မန္တလေးသူ ဆိုတဲ့ ဒီတေးသီချင်းလေးကို မန္တလေးမြို့နှစ် (၁၅၀) ပြည့်အထိမ်းအမှတ် အကြိုကာလကမှာ အကယ်ဒမီ ဦးစိန်မွတ္တား နဲ့ လူရွှင်တော်စာရေးဆရာ ဦးချစ်စရာ ကြီးတို့က ရေးစပ်သီးကုံးခဲ့ကြပါတယ် ....။ ဒီသီချင်းရဲ့ အဓိပ္ပါယ်လေနဲ့ ငြိမ့်ညောင်းတဲ့ တီးလုံးလေးကို အရမ်းနှစ်သက်မိတာကြောင့် ကျမကိုယ်တိုင် ဆိုကမယ့် မန္ထလေးမြို့အငြိမ့်တစ်ခုအတွက် ရွေးခြယ်ဖြစ်ခဲ့ပါတယ် ....။
ဆိုင်းကိုတော့ ဦးကျောက်စိမ်း (မြန်မာပြည် -ကျောက်စိမ်း) ကလက်စွမ်းပြ တီးခတ်ပေးခဲ့တာ ဖြစ်ပါတယ် ....။
ဆိုင်းကိုတော့ ဦးကျောက်စိမ်း (မြန်မာပြည် -ကျောက်စိမ်း) ကလက်စွမ်းပြ တီးခတ်ပေးခဲ့တာ ဖြစ်ပါတယ် ....။
အသံဖိုင်လေးကို အမှတ်တရ ရချင်ခဲ့တဲ့ ကျမအတွက် ကီးဘုတ် ကိုစိုးမိုး (မီစူးတေးသံသွင်း )က မအားလပ်တဲ့ကြားကနေ ကြိုးစားပမ်းစား အသံဖမ်းထားပေးလို့ ရှားရှားပါးပါး ရလိုက်တဲ့အသံဖိုင်လေးကို Youtube ပေါ်မှာတင်ဖြစ်ရင်း ကျမရဲ့ ကိုယ်ပိုင် Blogပေါ်မှာလည်း တေးသီချင်း လက်ဆောင်အဖြစ် အမှတ်တရ ပြန်လည်မျှဝေလိုက်ပါတယ် ........။
မြန်မာ့အနုပညာကို ချစ်မြတ်နိုးစွာဖြင့် တန်ဖိုထား နားဆင်ခံစားပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်...။
အားလုံးကို ချစ်ခင်လေးစားလျှက် ~
နှင်း
10 comments:
မိနှင်းတို့ကတော့ ရုပ်ချောရုံတင် မဟုတ်ဘူး။ အသံကလဲ ကောင်းမှ ကောင်း။ နားထောင်ကောင်းလို့ နှစ်ခေါက် နားထောင်သွားပါတယ်။ မြန်မာ့ဆိုင်းဝိုင်းနဲ့ဆိုတော့ အသံလေး ငြိမ့်နေတာပါဘဲ။
ဆက်လက် သီကျူးနိုင်ပါစေ။
ကျေးဇူးတင်ပါတယ် .... ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘလော့မောင်နှမတွေချင်း ကောင်းတယ်ပြောခံရရင် စားဝင် အိပ်ပျော်တယ်းD
မနှင်းရေ...
အမှတ်တမဲ့နဲ့ ရောက်လာခဲ့တယ်။ ဒီသီချင်းလေးကို နားထောင်ဖြစ်တယ်။ အရမ်းကောင်းပါတယ် မနှင်းရေ.. သီချင်းလဲကောင်း၊ အသံလဲကောင်း၊ ဆိုင်းကလဲ ကောင်းနဲ့ သိပ်ကို လိုက်ဖက်ပါတယ်ရှင်။
မနှင်းတို့ကတော့ အရေးလဲကောင်း။အဆိုလည်း ကောင်းပါလား။
နားထောင်သွားတယ်ဗျို့
မန္တလေးမှာ အနေကြာလာသူ တစ်ယောက်အတွက် မနှင်းသီချင်းလေးကို အလွမ်းပြေ နားထောင်သွားပါတယ်။ ရှေ့ဆက်ပြီးတော့လဲ ဆိုပြီး ဘလော့ပေါ်မှာ တင်ပါအုံး စောင့်ဖတ်နေပါ့မယ်။
နားထောင်သွားပါတယ်၊ ဗီဒီယိုထဲမှာ သူငယ်ချင်းအိမ်ပါလို့ သတိရသွားသေး၏
အရမ်းကောင်းပါတယ်
ဒီလိုသီချင်းမျိုးကို သေချာဆိုသွားလိုက်တာ... တော်လိုက်တာ ညီမလေးနှင့်းရယ်...
အငြိမ့်ကခဲ့ရင် မင်းသမီးနေရာ တနေရာတော့ ဖယ်ထားလိုက်ပြီနော်
အသံကောင်း အဆိုကောင်းလိုက်တာ
မိုက်တယ်
Post a Comment