလွမ်းတွေနဲ့ ပြည့်လို့ 
လွမ်းရေးခက်ခက်ကြီးပါဗျာ .... ဒါပေမယ့် ဆက်လွမ်းနေမှာပဲလေ ....
ခင်တဲ့
ရန်ကုန်သား
ရေးချင်တာတွေရေးသွားဘီ စိတ်မဆိုးဘူး
မဟုတ်လား သယ်ချင်း မနှင်းရေ :)

ဆောင်းယွန်းလ said...

ဘယ်တော့မှအဆုံးမသတ်တတ်တဲ့ကဗျာဟာ
စက်တင်ဘာပေါ့ဟုတ်လားညီမလေးရေ

တစ်ကယ်တော့ အချစ်ဆိုတာ...
နေရာအတည်တကျမရှိတဲ့ လိပ်စာလို
အဆုံးအစမရှိတဲ့ ကောင်းကင်လို......
ဖမ်းဆုတ်လို့မရနိုင်တဲ့ တိမ်တွေလိုပါပဲလားကွယ်

ကောင်းပါ့.ကောင်းပါ့...ကဗျာရေးလည်းကောင်းပါတယ်ညီမလေးရေ
ရင်ထဲကခံစားချက်စစ်စစ်တွေပေါ့

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း..

နှလုံးသားစောင်းကြိုးညှိ ရာသီအောက်မှာ
ရင်ဘတ်ထဲက ရှိုက်သံတွေ..

နှင်း ရယ်.. ရေးတတ်လိုက်တာ.. အထပ်ထပ် အခါခါ ဖတ်မိတယ်..

ကျန်းမာပျော်ရွင်ပါစေ..

ကိုမျိုး

Unknown said...

အမှတ်တရလေးတွေရှိခဲ့ဖူးတာပေါ့လေ...

မမေ့ပါနဲ့... အတိတ်ဆိုတာ ပြန်တောင်းလို့မရပေမယ့် မမေ့ကောင်းဘူးလေ...

ကဗျာလေးကို ထပ်တူခံစားသွားတယ်နော်...

မယ့်ကိုး said...

တစ်ကယ်တော့ အချစ်ဆိုတာ...
နေရာအတည်တကျမရှိတဲ့ လိပ်စာ...
တဲ့လား။

အများတကာပြောလို့ သံယောင်လိုက်တာ မဟုတ်ဘူးနော် ညီမလေး. ကဗျာလေး တကယ်လှလို့ ခံစားသွားပါတယ်။

အမြဲအားပေးလျက်

Unknown said...

မမေ့အပ်သော စက်တက်ဘာ အတွက် ထပ်တူမျှဝေခံစားပေးကြသော နှင်း ရဲ့ စာပေမောင်နှမ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်...........။
အားလုံးကို ခင်မင်လေးစားတဲ့
နှင်း

Anonymous said...

အန်.. အတိတ်ဇာတ်လမ်းတွေရှိခဲ့တယ်ပေါ့ယေ.. ဟွင်းဟွင်း.. ဒါမျိုးဆို သားတို့က အလွတ်မပေးချင်.. ထုတ်ပြပါ.. ရှင်းပြပါ.. ရေးပြပါဗျို့...

maylay said...

နှင်းရေ ကောင်းလိုက်တဲ့ကဗျာ ရင်ထဲမှာ ရှိနေတာကို ထုဆစ်သွားလိုက်တာ။ စက်တင်ဘာဟာမဆုံးနိုင်တဲ့ ကဗျာတဲ့လား။ ကဗျာနဲ့ထပ်တူ ကိုယ်လည်း ခံစားသွားပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာလေးကို ဖတ်အပြီး အောက်ဆုံးက စာကြောင်းလေးက ရင်ထဲအထိရောက်သွားတယ်။ အလွမ်းတွေနဲ့ ကင်းဝေးပါစေ ညီမလေးနှင်းရေ...

ရည်မွန်မျိုး said...

စက်တင်ဘာ ကိုဘယ်တော့မှမမေ့ဘူး။
အမှတ်တရတွေကတော့ ရင်နဲ့အပြည့်ပဲ။
ကဗျာလေးကို အရမ်းကြိုက်တယ်။ ရင်ထဲကို ထိတယ်။

ATN said...

ကဗျာလေးကောင်းတယ် ညီမရေ့...

အိမ့်ချမ်းမြေ့ said...

သြော်....
ကဗျာလေးက လှလိုက်တာ...