Thursday, June 18, 2009

အလင်းမဲ့ဒီဇင်ဘာ


ဒီဇင်ဘာညနေခင်းတစ်ခုမှာပေါ့
ကိုယ်ပိုင်ဆိုင်တဲ့ပန်းခင်းလေးရယ်...
လွတ်လပ်စွာ ပျံဝဲနေကြတဲ့ ငှက်ကလေးတွေရယ် ...
ဘုရားကျောင်းက ခေါင်းလောင်းသံတွေရယ်
ဟိုး....အဝေးကိုမျှော်ကြည့်လိုက်ရင်တော့
စတော်ဘယ်ရီခင်းစိမ်းစိမ်းလေးတွေရယ်
ပန်းခင်းလေးတွေရဲ့အဆုံးမှာတော့........
စိမ်းစိုမှိုင်းညို့နေတဲ့တောင်တန်းကြီးတွေရယ်
ဒီဇင်ဘာညနေခင်းလေးကို
အလှဆင်ထားကြလေရဲ့.....
ပန်းတို့သခင်တစ်ယောက်ရဲ့ရင်ထဲမှာ
ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ ပုံရိပ်တစ်ခုကို တမ်းတရင်း
ပန်းခင်းလေးထဲမှာပဲ အလွမ်းတွေအတွက်
မြှုပ်နှံခဲ့ရတယ်........................။
မဆုံနိုင်တော့မှန်းသိပါတယ်ကွယ်...
ရင်ထဲကအလွမ်းတွေအတွက်
အသဲကွဲညနေခင်းဆိုတာတွေလဲ
ဒီဇင်ဘာအသိဆုံးပါ................။
မဆုံးနိုင်သော တမ်းတခြင်းတွေနဲ့
နင့်အကြောင်းတွေတွေးလိုက်မိတိုင်း
ရင်ခုန်သံဟာ အတောင်ပံတပ်လို့
ငါ့ရင်ထဲကအလွမ်းတွေ..............
ဟိုး......ကောင်းကင်အဆုံးထိ
ပြေးသွားလိုက်တာ....
မီးခိုးမဆုံး......မိုးမဆုံးပါပဲ...ချစ်သူရယ်..........။

နှင်းဟေမာ

0 comments: