Monday, August 3, 2009

ဓမ္မစေတီအထူးတရားပွဲ


ထေရ၀ါဒ ဓမ္မဒဿနသမ္ပဒါ နည်းအဖြာဖြာဖြင့် တရားဒေသနာတော်များကို ဖြန့်ဝေဟောကြားတော်မူသော ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒန္တကောသလ္လ M.A(Buddhism) ၏ အထူးတရားပွဲ ( အွန်လိုင်းအထူးတရားပွဲ )

ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒန္တကောသလ္လ M.A(Buddhism) သည် သြဂုတ်လ ၇ ရက် ဒေသစံတော်ချိန် ( Pacific Standard Time (UTC-8)) ည ၇ နာရီ ၊ မြန်မာစံတော်ချိန် သြဂုတ်လ - ၈ ရက် မနက် ၈ နာရီခွဲ ၊ စင်္ကာပူစံတော်ချိန် နံနက် ၁၀ နာရီ ၊ ရုရှားစံတော်ချိန် နံနက် ၆ နာရီ တိတိ အချိန်တွင် ထေရ၀ါဒ တရားဒေသနာတော်ကို ဟောကြားချီးမြှင့်တော်မူမည်ဖြစ်ပါသည်။
အဆိုပါတရားပွဲအား http://www.live.dhammathukha.com/ မှ တိုက်ရိုက်နာ နိုင်အောင် Live Show လွှင့်ပေးမည်ဖြစ်ပါကြောင်း နှိုးဆော်အသိပေး လိုက်ရပါသည်။
သို့ပါ၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင် တရားချစ်ခင်သူတော်စင်များအပေါင်းတို့အနေဖြင့် ကြုံတောင့်ကြုံခဲလှစွာသော ထေရ၀ါဒ အွန်လိုင်း အထူးတရားပွဲကို အတူတစ်ကွ ရိုသေစွာ နာယူကြည်ညိုနိုင်ကြရန် အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်။

ခင်မင်လေးစားစွာဖြင့်
နှင်းဟေမာ
3 August 2009

3 comments:

အိပ်မက်ကဗျာ said...

ဟုတ်ကဲ့အခုလိုအသိပေးတာကျေးဇူးပါဗျာ
ပျော်ရွှင်ပါစေဗျာ...
သာဓု...သာဓု...သာဓု...
ခေါ်ဆိုသွားပါတယ်ဗျာ

Nge Naing said...

ဘာသာရေး သတင်းတွေကို မျှဝေပေးတာ တရားအလှူအမျိုးပါပဲ။ ကောင်းကျိုးတွေကို ဆက်လက် ကုသိုလ်ပြုနိုင်ပါစေ။

သီဟသစ် said...

ညီမနှင်းဟေမာရေ

information တွေသိရလို့
ကျေးဇူးပါ

(သာဓု )၃ ပါကွယ်

ခင်မင်စွာဖြင့်
သီဟသစ်