Wednesday, October 28, 2009

တတိယအကြိမ်မြောက် ဆမ်ဘားဝမ်း( ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်း) တန်ဆောင်တိုင် ကထိန်အလှူတော်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ( 25 Oct 2009 ) ရက်နေ့က နှင်း ရဲ့ ဆရာများက ဆမ်ဘားဝမ်း ဆရာတော်ဘုရားထံ ကထိန်သင်္ကန်း သွားရောက် လှူဒါန်းကြမည်ဟု အကြောင်းကြားလာသဖြင့် အိပ်ယာထ အလွန်ပျင်းသော နှင်း တစ်ယောက် နံနက်စောစော အိပ်ယာမှထကာ နှင်း တို့ အိမ်နှင့် မလှမ်းမကမ်း၌ တည်ရှိသော ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်း သို့ သွားရောက်ဖြစ်ခဲ့ပါတယ်....။
အဲဒီ့နေ့က စကာင်္ပူနိုင်ငံ စင်္ကာပူမြို့ Sembawang ဓမ္မဥယျာဉ် မြန်မာ ဘုန်းကြီးကျောင်း၌ ဆရာတော်ဘုရား နှင့် သံဃာတော် အရှင်သူမြတ်တို့အား စင်္ကာပူရောက် ဗုဒ္ဓဘာသာ မြန်မာမိသားစု တို့ ပေါင်းစု၍ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းဆက်ကပ်ကြပြီးနောက် ၊ ကထိန်အလှူတော် အောင်ပွဲအခမ်းအနားကိုလည်း ဓမ္မဥယျာဉ်ကျောင်း အနီးရှိ Sembawang ကမ်းခြေ ၌ စည်ကားသိုက်မြိုက်စွာကျင်းပ ခဲ့ကြပါတယ်..။
ဓမ္မဥယျာဉ်ကျောင်း ဆရာတော်ဘုရားအား အမှူးပြု၍ အလှူရှင်မိသားစု များမှ စတုဒီသာ မြန်မာ့ရိုးရာ မုန့်ဟင်းခါး ၊ အုန်းနိုးခေါက်ဆွဲ ၊ ဆီချက်ခေါက်ဆွဲ ၊ သာကူ ၊ လုံးစေ့ကျောက်ကျောဖျော်ရည် ၊ ခေါက်ဆွဲသုတ် ၊ ကြာဇံဟင်းခါး စသည့် စတုဒီသာ အစုံအလင်တို့ဖြင့် ရောက်လာသူအားလုံးတို့ကို တစ်နေကုန် ဒါနပြုကြပါတယ်...။











ဆမ်ဘားဝမ်း ကမ်းခြေကို ဘတ်စ်ကားရပ်လိုက်ပြီဆိုရင်ပဲ မြန်မာ့ဆိုင်းဝိုင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်တီးလုံးသံကိုကြားလိုက်ရတော့ ချက်ချင်းပဲ မြန်မာပြည်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရပါတယ် ...။
အနီးနားရောက်တဲ့အခါမှာတော့ ပင်လယ်ကမ်းစပ်အနီး ဇာတ်စင်ထိုးပြီး စင်ပေါ်မှာလည်း
မြန်မာ့ဆိုင်းဝိုင်းကြီးကို တွေ့လိုက်ရတဲ့အခါ ရင်ထဲမှာ အရမ်းကို ပျော်သွားမိတယ် ...။
ဆိုနေကြတဲ့ သီချင်းတွေကလည်း ချမ်းမြေ့ပါစေ ၊ ဇေယျာကမ်းအလှပန်းချီ ၊ ငယ်ကျွမ်းဆွေ ၊ အရဟံဂုဏ်တော် စတဲ့ မြန်မာတေးသီချင်းကြီး တွေနဲ့ အားပါးတရ ဖျော်ဖြေကြပါတယ် ...။
နားထောင်လို့လဲ အရမ်းကောင်းသလို စင်္ကာပူရောက်မြန်မာတွေရဲ့ အနုပညာအရည်အချင်းတွေကိုပါ သိခွင့်ရခဲ့ပါတယ်...။
ပရိတ်သတ်တွေ ရိုးအီမသွားရအောင် ကြားဖြတ် ကံစမ်းမဲအစီအစဉ်လေးတွေပါ ထည့်ထားပါတယ် ...။
ဆရာတော်ဘုရားက ကထိန်အလှူရှင်တွေအတွက် ပထမဆု Laptop Computer ၊ ဒုတိယဆု LCD TV ၊ တတိယဆု DVD Player နဲ့ စတုတ္ထဆု Digital Camrea ၊ ပဉ္စမဆု လန်ကာဝီ ခရီးစဉ် ၂ ညအိပ် ၃ရက် နဲ့ နှစ်သိမ့်ဆုများအဖြစ် တစ်နှစ်စာ စင်္ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်း စာအုပ်များ ၊ မသီရိ ( သီရိ အလှပြင်ဆိုင် ၊ Peninsula Plaza ) ကလဲ Hair Cut Free လက်မှတ်မြောက်များကို စပွန်စာ ပေးခဲ့ပါတယ်...။ကိုယ်ကိုယ်တိုင် ဘာမဲမှ မပေါက်ခဲ့ပေမယ့် သူများတွေ မဲတွေပေါက်တာကိုကြည့်ရတာလဲ အရမ်းပျော်စရာကောင်းနေခဲ့ပါတယ် ....။
အစီအစဉ်တွေအားလုံးထဲမှာတော့ အထူးခြားဆုံးက အငြိမ့်ကဏ္ဍလေးပါပဲ လူရွှင်တော်တွေ ၊ အငြိမ့်မင်းသမီးတွေနဲ့ ဆိုင်းဆရာ စိန်မြစန်း အဖွဲ့ လိုက်ဖက်ညီညီ ကတာတွေကို ကြည့်ရတာ တစ်ကယ့် မြန်မာပြည်က အငြိမ့်တွေလိုပါပဲ ....။ အငြိမ့်မစခင်မှာ ကတဲ့ ရွှေအိုးစည်အကလေးကိုတော့ နှင်း တော်တော်လေး သဘောကျမိတယ်...။ရှမ်းတိုင်းရင်းသားလေး နှစ်ယောက်ကပြဖျော်ဖြေကြတာဖြစ်ပါတယ်...။
အားလုံးကြည့်လို့ရအောင် Video ရိုက်လိုက် ချက်ချင်း Youtube မှာလှမ်းတင်လိုက်နဲ့ နှင်း လဲ တော်တော်အလုပ်ရှုပ်သွားပါတယ် .. ပါးစပ်ကပြောတော့ အချိန်မရှိလို့ဆိုပြီး အဲဒီ့နေ့က ပြန်ရအောင်လို့ခေါ်တာကို မရလို့ နှင်းကို လက်လျှော့ပြီး နှင်းတို့ တစ်ဖွဲ့လုံး တစ်နေကုန်အောင် ထိုင်ကြည့်ခဲ့ကြပါတယ်...။

ကိုဖိုးစိုင်း နဲ့ မနန်းမေသက်အေး တို့ရဲ့ ရွှေအိုးစည် အက


မနှင်းဝေေ၀ ရဲ့ တစ်ပင်တိုင်အကအလှ


                                 ဒေ၀စ္ဆရာ နှစ်ပါးအက








အဲဒီ့နေ့က အလှူရှင်တွေလဲ ဒါနမြောက်သွားရအောင် အုန်းနို့ခေါက်ဆွဲက ၂ ပွဲ ၊ ခေါက်ဆွဲသုတ် ၁ပွဲ ၊ မုန့်ဟင်းခါး ၁ပွဲ၊ ဆီချက် ၁ပွဲ ၊ အအေး ၂ ခွက် ၊ ရေသန့်၂ ပုလင်း ၊ တစ်နေကုန် မပြန်မချင်း အားပေးလာခဲ့ပါတယ်...။ ဗိုက်အရမ်းတင်းနေတာနဲ့ သာကူ မစားခဲ့ရဘူး .. အိမ်ပြန်ရောက်လို့ ဗိုက်ချောင်သွားတော့မှပဲ ဓါတ်ပုံလေးတွေ ပြန်ကြည့်ပြီး သာကူမစားခဲ့ရလေခြင်းဆိုပြီး နောင်တတွေတစ်လှေကြီး ရနေသေးတာ ..ဟီး ...း) ။အလှူလုပ်တဲ့အခါ လန့်ပြီးမဖိတ်ပဲ မနေကြနဲ့ဦးနော်...။ အုန်းနို့ခေါက်ဆွဲက အရမ်းကောင်းလို့ နှစ်ပန်းကန်စားပစ်လိုက်တာ နောက်တစ်နေ့ရောက်တော့ ကောင်းကောင်းမထနိုင်တဲ့အပြင် ခေါင်းတစ်ခြမ်းကလဲ အကြောညှပ်သွားပါတယ် ...။ နောက်ဆုံးတော့ နှင်းဟေမာ တစ်ယောက် လုံးဝမထနိုင်တော့လို့ ရုံးတစ်ရက် နားလိုက်ရပါတော့သတည်း .....းp

အားလုံးကို ချစ်ခင်လေးစားလျှက်
နှင်းဟေမာ

Wednesday, October 21, 2009

ဘ၀ချမ်းသာရေးလမ်းစဉ်

အားလုံးပဲမင်္ဂလာပါ.... အခုတစ်လော စာမေးပွဲရက်လေးနီးကပ်လာသည်က တစ်ကြောင်း ၊ ရုံးအလုပ်ကိစ္စလေးတွေ များနေသည်ကတစ်ကြောင်း ၊ အကြောင်းအမျိုမျိုးတို့ကြောင့် စာတွေမရေးအားသေးတဲ့အတွက် အသစ်မတင်နိုင်ဖြစ်နေခဲ့ပါတယ် ...။
နေ့စဉ်လာရောက်ကြတဲ့ ဘလော့ဂါမောင်နှမတွေနဲ့ စာဖတ်သူမောင်နှမများအားလုံးအတွက် အကျိုးရှိစေဖို့ရည်ရွယ်ပြီး ဘာသာရေးဆိုင်ရာလေးတွေ နဲ့ ကျမ ဖတ်မှတ်ထားသမျှလေးတွေကို အချိန်ရသမျှလေးမှာ ပြန်လည်၍ ဝေမျှပေးသွားဖို့ စိတ်ကူးမိပါတယ်...။
စာမေးပွဲကြီးပြီးမှပဲ စာလေးတွေ ကဗျာလေးတွေ နဲ့ နှင်း ရဲ့ စိတ်ကူးထဲက ရောက်တက်ရာရာလေးတွေ ကို အတိုးချပြီး ပြန်ရေးပါ့မယ်လို့ အားလုံးကို အသိပေးရင်း အားလုံးကို ခေတ္တနှုတ်ဆက်ပါတယ်ရှင်...။

ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု တိပိဋ္ဋကဓရ ဓမ္မဘဏ္ဍာဂါရိက 
ဘဒန္တ၀ိစိတ္တသာရာဘိဝံသဆရာတော်၏ ဘ၀ချမ်းသာရေးလမ်းစဉ်



၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။


၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။


၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။


၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။


၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။


၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။


၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။


၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။


၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။


၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။


၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။


၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။


၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။


၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။


၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။


၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။


၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။


၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။


၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။


၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။


(မွန်မြတ်သော ၀ိပဿနာတရားကို ရသမျှအချိန်လေးမှာ အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
 
ဆရာတော်ဘုရားကြီး လမ်းညွှန်ဆုံးမတော်မူခဲ့တဲ့ ဘ၀ချမ်းသာရေးလမ်းစဉ်များကို သတိတရားလက်ကိုင်ထား၍ ကျမတို့တက်နိုင်သလောက် အတူတူကြိုးစားအားထုတ်ကြည့်ကြပါစို့....။
အားလုံးပဲ  ချမ်းသာခြင်းရဲ့ အတုနဲ့အစစ်ကို ခွဲခြားသိမြင်ပြီး ရခဲလှတဲ့လူ့ဘ၀တိုတိုလေးမှာ ချမ်းသာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ... လို့ တောင်းဆုပြုလိုက်ပါတယ်...။

အားလုံးကို ချစ်ခင်လေးစားလျှက်

နှင်းဟေမာ
( 21 Oct 2009 )

Thursday, October 15, 2009

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ဒုတိယအကြိမ်မြောက်အလှူတော်အတွက် လှူဒါန်းကြသောအလှူရှင်များစာရင်း

မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယ အကြိမ်မြောက်အလှူတော်ကို အသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများထဲမှ အလိုအပ်ဆုံးနေရာလေးတစ်ခုအား လှူဒါန်းရန် အတည်ပြုသတ်မှတ်ခဲ့ကြသည့်အတိုင်း အောက်တိုဘာလကုန်၌ မန္ထလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိ မကြီးချိုကျေးရွာ အခြခံပညာမူလတန်းလွန်ကျောင်းလေးတွင် အရေးတကြီးလိုအပ်လျှက်ရှိသော စာသင်ဆောင် တစ်ဆောင်အား စတင်၍ အကောင်အထည်ဖော် ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။
အမြန်ဆုံးအကောင်အထည်ဖော်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ အနေဖြင့် ကျမ တို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း နှင့် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် ကျမ မနှင်းဟေမာ ( စည်းရုံးရေးမှူး - စင်္ကာပူ ) မှ အသင်းအဖွဲ့တစ်ခုလုံး၏ ကိုယ်စား အားလုံးသော ဘလော့ဂါ မောင်နှမများ ၊ စာဖတ်သူမောင်နှမများ ၊ မေတ္တာကမ္ဘာ အသင်းသားများ နှင့် စေတနာထက်သန်ကြသော အလှူရှင်များထံသို့ အသိပေးနှိုးဆော်မှုအရ -  ယနေ့ထိ ကျမ နှင်းဟေမာ ထံသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြသော အလှူရှင်များစာရင်းအား အများသူငါတို့ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြစေရန် ဖော်ပြအပ်ပါသည်...။

စာသင်ကျောင်းဆောင်အလှူရှင်များစာရင်း

မြန်မာပြည်သို့အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယအကြိမ်မြောက် စာသင်ကျောင်းဆောင် ဆောက်လုပ်မည့် အလှူတော်အတွက်
ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း မှလည်း တက်အားသရွေ့ ပူးပေါင်း မ တည်၍လှူဒါန်းသွားမည်ဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း ၌ အောက်တိုဘာလ လှူဒါန်းမည့် နေရာတွင် လစဉ်လှူဒါန်းသော အသင်း၏ အလှူတော်များအတွက် သွားရောက်ကြည့်ရှုကာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း မှ မ တည်လှူဒါန်းငွေမှာ မြန်မာငွေကျပ် ခုနှစ်သိန်း ( ၇ သိန်း ) တိတိ ဖြစ်ပါသည် ။


၁) ကိုစိုင်းကျော်စိန်+မနန်းအေးစော
(သမီး) ခွန်းကြယ်စင် ၊ ခန့်ကြယ်စင် မိသားစု(စင်္ကာပူ ) -   S$ 50


၂) ကျေးဇူးရှင်မိဘနှစ်ပါးအားအမှူးထားလျှက်
    ကိုမျိုးမင်းဦး ( အင်ဒိုနီးရှားနိုင်ငံ )                       -      S$ 50


၃) ကိုလှိုင်းဇာခြည်အောင် + မချယ်ရီကျော်
   မိသားစု ( စင်္ကာပူ )                                        -      S$ 50


၎) ကိုဇော်ထက်အောင် နှင့် မအေးသီရိဇော်မျိုး
     ( စင်္ကာပူ )                                                 -      S$ 50


၅) ကိုဖြိုးမောင်မောင်ဖြိုး ( စင်္ကာပူ )                       -      S$ 70


၆) ကိုကျော်မိုးမင်း + မဇာခြည်မမ ( စင်္ကာပူ )           -      S$ 30


ရ) ကိုကျော်ဇင်ဝင်း + မချိုသဲမွန် ( စင်္ကာပူ )             -      S$ 50


၈) ကိုသန်းဇော်ဝင်း ( စင်္ကာပူ )                             -       S$ 50


၉) ကိုညီညီကျော်လတ် ( စင်္ကာပူ )                         -       S$ 30


၁၀) ဘလော့ဂါပူးတေ ( စင်္ကာပူ )                           -       S$ 20

၁၁) ဘလော့ဂါမယ်ကိုး (စင်္ကာပူ)                            -       S$ 10

၁၂) ကိုစိုင်းအောင်သူစိုး နှင့် မသက်သက်အေးထွန်း
     (စင်္ကာပူ)                                                     -      S$ 40

၁၃) ကိုမြင့်ဇော်  ( စင်္ကာပူ )                                  -      S$ 50

၁၄) ကိုထွန်းလင်းအောင် ( စင်္ကာပူ )                        -      S$ 30

၁၅) ကိုမျိုးခိုင် ( စင်္ကာပူ )                                     -       S$ 10

၁၆) ကိုမျိုးဇော်ဦး ( စင်္ကာပူ )                                 -       S$ 10

၁၇) မဖြူဖြူထန့် ( Poly Student )
    “မြတ်ဆုလာဘ်” မိသားစု ( စင်္ကာပူ )               -       S$ 50

၁၈) ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း            -       ၇၀၀၀၀၀ိ/ ကျပ်

၁၉) ကိုဘိုဘိုဟန် ( စင်္ကာပူ )                               -      S$ 40

၂၀) ကိုထွန်းထွန်းမြင့် ( စင်္ကာပူ )                           -      S$ 10

၂၁) ကိုကျော်ဇေ
Dhamma Knowledge မိသားစု ( စင်္ကာပူ )             -      S$ 50

၂၂) ကိုထွန်းလှိုင် (စင်္ကာပူ)                                  -      S$ 50

၂၃) မမျိုးမျိုးရီ (စင်္ကာပူ)                                      -      S$ 30

၂၄) မမိုးသူဇာ (စင်္ကာပူ)                                     -      S$ 40


၂၅)ကိုထွန်းနိုင်ဦး ( စင်္ကာပူ)                                 -      S$200

 ယနေ့ထိလက်ခံရရှိသော အလှူငွေ စုစုပေါင်းမှာ  မြန်မာငွေ ကျပ်ခုနှစ်သိန်း ( ၇ သိန်း ) တိတိ နှင့်  စင်္ကာပူဒေါ်လာ ( S$ 1070 )တိတိ ဖြစ်ပါသည်။နောက်ထပ်မံလှူဒါန်းသည့် အလှူရှင်စာရင်းများအားလည်း ထပ်မံဖော်ပြပေးသွားမည်ဖြစ်ပါသည်။

တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူမှ ရမည်ဟူသော စကားအတိုင်း အများ၏ ပူးပေါင်းမှုဖြင့် ပိုမိုကောင်းမွန် ခိုင်ခံ့သော စာသင်ကျောင်းလေးတစ်ကျောင်း ဖြစ်ပေါ်လာစေရန် နှင့် ကလေးငယ်လေးများ၏ အနာဂတ် ပညာရေးအခက်အခဲလေးများကို တစ်ဘက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးကြရန်အတွက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အနေဖြင့် မိမိတို့၏ အလှူတော်တွင် ပူးပေါင်းပါဝင်လှူဒါန်းလိုကြသော အလှူရှင်အပေါင်းတို့အားလည်း ယခုအောက်တိုဘာ လကုန်ထိ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း လှိုက်လှဲစွာဖြင့်  ထပ်မံ ဖိတ်ခေါ်အပ်ပါသည်....။

အခြားနိုင်ငံများမှ လှူဒါန်းရန် ဆက်သွယ်ထားသူများအတွက် အခက်အခဲရှိနေပါသဖြင့် ယခု မနုနုယဉ် (ဘဏ္ဍာရေးမှူး - မြန်မာ) ထံသို့ တိုက်ရိုက်လှူဒါန်းနိုင်ရန် စီစဉ်ပြီး ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်.....။

“အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာရောက်ပါတယ်၊ အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာရောက် ပါတယ်၊ ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာရောက်ပါတယ်၊ အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးအားလုံးကို ပေးလှူရာ ရောက်ပါတယ်” ........ လို့ ကျမတို့ရဲ့ မြတ်စွာဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့တဲ့အတိုင်း အလွန်ကြီးကျယ်မြင့်မြတ်လှသော ကျောင်းအလှူတော်ကို အမှန်တစ်ကယ် ဖြည့်ဆည်းပေးရန်လဲ လိုအပ်နေသော နေရာလေးတစ်ခုကို မိမိတို့ချွေးနည်းစာများထဲမှ ရန်သူငါးပါးတို့ဘေးရန်မှ ကင်းလွတ်ရာအမှန်ဖြစ်သော ဒါနကုသိုလ်ကို တက်စွမ်းသလောက် ကူညီလှူဒါန်းမှုပြုကြပါရန် ကျမ၏ မောင်နှမ အားလုံးကို နိဗ္ဗာန် အကျိုးမျှော်ကာ ထပ်မံ အသိပေးနှိုးဆော်အပ်ပါသည်...။


လှူဒါန်းလိုသူများအနေဖြင့် ကျမ နှင်းဟေမာ mwf.hninhaymar@gmail.com ထံသို့ ဆက်သွယ်၍ မေးမြန်း၍ လှူဒါန်းနိုင်ကြပါသည်....။

“ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ...သူတစ်ပါးကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဌိကိလေသာ ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို ပါ အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသော အကျိုးကျေးဇူးများစွာကို ရရှိစေသည့် ပရဟိတအများအကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် မိမိတို့ တတ်စွမ်းသလောက် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုနိုင်ကြရန် အတွက် ကျမ နှင်းဟေမာ မှ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ကိုယ်စား တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်.....။


အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...

နှင်းဟေမာ ( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )
15 Oct 2009

Wednesday, October 14, 2009

ဝိပဿနာအလုပ်ပေးတရားအလှူ

အားလုံးသော ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မောင်နှမများ ဓမ္မမိတ်တွေ သူတော်စင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်


ဝိပဿနာတရားကို စိတ်ဝင်တစားလေ့လာနေကြသူများ၊ အားထုတ်ရန်ကြိုးစားပြင်ဆင်နေကြသူများနှင့် လက်ရှိ အားထုတ်နေကြသူတိုင်း နာယူသင့်သော မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားဆုံးမတော်မူသည့် ၀ိပဿနာအလုပ်ပေးတရားတော် အပုဒ်ရေ(၂၉၂)ပုဒ်ပါ (MP3 Format ဖြင့်) DVD ခွေကို စေတနာရှင်ဓမ္မမိတ်ဆွေ တစ်စုမှ ဓမ္မုဒါနပြုလိုက်ပါသည်။
အဆိုပါတရားခွေအား နာယူလိုသော စင်္ကာပူရှိ တရားလိုက်စားကြကုန် သော ဓမ္မမိတ်ဆွေများအနေဖြင့် Peninsula Plaza ရှိ သုခကွန်ပျူတာစတိုး (#04-50, Sukha Computer Store) တွင် တစ်ဦးလျှင်တခွေနှုံးဖြင့် ၁၇-၁၀-၂၀၀၉ (စနေနေ့ ) မှစ၍ အခမဲ့လာရောက်ထုတ်ယူနိုင်ပါသည်။ အဆိုပါ DVD ခွေတွင်ပါဝင်သော ၀ိပဿနာ အလုပ်ပေးတရားတော် (၂၉၂)ပုဒ်ကို ဤနေရာတွငDownload လုပ်၍လည်း တရားနာယူနိုင်ပါသည်။
ဆရာတော်ဘုရား၏ တရားပွဲ Video များကို ဤနေရာတွင Download လုပ်ယူ၍လည်း တရားတော်ကို နာယူကြည်ညိုနိုင်ကြပါသည်။
ဤတရားအခွေအား ပထမအကြိမ်အနေဖြင့် DVD အချပ်ပေါင်း ၁၃၀၀ ဓမ္မဒါနပြုပြီး ဤတရားခွေလှူဒါန်းရာတွင် နည်းများမဆို ပါဝင် ကုသိုလ်ပြုလိုသူများ၊ မိမိကိုယ်တိုင် ထပ်ဆင့်လှူဒါန်းလိုသူများအနေဖြင့်လည်း သုခကွန်ပျူတာစတိုး #04-50 Peninsula Plaza ,Singapore (သို့ မဟုတ်) zawmoesan@yahoo.com.sg (+65-91714350) ထံသို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
အခြားနိုင်ငံများမှ တရားခွေရယူလိုသူ ဓမ္မိတ်တွေများ အနေဖြင့်လည်း zawmoesan@yahoo.com.sg  သို့ဆက်သွယ်လာပါက စာတိုက်မှပေးပို့လှူဒါန်းသွားမှာဖြစ်ကြောင်း ကြားသိရသည့်အတွက် ဓမ္မမိတ်တွေ ဘလော့ဂါ များနဲ့ စာဖတ်သူ မောင်နှမ အပေါင်းကို သတင်းကောင်းပါးလိုက်ပါတယ်ရှင် ....။

( အလှူတစ်ကာ အလှူတွင် အမြတ်ဆုံးဖြစ်သော တရားတော်အလှူကို လှူဒါန်းမှုပြုကြသော အလှူရှင်မိသားစုများ၏ ကောင်းမှုအစုစုအား  ဤနေရာမှ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုလိုက်ပါသည် ....)


မြစိမ်းတောင် ဆရာတော်ဘုရား၏ သြ၀ါဒ



နေရမယ့်အချိန်တွေကလည်းနည်းသွားပြီ
သေဖို့ကလည်း တစ်နေ့ထက်တစ်နေ့
နီးနီးလာပြီဆိုတာ မမေ့ကြပါနဲ့ ။

ရခဲလှတဲ့ လူ့ဘ၀ကို ရပြီးကာမှ
စားဝတ်နေရေးအလုပ်တွေနဲ့ပဲ
ဘ၀တစ်ခုလုံးကို မကုန်လွန်ပါစေနဲ့ ။

ပညာရှိသူတော်ကောင်းတွေကို
မှီဝဲဆည်းကပ်ကြပါ။
သတိပဌါန်တရားတွေ ၊
သစ္စာတရားတွေကိုလည်း နာကြားကြပါ။

သံသရာက လွတ်မယ့် ကျွတ်မယ့်
ဝိပဿနာအလုပ်ကို
ဆင်ခြေအမျိုးမျိုးပေးပြီး ရှောင်တိမ်းမနေပဲ
လုပ်ဖြစ်အောင်လုပ်ကြပါ။
ဒါမှလူဖြစ်ရကျိုးနပ်မယ်။
သာသနာနဲ့ကြုံရကျိုးလည်းနပ်မယ်။

အရှင်ဇာနေယျ ( မြစိမ်းတောင်ကျောင်း ) 
လိမ္မော်ခြံကျေးရွာ ၊ တိုက်ကြီးမြို့။


အားလုံးပဲ မေတ္တာစိတ်ဓါတ်တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ ...
နှင်းဟေမာ

Friday, October 9, 2009

“တစ်ခါတစ်လေမှာ ဒီသီချင်းလေးတွေကို ညည်းတက်တယ်”

တစ်ခါတစ်လေမှာ ... စိတ်လိုလက်ရနဲ့ သီချင်းလေးတွေ ဆိုညည်းဖြစ်ပါတယ် ... နှင်းက တော့ သီချင်းဆိုချင်ရင် ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်မနေတော့ဘူး ပါးစပ်ထဲတွေ့ကရာကို အော်ပြီးဆိုလိုက်တာပဲ ... အားမရသေးရင် ကာရာအိုကေအကျယ်ကြီး ဖွင့်ပြီးတော့ ဆိုပစ်လိုက်တယ် ...အဟဲ .... Complaint များတဲ့ နိုင်ငံဖြစ်ပေမယ့် အိမ်နီးနားချင်းတွေက အရမ်းကောင်းနေတော့ ဒီနေ့ထိ ရဲ ကို အတိုင်မခံရသေးဘူးးp ။ စိတ်တွေ အရမ်းမွန်းကျပ်လာတဲ့အခါ ၊ စိတ်ထွက်ပေါက်တွေ ပိတ်ဆို့နေတဲ့အချိန်တွေမှာ .... ရှေ့ဆက်လျှောက်လှမ်းရဦးမယ့် မရေရာတဲ့ ခရီးရှည်ကြီး တစ်ခုဆီကို မျှော်ကြည့်လိုက်မ်တဲ့အခါ  ဒီ သီချင်းကို အော်ဆိုဖြစ်ခဲ့ပါတယ် ...

“ခေါ်သံများ လောကကြီးထဲ တွေ့ဆုံလိုက်တိုင်းကြားရတယ်....

ဘယ်မှာလဲ လှပခြင်းနဲ့ စစ်မှန်တဲ့ တရားရှိမှာပဲ....
တိတ်ဆိတ်ဖုန်းကွယ်နေဆဲ.......
လျှို့ဝှက်တဲ့ဘ၀ရဲ့ တံခါးချက်များ....
စမ်းသပ်တွန်းဖယ်လိုက်တိုင်း.....
ဆန်းသစ်တဲ့ အမြင်မှန်တွေပြောင်းသွား.....
ထာဝရခရီးသည် ... အမြဲတမ်းပဲ လိုက်ရှာနေဆဲ...
လောကရဲ့ အမှန်တရား
ထာဝရခရီးသည် လျှို့ဝှက်တဲ့ဘ၀ခြေရာများ....
အဆုံးမရှိနိုင်သော ကမ္ဘာ ...
ငါနောက်ဆုံးအချိန်ထိ ထာဝရခရီးသွား...



အထူးသဖြင့်တော့ နှင်းက တစ်ယောက်သော သူကို လွမ်းတဲ့အချိန်တွေမှာ အသည်းကွဲ သီချင်းတွေ ကိုအော်ပြီး ဆိုလိုက်တယ် ....
တစ်ခါ တစ်ရံမှာ လူတွေက ဘယ်တော့မှ မရနိုင်တော့အရာတစ်ခုကို သေမလောက် ရူးသွပ်စွာ တောင့်တတက်ကြတယ် .... အဲဒီ့ မရလောက်ဘူးလို့ထင်ရတဲ့ အရာတစ်ခုက ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်တော့လဲ ဟန်ဆောင်မှုတွေ ၊ မာနတရားတွေနဲ့
မိမိစိတ်ကိုယ်မိမိ ထိန်းချူပ်ထားမိပြန်တယ် ....
နောက်ဆုံးတော့လည်း ကြေကွဲမှုတွေ ၊ တမ်းတလွမ်းဆွတ်ခြင်းတွေ နဲ့ပဲ အဆုံးသတ်ရတာပဲလေ ....

ဒီမနက်တိုင်းမှာ ငါလေ လွမ်းတတ်ခဲ့ပြီပဲ
ဒီမနက်မျိုးလေးမှာလေ အချစ်က ခွဲခွာခဲ့
ပြန်တွေ့ဖို့ရာ ငါလေ ... ခုထိမျှော်လင့်ဆဲ..
အချစ်များရဲ့ဒဏ်ရာတွေသာ ငါ့အတွက် ကျန်ရစ်ခဲ့
ငါ စောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ် ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်း ..... နေချိန်တိုင်း...............



ကျန်ရစ်ခဲ့သူ တစ်ယောက်ရဲ့ရင်ထဲမှာတော့ ဘယ်နေရာပဲရောက်ရောက် ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ သူ့အရိပ်တွေသာ အမြဲစိုးမိုးနေခဲ့ပြန်တယ် ...
အိမ်မက်ဟောင်းတွေ သီချင်းဟောင်းတွေကိုပဲ ထပ်ခါ တစ်လဲလဲ ခံစား ဆိုညည်းမိသူ တစ်ယောက်အတွက်
အသစ်ဆိုတာ ဘယ်တော့မှ ရှိလာတော့မှာမဟုတ်ပါဘူး .....


လွယ်လွယ်လေးနဲ့ မင်းချန်ထားခဲ့ပေမယ့်
နေရာတိုင်မှာ မင်းအရိပ်တွေ ထင်တုန်းပဲ
ခင်သူတိုင်းလဲ အခုထိ ပြောချင်နေကြတုန်းပဲ
နင်ရှိတုန်းကလို ပုံစံမျိုးနဲ့ ..........
အိပ်မက်ဟောင်းပဲ အကျင့်ပါပြီး မက်နေမယ်
မရည်ရွယ်ပဲနဲ့ သီချင်းဟောင်းတွေ ဆိုဖြစ်မယ်
လူတွေပြောတဲ့ မင်းအတင်း မကြားချင်ယောင်ဆောင်ထားလည်း
နင့်အကြောင်းပြောရင် နားစွင့်တုန်းပဲ................
တစ်ကယ်ဆိုရင် လိုအပ်ချက် ကွက်လပ်တွေ သိပ်များလွန်းနေလို့
မင်းကို စောင့်နေခွင့် ပေးပါ ...နေညိုရင် ငိုတက်တဲ့စိတ်နဲ့ ရင်မှာ အသားမကျနိုင်လို့
အနားကို မင်းပြန်လာပေးပါ.........



ကိုယ်နဲ့ကွဲကွာသွားခဲ့ပြီးတဲ့ နှစ်ကာလတွေအတွင်းမှာ သူ  အဆင်မှပြေပါ့မလားလို့ တွေးပြီးပူခဲ့မိတိုင်း 
ရင်ထဲက အလွမ်းတွေနဲ့အတူ  ဒီသီချင်းလေးကို ညည်းဖြစ်ခဲ့ပါတယ် .... မဖြစ်နိုင်တော့ပေမယ့်လည်း
ကိုယ့်ကိုရော သတိမှရပါသေးရဲ့လားလို့ တော့ မေးချင်ခဲ့မိတယ် ....
လလေးတစ်စင်း ဒီရင်ထဲက ကြွေကာသွား ညမှောင်လွန်းတယ်
အိမ်မက်ဆိုးနဲ့ နွေညများထဲ ... အိမ်ပြန်လမ်းမ တစ်ယောက်ထဲပဲ
ငါ့ကို ... နင်လှုပ်နှိုးပြီး အသက်သွင်းခဲ့ .... ရှင်သန်တော့မှ မြေမြှုပ်တယ် ...
ဒါ နောက်ဆုံးပေါ့ .. ပြန်ရုတ်သိမ်းတော့ ... အရင်လို နှုတ်ဆိတ်နေတုန်းပဲ ...
ချစ်သူ ...အဆင်ပြေမလား .. ငါ တွေးတယ် ... မပြတ်သေးဘူး ....
သတိရရဲ့လား ... သတိရဲ့လားလို့ မေးချင်လည်း .... သတိရဲ့လား
သတိရရဲ့လားလို့ ငါ မေးချင်လည်း .... မင်းက မကြားနိုင်ပဲ ..............



နှင်း ရဲ့ အစ်ကို ဆောင်းယွန်းလ ရဲ့ တဂ်ပို့လေးကို ပြန်ဖြေပေးလိုက်တာပါ .... အလုပ်တွေအရမ်းများနေတာနဲ့ ဖြေတာနောက်ကျသွားပါတယ် အစ်ကိုဆောင်းရေ.... ။ ညီမလေးနှင်းဟေမာ ဆိုပြီး ခုလို သတိတရလေး တဂ်လာပေးတဲ့ အစ်ကို့ ကို အရမ်းကျေးဇူးတင်ပါတယ် ...။
ရင်ထဲက ခံစားချက်လေးတွေနဲ့ နှစ်သက်မိသော အမြဲသီဆိုဖြစ်ခဲ့သော သီချင်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် .....။
နှင်းရဲ့ ရင်ထဲက စကားလုံးလေးတွေကို ပြောပြပြီးသွားပြီ ဆိုတော့ .....
အဟင်း ... အဟင်း ... (လည်ချောင်းရှင်းတာပါးD )  ...
ပြီးသွားရင် ဘယ်သူတွေကို ဒွတ်ခပေးရပါ့မလဲ ..... အဲ ဟုတ်ပြီ .... အရမ်းရင်းနှီးခင်မင်မိတဲ့သူတွေစာရင်းကို အုပ်စု ၂စု ခွဲပြီး တဂ်ပါတော့မယ် ...းp

အုပ်စု (၁)က

၁။ မမအိမ့်ချမ်းမြေ့ ( သံစဉ်မဲ့အလင်္ကာများ )
၂။ မမ၀ါ “၀ါဝါခိုင်မင်း”
၃။ မမရွှေပြည်သူ
၎။ မမစူး ( ပန်းချယ်ရီတို့ပွင့်ရာမြေ )
၅။ မမနှင်း “နှင်း နဲ့ မာယာ ”
၆။ မမကြည်ဖြူပိုင် (နွေဦးမိုး)
၇။ ပန်းရင့်ရောင်
၈။ ၀က်ဝံလေး
၉။ မေလေး
၁၀။ အဖြူရောင်နတ်သမီး

နောက်ထပ်အုပ်စု (၂)အနေနဲ့က

၁။ ကိုရင်နော်ခင်လေးငယ်
၂။ အစ်ကို မြစ်ကျိုးအင်း
၃။ အစ်ကို ယုယ
၎။ ရန်ကုန်သား
၅။ နွေဆူးလင်္ကာ
၆။ ကိုမျိုး (မွေးရပ်မြေ အညာ)
၇။ လဂွန်းအိမ် ( မိုးအိမ့်ဖြူ )
၈။ သက်တန့်ချို
၉။ အစ်ကို အရုပ်လေး
၁၀။ ငချမ်းကောင်
၁၁။ မိုးစက်အိမ်

အထက်ပါ အုပ်စုနှစ်စုမှာ ဘောလုံးအသင်းသားများ အဲ ... မှားလို့ပါနော် နှင်းရဲ့ ဘလော့ဂါ မောင်နှမ များ အားလုံး နှင်း ကို တစ်ကယ်ခင်မင်တယ်ဆိုရင်တော့ အားတဲ့အချိန်မှာ တစ်ပျော်တစ်ပါးကြီး ဖြေပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်ရှင်.......။
ရင်ထဲက ခံစားချက် အစစ်အမှန်လေးတွေပါ ထည့်ပေးစေချင်ပါတယ်...း)
အဆစ်တောင်းတာပါ ( ၀ါသနာပါလို့ )
မမမယ်ကိုး ကိုတော့ အတူတူ အတဂ်ခံထားရတဲ့သူတွေမို့ ချန်ထားခဲ့ပါတယ် ....။
လူမကျန်ခဲ့ရအောင် ရင်းနှီးသမျှ လူတွေအကုန်ဆွဲပြီး တဂ်ပစ်လိုက်တယ်နော် ....းP

အားလုံးချစ်ခင်လေးစားတဲ့
နှင်းဟေမာ



Sunday, October 4, 2009

လမုန့်ပွဲတော်အမှတ်တရ နှင့် လတ်တလောအခြေအနေ

သီတင်းကွတ်လပြည့်နေ့ညက ကျမတို့သူငယ်ချင်းတစ်စု ကျောင်း Library ကနေ အပြန် စိတ်ပြေလက်ပျောက် ခြေဦးတည့်ရာ ကိုသွားခဲ့ကြရင်း Bugis ဘက်ကို ရောက်ခဲ့ကြပါတယ်.....
                         

ဘာရယ်လို့တော့မဟုတ်ပါဘူး လူပင်ပမ်းစိတ်ပင်ပမ်းဖြစ်နေကြတဲ့ မိမိစိတ်ကို ထွက်ပေါက်ပေးတဲ့အနေနဲ့ ဦးတည်ချက်မရှိသွားခဲ့တာပါပဲ ....။ အဲဒီမှာ အမှတ်တရ လမုန့်ပွဲတော် ဆင်နွှဲနေကြတဲ့ မဏ္ဍပ်လေးတွေမှာ ဟိုငေး ဒီငေးနဲ့ ဈေးတန်းဘက်ကို တစ်ပတ်ပတ်ပြီး ပြန်လာခဲ့ကြတယ် .....။
လမ်းမှာ လမုန့်ကြီးတွေ သဘောကျတာနဲ့ နှင်း ရဲ့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူ သူငယ်ချင်း မောင်နှမတွေအားလုံးအတွက် နိုင်သလောက်လေး ၀ယ်လာခဲ့ပါသေးတယ် ......။
အားလုံးပဲ အားမနာတမ်းသုံးဆောင်သွားကြဦးနော် ......း)



အမှတ်တရ ဓါတ်ပုံလေးတွေရိုက်နေတုန်းမှာ မိုးကလည်း ဖွဲဖွဲလေးကျလာတာနဲ့ ကြာကြာမနေဖြစ်တော့ပဲ ကျမ ရဲ့ ဆရာသမားများနေထိုင်ရာ အိမ်လေး၌ နံနက်အာရုံဆွမ်းဆက်ကပ်ရန်သစ်သီးတန်းမှာ သစ်သီးများ
ဝယ်ယူပြီုးပြန်ခဲ့ပါတယ် .....။Eunos ဓါတ်တော်တိုက်မှ ဆရာတော်၊သံဃာတော်များကို အာရုံဆွမ်းကပ်ရန် သီတင်းကျွတ်လပြည့်ည တစ်ညလုံးချက်ကြ ၊ ပြုတ်ကြ ၊ စကားတွေပြောကြနဲ့ နံနက် ၄ နာရီ ရောက်သွားပါတယ် ......။ ညမအိပ်ရတော့ပဲ ဆွမ်းကပ်ရန် ပြင်ဆင်ခဲ့ကြပြီး နံနက် ဝေလီဝေလင်း အချိန်လေးမှာတော့ ဆရာတော်များကို အာရုံဆွမ်းနှင့် ကထိန်သင်္ကန်းများ နှင့် ဘုန်းကြီးကျောင်း တည်ဆောက်ရန် ၀တ္ထုငွေများကို ဆရာတော်ဘုရားထံ လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ် .....။ အဲဒါပြီးတဲ့နောက်မှာတော့ ကျောင်း Group နဲ့ အရေးကြီးကိစ္စလေးတစ်ခုအတွက် Meeting ရှိတယ်ဆိုတာနဲ့      အပြေးအလွှားပြေးခဲ့ရပြန်ပါတယ် ......။
အခုတစ်လော ကျမ အရမ်းအလုပ်တွေများပြီး ကျောင်းကိစ္စတွေနဲ့ လုံးချာလည်နေခဲ့ပါတယ် ....။

ည အတော်နောက်ကျမှ အိမ်ကို ပြန်ရောက်ပြီး နံနက်စောစော ရုံးနောက်မကျအောင် ကြိုးစားပြီးသွားနေရပါတယ် .... ။ဘလော့မောင်နှမတွေဆီကို သွားရောက်လည်ပတ်ဖို့ ပျက်ကွက်နေသလို ကျမ ရဲ့ အိမ်လေးမှာလည်း အသစ်တင်ဖို့ ခြေဦးမလှည့်နိုင်ဖြစ်နေခဲ့ပါတယ် .....။သီတင်းကွတ်လပြည့်ကျော် (၁) ရက်နေ့ နေ့လည်ပိုင်းတွင် ကျမ ရဲ့ အစ်ကိုအရင်းတစ်ယောက်လို ခင်မင်ရင်းနှီးသော အစ်ကို ကျော်ဇင်ဝင်း နဲ့ မချိုသဲမွန် တို့ ရဲ့ မင်္ဂလာပွဲလေးကျင်းပရာ Peninsula Plaza ရှိ ရွှေအင်းလေးစားသောက်ဆိုင် ကို ဘယ်လိုမှ အချိန်မရတော့လို့ ကျမ မသွားရောက်နိုင်ခဲ့တဲ့အတွက် ဒီနေရာကနေပဲ အနူးအညွတ်တောင်းပန်အပ်ပါတယ် အစ်ကိုရေ..........။
လာရောက်ကြသော မောင်နှများအားလုံးကိုလည်း ဒီပို့စ်လေးနဲ့အတူ ကျမ ရဲ့ ပျက်ကွက်မှုအားလုံးအတွက်
အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင် .....။အရေးကြီးတဲ့ ကိစ္စရပ်လေးတွေအတွက် မဖြစ်မနေ အချိန်ပေးနေရတာကြောင့် ပျက်ကွက်မှု အားလုံး ...အားလုံးအတွက် နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ် .....။

အားလုံးကို ခင်မင်လေးစားလျှက် .....
နှင်းဟေမာ