Wednesday, June 24, 2009

ချစ်သူ.......


မျက်စေ့မှိတ်ထားပါလျှက်
ကောင်ကင်ကိုသတိရသည့်အခါ...
တိမ်များကိုမြင်နေရပါသည်...
အလွန်ဝေးကွာသည့်အရပ်သို့ရောက်နေပါလျှက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ...
လှိုင်းပုတ်သံကိုကြားယောင်နေတက်ပါသည်...
အခန်းကျဉ်းထဲမှာအိပ်နေပါလျှက်...
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတက်ပြန်သည်...
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။

မောင်စိန်ဝင်း-ပုတီးကုန်း

အနှစ်သက်ဆုံး ကဗျာလေး တစ်ပုဒ်ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ် .....။
အားလုံးပဲ မျှဝေခံစားနိုင်ကြပါစေရှင်....။

နှင်းဟေမာ

1 comments:

konyi said...

ဒီကဗျာလေးကူးသွားတယ်နော်အမ။ ခံစားတတ်လို့လားမပြောတတ်ဘူး။ သဘောကျတာတစ်ခုတော့ သေချာပြောတတ်တယ်.
ကျေးဇူးတင်ပါတယ်နော်။
ကိုညီ