Tuesday, January 5, 2010

စင်္ကာပူနိုင်ငံတွင် နှင်းဆီရင်ခွင်နှစ်ပါးသဘင် ကပြဖျော်ဖြေမည်

မြန်မာ့ဇာတ်သဘင်ကို ချစ်ခင်မြတ်နိုးကြသော စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာအပေါင်းတို့အား ၀မ်းမြောက်ဖွယ်သတင်းကောင်းပါးအပ်ပါသည်....။

မကြာမှီမှာကျရောက်လာတော့မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ကြိုဆိုရင်း စင်္ကာပူနိုင်ငံရောက် အနုပညာချစ်သူများနှင့် တက်လူ ၊ ဘကျော် ၊ အောင်ပြည့်တို့ စီစဉ်သော ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ နှင်းဆီရင်ခွင်နှစ်ပါးသဘင် ကို (21 -3- 2010)တနင်္ဂနွေနေ့ နေ့လည်၃နာရီ တိတိအချိန်မှာ စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့မှာရှိတဲ့ Chinatown ၊ Kreta Ayer Prople's Theatreဇာတ်ရုံကြီးမှာကပြဖျော်ဖြေမှာဖြစ်ပါတယ်...။နှင်းဆီရင်ခွင်နှစ်ပါးသဘင်မှာ-(မင်းသား) တင်မောင်ဆန်းမင်းဝင်း (သစ္စာမေတ္တာရွှေမန်းသဘင်)၊မင်းသမီးများ - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မေကဗျာ ၊ ခင်ဖြူကြည် ၊ ခင်သီတာစိုး ၊ စန္ဒာတိုး ၊ နန်းဝေယံမြင့် ၊ ဖူး ၊ သိမ့် တို့ဖြစ်ကြပြီး လူရွှင်တော်များအဖြစ် - ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် - နေတိုး ၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း (Example) ၊ မိုးမိုး တို့မှ စတိတ်ရှိုး ၊ နှစ်ပါးအငြိမ့်များနဲ့အတူ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ် ...။

ကြိုတင်လက်မှတ်များကိုတော့ (၁) ဒေ၀ီဦး - # 05-17 Peninsula Plaza
                                      (၂) T3 Treasure Travel - # 02-25 Peninsula Plaza
                                      (၃) ဆုံဆည်းရာ - # 05-35 Peninsula Plaza
                                      (၄) ရနံ့သစ် - B1 Peninsula Plaza
                                      (၅) Golden Crown (s) Pte.ltd - # 02-104 Boonlay Place
                                      (၆) သပြေနု - # 05-20 Peninsula Plaza

တို့မှာ ယခုအချိန်မှစတင်ပြီး ၀ယ်ယူနိုင်ကြပြီဖြစ်ပါကြောင်းလည်း ကြိုတင် သတင်း ကောင်းပါးလိုက်ပါတယ် ...။အသေးစိတ်သိရှိလိုပါက ဦးမြင့်စန်း (92954247)၊ ကိုဘကျော် ( 98301562) ၊ ကိုအောင်ပြည့် (81912634) ၊ ကိုကိုလေး ( 91405700) ၊ ဒေါ်နီနီ (84646989) နဲ့ မဖြူဖြူအေး (96485774) တို့ထံမှာ ဆက်သွယ်မေးမြန်းနိုင်ကြပါတယ် ...။အားလုံးပဲ စောစောဝယ်ထားမှ စိတ်ချရမှာမို့ နေရာကောင်းလေးရအောင် အမြန်ဆုံးသွးဝယ်နိုင်ကြဖို့ ကြိုင်တင်သတင်းကောင်းပါးလိုက်ပါတယ်....း)

ခင်မင်လေးစားစွာဖြင့်
နှင်းဟေမာ
5 Jan 2010

7 comments:

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
ကြည့်ချင်ဒယ်ဗျိုးးးးးးးး
ဘယ့်နှယ်လုပ်ရမဒုန်း.....:D
ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

သွားကြည့်ပြီး ရယ်ကြရအုံးမှာပေါ့ အားကျစရာပဲ
ဒီကိုတော့ ဘာမှ မလာကြဘူး

မြစ်ကျိုးအင်း said...

ဒါနဲ့ မင်းသမီး နှင်းဟေမာ နာမည်လည်း မတွေ့ပါလား :)

Unknown said...
This comment has been removed by the author.
Unknown said...

မင်းသမီးနှင်းဟေမာက နှင်းဆီရင်ခွင်အငြိမ့်က မဟုတ်ဘူးလေ ဇာတ်ဆရာရဲ့ ...။
ဘလော့ဂါ အငြိမ့်အလှည့်ရောက်ရင်တော့ နှင်းဟေမာ ဆိုတဲ့ နံမည်ကို အရင်ဆုံးတွေ့ရမှာပါးD
နှင်းဟေမာ

မိုးစက်အိမ် said...

လုပ်ပါ လုပ်ပါ နှင်းဟေမာလေးကိုတော့ ရှေ့ ထွက်
မင်းသမီးလောက် ပေးလိုက်ကြပါဗျာ :P

Flower said...

နှင်းရေ
အိမ်သစ်ပြောင်းတာ မုန့်လဲမကျွေး အကြောင်းလဲမကြားနဲ့... စလုံးလာပြီး အငြိမ့်ကြည့်တော့မှ နှင်းအိမ်မှာ မုန့်လာစားတော့မယ်.. စီဘောက်မှာ မမက ရေးလို့မရဘူးဖြစ်နေတယ်.. ချစ်တဲ့နှင်လေး အိမ်အသစ်မှာ အရာရာ အဆင်ပြေပါစေလို့ အငြိမ့်လဲကြည့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်

မမချော