Tuesday, September 27, 2011

မွေးနေ့ရှင်အတွက် မွေးနေ့ဆုတောင်း


“ ရင်ထဲမှာနွေးထွေးလှိုက်လှဲခြင်းတွေနဲ့
သံယောဇဉ်ကြိုးတွေက အထပ်ထပ်....
ခိုင်မြဲစွာ ရစ်ပတ်ချည်ရင်း
နားလည်ခွင့်လွှတ်ခြင်းနဲ့
နှစ် ...လ ...ရက်....တွေကျော်ဖြတ်လာခဲ့တာ ....
ဒီနေ့ဟာ ... ၂၆ စက်တင်ဘာတဲ့ကွယ်......
ဟောဒီ့ရက်လေးကို ဘ၀တစ်သက်
ဘယ်တော့မှ မမေ့နိုင်ရက်ပါဘူးချစ်သူ ...”

“ကျမအတွက် အလိုက်သိတတ်လွန်းတဲ့
မွေးနေ့ရှင်နဲ့အတူ ....၂၆ စက်တင်ဘာကိုချစ်တယ်...
မလိုသူတွေရဲ့ ထိုးနှက်မှု....
ပြစ်တင်ဝေဖန် ကဲ့ရဲ့သူတွေရဲ့ရန်ကို မမှုပဲ
သူ့ဘ၀ရဲ့ အနှစ်၃၀ကျော်ကာလမှာ
ကျမအတွက် ဘ၀ကို သုညကပြန်စရဲခဲ့တဲ့
စက်တင်ဘာ၂၆ မွေးနေ့ပိုင်ရှင်ကို ချစ်တယ်.....”
“မှတ်တိုင်တစ်ခုရဲ့ ခရီးတစ်ထောက်မှာ
လွတ်လပ်ပျော်ရွှင်ခြင်းနဲ့ 
အောင်မြင်မှုပန်းတိုင်တစ်ခုဆီကို ရောက်ဖို့
ကျမလက်ကို မြဲမြဲတွဲပြီး
ယုံကြည်စွာ လျှောက်လှမ်းရဲတဲ့
ဟောဒီ့စက်တင်ဘာ ၂၆ ရက်မှာကျရောက်သော
မွေးနေ့ရှင်သူ့အတွက်.....
ကျမအနားမှာ ဘယ်အခက်အခဲကိုမှမှုပဲ
အမြဲထာဝရတတ်ကြွပျော်ရွှင်နေခဲ့သူ 
တစ်ယောက်အတွက်.....

ဂီတနဲ့အနုပညာကြားမှာ
ရူးသွပ်စွာ မွေ့လျော်တတ်သူတစ်ဦးအတွက် ...

စာပေကိုမြတ်နိုးပြီး ကျမချစ်တဲ့ကဗျာတွေကို
တန်ဖိုးထားတတ်သူ  .... သူ့အတွက်....
ယနေ့ကျရောက်ခဲ့သော
မွေးနေ့ရက်မြတ်မှ အစပြု၍ ....

အချစ်စစ်စစ်နဲ့ ဘ၀အသစ်ကြားမှာ
မျှော်လင့်ခြင်း အသစ်တွေနဲ့
အောင်မြင်သော ...ပျော်ရွှင်သော ...
အဓိပ္ပါယ်ရှိသော မွေးနေ့ပေါင်းများစွာကို
ဖြတ်ကျော်နိုင်ပါစေ....

၂၆ စက်တင်ဘာ ၂၀၁၁ ဆိုတဲ့
သူ့ဘ၀ရဲ့ သတိပြုစရာ မှတ်တိုင်တစ်နေရာကနေ
အစပြုပြီး ......အိုခြင်း နာခြင်း သေခြင်းအမည်ရတဲ့
ခရီးဆုံးမှတ်တိုင် မရောက်ခင်အထိ
ကိုယ့်အနားမှာ အမြဲထာဝရ ရှိနိုင်သူတစ်ဦး
ဖြစ်စေကြောင်းရယ်လို့လဲ ..... ကမ္ဘာမြေကို တိုင်တည်ပြီး
ဆုတောင်း သစ္စာပြုလိုက်ပါတယ် .....”
ချစ်တဲ့မွေးနေ့ရှင်တစ်ဦး ပျော်ရွှင်ချမ်းမြေ့ပါစေကွယ် .....း)

*********************************************
ယနေ့နံနက်စောစော ၂၆ ရက် စက်တင်ဘာ ၂၀၁၁ မှာ မွေးနေ့ရှင်က သူ့အတွက် မွေးနေ့လက်ဆောင်ဘာပေးမှာလဲလို့ မေးခဲ့တော့  .... ပိုက်ဆံနဲ့ဝယ်လို့မရနိုင်တဲ့ ကျမအမြတ်နိုးဆုံး ကဗျာတစ်ပုဒ်ကို သူ့အတွက် မွေးနေ့အမှတ်တရ ရေးပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်....။

ကျေနပ်ပျော်ရွှင်သွားတဲ့ သူ့အမူအယာကြောင့် ကျမတစ်ကယ်ပဲ ၀မ်းသာကျေနပ်မိပါတယ်။
စာပေကိုမြတ်နိုးပြီး ၊ ကျမ သိပ်ချစ်တဲ့ ကဗျာတွေကို တန်ဖိုးတတ်သူ တစ်ဦးရဲ့ ကျေနပ်ပီတိအပြုံးတွေအတွက် ... ကျမ အရမ်းကျေးဇူးတင်မိပါတယ်....။
Happy Birthday ...နော် ....း)

“နှင်း...

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝိုး တကယ့် Romantic ပါဘဲလား
အားကျသွားမိတယ် စက်တင်ဘာ ၂၆ မွေးနေ့ရှင်လည်း ကျန်းမာပျော်ရွှင်ပါစေ
ကဗျာရေးတဲ့ နှင်းကလေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်

ကိုအောင် said...

မွေးနေ့ရှင် ပျော်ရွှင်ပါစေ ...

AH said...

ဒီနေ့မှ ဒီပိုစ်ကို မြင်လိုက်ရပေမယ့် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေလိုက်ပါတယ် ခင်ဗျာ။

သူကြီးမင်း (တုံးဖလား) said...

မွေးနေ့ရှင်ကော ကဗျာရှင်ကော ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။

ခင်မင်လျှက်

အမ်တီအန် said...

ချစ်သူအတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်ကို ပေးလိုက်တာပေါ့။ ပျော်ရွှင်ဖွယ်မွေးနေ့ရက်တိုင်းကို ချစ်သူနှစ်ဦး အေးအတူပူအမျှ ကျော်ဖြတ်နိုင်ကြပါစေရှင်..။

စံပယ်ချို said...

နှလုံးသားထဲကတော့တစ်ခုခုပါပဲနော်
မွေးနေ့ရှင်ရေ....သိလိုက်ပါတော့