Saturday, April 10, 2010

မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏တတိယအကြိမ်မြောက်အလှူတော်မှတ်တမ်း

(06-07-2009) ခုနှစ်တွင် ပရဟိတလုပ်ငန်းများကို စိတ်အားထက်သန်ကြသော ၀ါသနာတူသူငယ်ချင်း တစ်စုတို့ ပေါင်းစုလျှက် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ တတိယအကြိမ်မြောက် အလှူတော်ကို မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အုတ်ကန်ကျေးရွာ၌ တည်ရှိသော ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးတွင် အနာကြီးရောဂါကိုခံစားနေကြရသော အဖိုး အဖွားများနှင့် ဝေဒနာရှင်များစွာတို့အတွက် လိုအပ်သော ဆေးဝါးနှင့် အဟာရဒါန ဆန်၊ ဆီများကို သွားရောက် လှူဒါန်းဖြစ်ခဲ့ပါတယ်....။
ကျမနှင်းဟေမာတို့ ဇာတိရွာသားတစ်ဦးဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အရေပြားရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာတင့်ကျော်၏ အကူအညီဖြင့်ကျမနှင်းဟေမာ နှင့် အနာကြီးရောဂါဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာတို့ အဆင်ပြေသည့် ရက်ကိုသတ်မှတ်လိုက်ကြပြီး ( ၁၇-၀၂-၂၀၁၀ ) နေ့မှာ မန်းလေးမြို့ခံ ဆွေမျိုးမိသားစုများနှင့်အတူ မတ္တရာမြို့နယ်၊ အုန်ကန်ကျေးရွာမှ အနာကြီးရောဂါဆေးရုံကြီးသို့ နံနက် ၁၁နာရီခန့်မှာ ရောက်ရှိသွားခဲ့ပါတယ်...။


                                                  မန္တလေးမြို့မှ အထွက် ...
                                      အုတ်ကန်ကျေးရွာ အနာကြီးရောဂါဆေးရုံကြီးအနီး
ရေနံ့သာ အနာကြီးရောဂါဆေးရုံဝန်းအတွင်း
အနာကြီးရောဂါဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာ
ဆရာမ ဒေါ်နော်ရို့စ်
ဆေးရုံးဝန်းထဲကို မ၀င်ရသေးခင်မှာပဲ ဆေးရုံအုပ်ကြီးနှင့် ဆရာမ နော်ရို့စ် အ၀င်အပါ အနာကြီးရောဆေးရုံကြီးမှ ၀န်ထမ်းများက လှိုက်လှဲဖော်ရွေစွာ ဆီးကြိုနှုတ်ဆက်ကြပါတယ်...။ သူတို့တစ်တွေရဲ့ မျက်နှာမှာ တူညီတဲ့ အပြုံး ၊ ထပ်တူကျတဲ့ မေတ္တာတရားတွေနဲ့ မွန်မြတ်တဲ့ စေတနာ ... အေးမြတဲ့ အကြင်နာအရိပ်တွေ ယှက်သန်းနေတယ်လို့ ခန့်မှန်းလိုက်မိပါတယ်...။
ကျမတို့အသင်းသားများနဲ့ ကျမ ရဲ့ စာဖတ်သူမောင်နှမများ စုပေါင်းလှူဒါန်းငွေစုစုပေါင်းငွေ နှင့် ဆန်အိတ် (သန့်စင်ပြီး)- ၁၅ လုံး နှင့် ပဲဆီသန့် (၁၅)ပိဿာတို့ ကို ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကျမတို့ကို ဆေးရုံဝန်းထဲမှ အနာကြီးရောဂါ ဝေဒနာသည်များရှိရာသို့ သွားရောက်ဖြစ်ခဲ့ပါတယ်...။


                                 ဆရာမ ဒေါ်နော်ရို့စ် မှ အလှူငွေလက်ခံယူနေစဉ်
အနာကြီးရောဂါဆေးရုံကြီးအတွက် လှူဒါန်းရန် ဆန် ၁၅ အိတ်နဲ့ ပဲဆီ ၁၅ ပိဿာတို့ကို ရွှေနတ်သားဆန်စက်မှ ၀င်ရောက်ဝယ်ယူခဲ့ပြီး ဆေးရုံထိအရောက် ဆန်စက်မိသားစုများမှ လိုက်ပို့ပေးကြပါတယ်...။



                                                        ဆေးရုံဝန်းအတွင်း
အနာကြီးရောဂါဆေးရုံကြီးမှ လူနာအဖိုး ၊ အဖွားများ



ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးမှာ စုစုပေါင်း လူနာ ၂၀၀ကျော်ရှိပါတယ်..။ လူနာဆောင်တွေမှာအမြဲတမ်းဆေးကုသမှု ခံယူလျှက်ရှိကြသော လူနာများ နဲ့ ရောဂါ ပြင်းထန်မှ တတ်ရောက် ကြသော လူနာများ ၊ သံဃာတော်များ စသည်ဖြင့် စုစုပေါင်း အဆောင် ၇ ဆောင်သို့ ရောက်ဖြစ်ခဲ့ပါတယ်...။
အနာကြီးရောဂါဝေဒနာရှင်များအတွက် နေ့စဉ်ကျွေးမွေးသော ထမင်း နှင့် ဟင်း ကိုကြည့်ပြီး ကျမ တစ်ကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်...။ ကျမသွားရောက်ခဲ့တဲ့ အချိန်မှာ ရေနံ့သာ အနာကြီးရောဂါ ဆေးရုံကြီးမှဝေဒနာသည်များအတွက် ဆေးပဒေသာပင် စိုက်ထူရန် ရည်ရွယ်ခဲ့ပေမယ့် ဆေးရုံအုပ်ကြီးနဲ့ ဆရာမများရဲ့လမ်းညွှန်မှုဖြင့် လက်ရှိအခက်အခဲများဖြစ်သော ၆လစာဆေးဝါးကုသစရိတ်နှင့် အဟာရဒါနအတွက်ကိုပဲ ခွဲခြမ်း၍ အဆင်ပြေသလို လှူဒါန်းဖြစ်ခဲ့ပါတယ်...။
    

ကျမတို့ရဲ့ နိုင်ငံမှာ အမှန်တစ်ကယ် လိုအပ်နေခဲ့တဲ့ ကွက်လပ်လေးတွေ များစွာရှိနေပါတယ်...။ကျမတို့ လူငယ်များအနေနဲ့ မိမိတို့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း လေးတွေမှာ ပရဟိတစိတ်ဝင်စားကြသူများက ဦးဆောင် ဦးရွက်ပြုပြီး  အဆင်ပြေသလို စုပေါင်း လှူဒါန်းသွားနိုင်ကြမယ် ဆိုရင် လှူဒါန်းရသူရော အလှူခံလိုက်ရသူရော နှစ်ဦးနှစ်ဘက်လုံးမှာ တန်ဖိုးမဖြတ်နိုင်အောင် အကျိုးကျေးဇူးများလှပါတယ်...။
ကျမတို့ရဲ့ မေတ္တာကမ္ဘာအသင်းအနေနဲ့ ဒီထက်မက ခိုင်မာတဲ့ အဖွဲ့အစည်းလေးတစ်ခုဖြစ်ပေါ်လာအောင် လိုအပ်တဲ့နေရာလေးတွေမှာ လိုအပ်သလို ကူညီလှူဒါန်းခွင့်ရအောင် ၊ အထူးသဖြင့် ဤအလှူလေးဖြစ်ပေါ်လာအောင် ၀ိုင်းဝန်းလှူဒါန်းကြသော ကျမ၏ အသင်းဝင်မောင်နှမများ ၊ ဘလော့ဂါမောင်နှမများ နဲ့ စာဖတ်သူ မောင်နှမများအားလုံးကို အထူးပင်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းကိုလည်း ဒီနေရာလေးကနေ ပြောကြားလိုက်ပါတယ်...။
နောင်လှူဒါန်းမည့် စတုတ္ထအကြိမ် ၊ ပဉ္စမအကြိမ် .....တွေမှာလည်း ကျမတို့ မေတ္တာကမ္ဘာ လူမှုကူညီရေးအသင်းနှင့် အတူ ပူးပေါင်းလှူဒါန်းကြပါဦးလို့ ကျမ နှင်းဟေမာမှ ထပ်မံ၍ နှိုးဆော်တိုက်တွန်းရင်း အလှူရှင်များစာရင်းနှင့် အလှူတော်မှတ်တမ်းများကိုပါ အများ သူငါတို့ သာဓုခေါ်ဆိုနိုင်ကြရန် အလို့ငှါ ဝေေ၀ဆာဆာ မှတ်တမ်းတင် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်...။
 
ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အုတ်ကန်ကျေးရွာ ၊ ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးသို့ လှူဒါန်းခဲ့သော အလှူငွေ စုစုပေါင်းမှာ - ကျပ် ( ၁၀၂၆၅၀၀ ) ဆယ်သိန်းနှစ်သောင်း ခြောက်ထောင်ငါးရာကျပ်တိတိ ဖြစ်ပါသည်...။
ထိုအလှူတော်အတွက် တစ်တပ်တစ်အားပါဝင်လှူဒါန်းကြသော အလှူရှင်စာရင်းများကို မှတ်တမ်းတင်ရင်း အလှူငွေ စုစုပေါင်း နှင့် စာရင်းရှင်းတမ်းကို ဖော်ပြအပ်ပါသည်  -

၁) ကိုဝေယျာလင်း ( စင်္ကာပူ ) - S$ 50

၂) ကိုကိုကျော်သက်ထွန်း ( စင်္ကာပူ ) - S$ 100

၃) မရတနာတင် ( စင်္ကာပူ ) - S$ 50

၎) မနှင်းဟေမာ ( စင်္ကာပူ )  - S$ 50 နှင့် မြန်မာငွေ - ၁၇၆၈၀၀ ကျပ်တိတိ
( တစ်သိန်းခုနှစ်သောင်းခြောက်ထောင်ရှစ်ရာကျပ်) 
                                    
၅) ကိုကို ( စင်္ကာပူ ) - S$ 50

၆) မခင်သန္တာဝင်း ( စင်္ကာပူ ) - S$ 50

၇) ကိုမျိုးမင်းကျော် ( စင်္ကာပူ ) - S$ 50

၈) ကိုကျော်သူဟိန်း ( စင်္ကာပူ ) - S$ 20

၉) မအိဖြူဝင်း ( စင်္ကာပူ ) - S$ 20

၁၀) ကိုနေမျိုးထွန်း ( စင်္ကာပူ ) - S$ 50

၁၁) မလီလီဟွာ ( စင်္ကာပူ ) - S$ 50

၁၂) ကိုအောင်မျိုးဦး ( စင်္ကာပူ ) - S$ 80

၁၃) ကိုထွန်းလှိုင် ( စင်္ကာပူ ) - S$ 10

၁၄) ကိုကျော်လွင်ဦး (စင်္ကာပူ) - S$ 50

၁၅) ဘလော့ဂါကြည်ဖြူပိုင်(နွေဦးမိုး) - စင်္ကာပူ - S$ 10

၁၆) ကိုကျော်ဇေလှ+မပွင့်ဖြူစန်း
      (Dhamma Knowledge မိသားစု) - စင်္ကာပူ - S$ 50

၁၇) ကိုဖြိုးမောင်မောင်ဖြိုး ( စင်္ကာပူ ) - S$ 20

၁၈) ကိုဇေယျာလင်း နှင့် မခင်ဖြူစင် ( စင်္ကာပူ ) - S$ 50

၁၉) ကိုတိုးကြွယ်အောင် ( စင်္ကာပူ ) - S$ 10

၂၀) ကိုသက်နိုင် ( စင်္ကာပူ ) - S$ 50

၂၁) ကိုအောင်ဇင်ကိုကို ( စင်္ကာပူ ) - S$ 20

၂၂) မအေးအေးတိုး ( စင်္ကာပူ ) - S$ 10

၂၃) အစ်ကို ပိတောက်မြေ နှင့် မမရွှေစင် - ၁၀၀၀၀၀ ( တစ်သိန်းကျပ် )
     (ပိတောက်မြေမိသားစု)

၂၄) မမိုးသူဇာ ( စင်္ကာပူ ) - S$ 30

၂၅) မမျိုးမျိုးရီ ( စင်္ကာပူ ) - S$ 30

၂၆) ကိုဘိုဘိုဟန် ( စင်္ကာပူ) - S$ 40

၂၇) ကိုမြင့်ဇော် ( စင်္ကာပူ) - S$ 50

စုစုပေါင်း အနာကြီးရောဂါဆေးရုံကြီးသို့လှူဒါန်းရန် လက်ခံရရှိသော အလှူတော်ငွေ စုစုပေါင်းမှာ -
စင်္ကာပူဒေါ်လာ - S$ 1050 နှင့် မြန်မာငွေ - ၁၀၀၀၀၀ ( တစ်သိန်းကျပ်တိတိ) ဖြစ်ပါသည်။
မြန်မာပြည်သို့လွှဲပြောင်းငွေကို  ရွှေရတနာ ( ပင်နီးဆူလားပလာဇာ ) မှ ပေါက်ဈေး ၁ဒေါ်လာလျှင် ၇၁၄ ကျပ်နှုန်းဖြင့်လွှဲပြောင်းငွေမှာ - S$ 1050 x 714 = 749700 ကျပ်တိတိ နှင့် မြန်မာငွေ စုစုပေါင်းမှာ (၈၄၉၇၀၀)ကျပ် -ရှစ်သိန်း လေးသောင်း ကိုးထောင် ခုနှစ်ရာ ကျပ်တိတိဖြစ်ပါသည် ...။
ငွေစာရင်းမရှင်းလင်းသည်များရှိပါက ( သို့မဟုတ် ) တစ်ခုခုလွဲမှားမှုများရှိပါက လီလီဟွာ ( ဘဏ္ဍာရေးမှူး ) ထံသို့ဖြစ်စေ ၊ မရတနာ (အတွင်းရေးမှူး )ထံသို့ဖြစ်စေ ၊ ကျမ နှင်းဟေမာ ထံသို့ဖြစ်စေ ..တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြပါသည် ...။

အားလုံးပဲ ... ပါရမီထိုက်သော ဒါနကိုထာဝရ ပြုနိုင်ကြပါစေ...

နှင်းဟေမာ 
( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )

7 comments:

သူကြီးမင်း (တုံးဖလား) said...

လူကော နတ်ကော ဘာသာတိုင်းကကော အားလုံးနှစ်သက်လက်ခံထားကြတဲ့ ဒါနပြုပွဲလေးမို့ အားရပါးရ သာဓုခေါ်သွားပါတယ်။ သာဓု.. သာဓု... သာဓု။

လင်းကြယ်ဖြူ said...

တကယ်ကို လိုအပ်နေတဲ့ နေရာမှာ လိုအပ်နေတာတွေကို
အခုလို ဖြည့်လို့ဆောင်ရွက်ပေးကြတဲ့ စေတနာရှင်
တွေ အားလုံးကိုရေ မေတ္တာကမ္ဘာ ကိုရော
အထူး လေးစား ရင်း အားပေးနေပါတယ်...
ဆက်လက် ပြီး ရေနည်း ရာ အရပ် မှာ မိုးရေတွေ
ဖြိုင်ဖြိုင် သွန်း ရင်း ရွှန်းရွှန်ူစိုစို ရှိပါစေ.....

*.*.*

ဂျေဂျူဝိုင် said...

သၾဓုပါဗ်ာ သာဓုပါ

ထပ်တူ ထပ်မျှ ၀မ်းမြောက်ပါတယ်

နောက်လည်း ဆက်လက် လှူဒါန်းနိုင်ပါစေဗျာ

မြစ်ကျိုးအင်း said...

ဒီတစ်ခါတော့ ဝင်လို့ရသွားပြီကွ ။ စာမဖတ်ခင် အရင် မန့်လိုက်တယ်။

မြစ်ကျိုးအင်း said...

သိပ်ကို မွန်မြတ်တဲ့ အလှူပါပဲ။ တစ်ကယ်ကို သာဓုခေါ်ပါတယ်ညီမလေးရေ။ နောက် အကြိမ်တွေမှာလည်း ပါဝင်ပါ့မယ် ။ ညီမလေး တို့ အဖွဲ့ကြီးလည်း ဒီ့ထက် ပိုအောင်မြင်ပြီး မွန်မြတ်သော အလှူများလည်း ပြုနိင်ပါစေ...။

ကိုအောင် said...

ဂုဏ်ယူလေးစားလျက်ပါ။

မေဇင် said...

သာဓု သာဓု သာဓု ပါ....အမှန်တကယ် လိုအပ်တဲ့နေရာမှာ လှုဒန်းတဲ့အတွက် ကျေးဇူးတင်စရာကောင်းလှပါတယ်။