Friday, September 4, 2009

တက်အားသမျှ ရှောင်ရှားကြစို့

ဒီပို့စ်လေးမှာ အဓိကအားဖြင့် မိမိတို့ တက်နိုင်သလောက် အသား ငါးကို ရှောင်ကျင်ခြင်းနှင့် မေတ္တာတရားပွားများပုံအကြောင်းအရာလေးများကို ကျမစုဆောင်းမိသလောက် ပြန်လည် မျှဝေပေးခြင်း သက်သက် သာဖြစ်ပါတယ်...။ပထမဦးဆုံး အနေဖြင့် ......သာဓကလေးများကို ဦးစွာ ဖော်ပြပေးချင်ပါတယ်...။

မူဂပက္ခခေါ် တေမိယဇာတ် တေမိမင်းသားသည်လည်းကောင်း၊ ကေသ၀ဇာတ်တော်၌ ကေသ၀ရှင်ရသေ့ အမှူးပြုသော ရသေ့ငါးရာတို့သည်လည်းကောင်း ၊ နကုလဇာတ်လာ ရသေ့ငါးရာတို့သည်လည်းကောင်း ၊ မဟာဒုဒဿန စကြာမင်းကြီးနှင့် တစ်ကွ တိုင်းသူပြည်သား အားလူံးတို့သည် လည်းကောင်း ၊ နေမိဇာတ်တော်၌ နေမိမင်းကြီးသည် လည်းကောင်း ၊ အသားငါးကို လုံးဝ မစားကြပဲ သစ်သီးကြီးငယ်တို့ကို စားခြင်းဖြင့် မေတ္တာဈာန် အဘိဥာဉ်ကို အရထူထောင်ပြီး လူ့ဘုံ ၊ နတ်ဘုံ သို့ အရောက်သွားနိုင်ခဲ့ကြကြောင်း

မှတ်သားခဲ့ရဘူးပါသည်.....။ထို့အပြင် ဘုန်းတော်ကြီး ဦးသီလ ၊ ကမ္ဘာ့သာသနာပြု မဟာစည် ဆရာတော်ဘုရားကြီး ၊ လယ်တီဆရာတော်ဘုရားကြီး၊ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ၊ မန်လည်ဆရာတော်ဘုရားကြီး ၊ အစရှိသော ဆရာတော် ကြီးများသည်လည်း အသီးအနှံတို့ဖြင့် ရောင့်ရဲတင်းတိမ်ကာ မေတ္တာတရားတို့ဖြင့် တရားထူးတရားမြတ်များ ရယူသွားခဲ့ကြပြန်ပါသည်....။


ထို ဥပမာ သာဓက တို့ကိုထောက်ထားခြင်းအားဖြင့် သတ်သတ်လွတ်စားခြင်းသည် မေတ္တာဘာဝနာ အတွက် အထူးပင် အထောက်အပံ့ပြုသည် ဟူ၍ မှတ်ယူရမည် ဖြစ်ပါသည်...။
အမှတ်တမဲ့ လမ်းမှာ တွေ့သဖြင့် ပံ့သကူသား ၀ယ်ယူစားကြသော သူများကို ပါဏာတိပါတ ကံထိုက်သည်ဟု မပြောသင့်သလို မေတ္တာဘာဝနာကို အထောက်အပံ့ဖြစ်ပါစေ ... သတ္တ၀ါများလည်း အနည်းငယ်မျှချမ်းသာပါစေတော့ ဆိုတဲ့ မေတ္တာစေတနာနဲ့ သတ်သတ်လွတ်စားနေသော သူများကိုလည်း အသားငါးစားသူတို့က ဒေ၀ဒတ်လမ်းစဉ်ဟူ၍ မဆိုသင့်ပါချေ..။
သူ့အသတ်သတ်ခြင်း တည်းဟူသော ပါဏာတိပါတကံထိုက်ရန်အတွက် .....
(၁) သတ္တ၀ါ ဖြစ်ခြင်း ၊
(၂) သတ္တ၀ါမှန်းသိခြင်း
(၃) သတ်လိုသောစိတ်ရှိခြင်း
(၄)တစ်နည်းနည်းဖြင့်သတ်ဖြတ်ခြင်း
(၅) သေသွားခြင်း
ဆိုတဲ့အင်္ဂါ (၅) ရပ်လိုအပ်ပါတယ်.... ဒီအင်္ဂါရပ် (၅) ရပ် နဲ့ ညီမှသာလျှင် ပါဏာတိ ပါတကံ မြောက်တယ်လို့ ဆိုပါတယ်...။အဲဒီ့အတွက် ဈေးမှာ ပံ့သကူသားကို တွေ့တဲ့အတွက် ၀ယ်ယူချက်ပြုတ်စားသောက်ခြင်းအားဖြင့် ပါဏာတိပါတကံ မထိုက်ပါ...။
အဲလို မဟုတ်ပဲနဲ့ သူငယ်ချင်းရေ... မနက်ဖန် ဈေးကနေ ငါ့အတွက် သုံးထပ်သားလေးတော့ ပါအောင်ဝယ်လာခဲ့နော်....။
ကြက်ဝ ၀ လေး တစ်ကောင်လောက် မနက်ဖန် ၀ယ်ဦးမှပဲ.....။
မေမေ ရေ... သမီးအတွက် အမဲသားများများ ကြော်ပေးလိုက်နော်....။လူကြုံနဲ့ ငါးခူလေးတွေပါ ကြော်ပေးလိုက်ပါဦး ( အဲဒါက ကျမ အရင်က မှာနေကျ စကားတွေ)....။အရမ်းကို အပြစ်များတယ်လို့ သိရတဲ့ အချိန်မှာ ကျမ ကိုယ်တိုင်လည်း ဆင်ခြင်ဖြစ်ပါတယ်...။
ဥပဒေကို လက်တစ်လုံးခြား လုပ်တဲ့သူတွေက မမိရင်တော့ တော်သေးတာပေါ့နော်...ဆိုတဲ့ စကားလိုပါပဲ...အသားငါး တွေကို မက်မက်မောမောနဲ့ မစားရရင် မနေနိုင် အောင်စားတက်ကြသူများကို အဘိဓမ္မာ သဘောနဲ့ သေသေချာချာ ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်တော့ အပြစ်လွတ်ဖို့က တော်တော်လေး ခဲယဉ်းကြောင်း မှတ်သားနာကြားခဲ့ရပါတယ်.....။
- သူ့အသက်ကို ကိုယ်တိုင်သတ်သူမှာ ငရဲသို့ကျမည်။
- သတ်ခြင်းကို ချီးမွမ်းသူမှာ ပြိတ္တာဘုံသို့ရောက်မည်။
- သူသတ်လို့သာ ငါစားရသည်ဟု ၀မ်းမြောက်မိသူမှာ တိရိစ္ဆာန်ဘုံသို့ရောက်မည် ။
ဟူ၍ ၀ိဘင်းအဌကထာတရားတော်၌ လည်း ဖော်ပြထားပါတယ်....။
အဓိက ကတော့ ကာယကံနဲ့ သတ်ခြင်းတွေ၊ ၀စီကံနဲ့ ချီးမွမ်းခြင်းတွေကို မပြုဖြစ်အောင် ထိမ်းသိမ်းဖို့က လွယ်ကူပေမယ့် မိမိတို့စိတ်ထဲကနေ ရုတ်တရတ် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားတာမျိုးကျတော့ ထိမ်းနိုင်ဖို့ တော်တော် ခဲယဉ်းနေပြန်ပါတယ်...။
လက်ဖျစ်တစ်တွတ်အတွင်းမှာ စိတ်အကြိမ်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်နိုင်တယ်လို့ ဆိုထားတဲ့ အတွက် ကျမ တို့ စိတ်တွေကို သတိတရားနဲ့ အမြဲထိန်းနိုင်ဖို့က လွယ်တော့မလွယ်ပါဘူး။သိထားတယ်ဆိုရင်တော့ တက်နိုင်သလောက် အပြစ်လွတ်အောင် ရှောင်လို့ရနိုင်ပါတယ်....။
နောက်တစ်ခုကတော့ အသားငါးမစားခြင်းနှင့် ပတ်သတ်ပြီး တိုက်ရိုက်မဟုတ်ပဲ သက်ရှိသတ္တ၀ါတို့ကို မသတ်ဖြတ်ကြဖို့ ၊ အသားငါးတွေ တက်နိုင်သလောက် ရှောင်ရှားကြဖို့ကို သွယ်ဝိုက်သောနည်းအားဖြင့် ဟောကြားထားတဲ့ တရားတွေလည်း ရှိခဲ့ပါတယ်...။
ရှေးအခါက လူအပေါင်းတို့ဟာ သူ့အသက်ကိုလည်း မသတ်ဖြတ်ကြ ၊ သူတစ်ပါး အသားကိုလည်း မစားကြ ပါ... သို့သော် ဥက္ကာကရာဇ်မင်း လက်ထက်ရောက်တဲ့ အချိန်ကနေ ယနေ့ထိ သတ်ဖြတ်စားသောက်လာခဲ့ကြရာ ထိုအချိန်ကနေ အစပြုပြီး လူ့လောကကြီးကို စောင့်ရှောက်ခဲ့ကြသော သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တွေကလည်း ရှောင်လွဲစွန့်ခွာခဲ့ကြပါတယ်...။ လူတွေအပေါ်မှာ ရောဂါ ဘေးဘယာ အမျိုးမျိုး အထွေထွေ ဖိစီးနှိပ်စက်လာခဲ့ပါတော့တယ်လို့ အင်္ဂုတ္တိုရ် ပါဠိတော်၊တိကနိပါတ် အရ မေတ္တာရှင်ရွှေပြည်သာ ဆရာတော်ဘုရားလည်း ဟောကြား ဆုံးမ တော်မူခဲ့ပါတယ် ....။
လောက၌ အသားစားသူတို့ မရှိမီက မိမိ၌ မရှိသေးသော ဥစ္စာဓန ကို လိုချင်တောင့်တခြင်း ၊ စားချိန်တန် မစားရသည့်အခါ ဆာလောင်ခြင်း ၊ အိုချိန်ကျလျှင် အိုရခြင်း ဟူသော အရာတို့သာ အနာရောဂါ အဖြစ်ရှိခဲ့ကြပါတယ်....။ တိရိစ္ဆာန် တို့ရဲ့ အသားတွေကို သတ်ဖြတ်စားသောက် လာကြတဲ့ အချိန်မှာတော့ ၉၈ ပါးတည်းဟူသော အနာရောဂါ ဆန်းများလည်း ပေါ်ပေါက်လာခဲ့ကြပါတော့တယ် ဆိုပြီး သုတ္တနိပါတ်ပါဠိတော်၊ဗြဟ္မကာဝဂ် ဓမ္မိက သုတ်ကိုအခြေခံပြီးတော့လည်း ဆရာတော်ဘုရားမှ ဟောကြား ဆုံးမတော်မူခဲ့ပါတယ်...။

( ကမ္ဘာလောကကြီးတွင် အခြေအမြစ်လုံးဝ ကင်းသော ယုံကြည်စွဲလမ်းမှုတစ်ခုရှိ၏။ ၎င်းသည်ကား လူတို့သည် တိရိစ္ဆာန်ဖြင့် ယဇ်ပူဇော်ရန် လိုအပ်သည် ဟူသော အချက်ဖြစ်ပါသည်...။ထို့ထက် သာလွန်ထူးကဲ ညှင်းပန်းနှိပ်စက်မှု ၊ အညှာအတာကင်းမဲ့မှုတို့ကို ဖြစ်ပွားစေသော အချက်သည်ကား လူတို့သည် တိရိစ္ဆာန် အသားကို စားရန် လိုအပ်သည် ဟူသော အချက်ပင်ဖြစ်တော့သည်....။
သတိပဌါန်ဆရာကြီး - ဂျေကရစ်ရှနာမူတီ)

ကျေးဇူးတော်ရှင် မေတ္တာရှင်ရွှေပြည်သာ ဆရာတော်ဘုရားနှင့် ပညာရှိသူတော်ကောင်း တို့ ဟောကြားသမျှတရား ရေးသားသမျှစာပေ...တို့ကို ဦးထိပ်ပန်ဆင်၍ အတ္တုက္ကံသန = မိမိကိုယ်ကိုသာချီးမြှောက်ခြင်း ၊ ပရ၀မ္ဘန = သူတစ်ပါးကို ပြစ်တင်ရှုံ့ချခြင်းတည်းဟူသော အစွန်းနှစ်ပါးကို ရှောင်ကြဉ် ရေးသား ၍ သူငယ်ချင်းတို့ အားလုံးအတွက် ပြန်လည်မျှဝေပါသည်...။လူတို့၏ စိတ်အုပ်ထိန်းမှုကို အနှောက်အယှက်ပေးတက်သော တိရိစ္ဆာန်တို့၏ အသားများကို တက်နိုင်သလောက်ရှောင်ကြင်နိုင်ခြင်းဖြင့် မိမိစိတ်သဏ္ဌာန်မှ လောဘ ၊ ဒေါသ ၊ ရာဂ အစရှိသည့် မလိုလားဖွယ်သော တရားများမှ အမြန်ဆုံးကင်းဝေး
နိုင်ဖို့ ဒို့တစ်တွေ အတူတူ ကြိုးစားကြပါစို့နော်....။ ဒီပို့စ်လေးနဲ့ ပတ်သတ်ပြီး
အမှားအယွင်း မကင်းခဲ့သော် (သို့မဟုတ်) အားနည်းချက်တစ်စုံတစ်ရာပါခဲ့သော် ကျမ နှင်းဟေမာ ၏
တာဝန်နှင့် အပြစ်သာဖြစ်ပါသည်...။မေတ္တာဖြင့် ခွင့်လွှတ်နားလည် နိုင်ကြပါစေဟု ဆန္ဒပြုရင်း ....။
အားလုံးကို ချစ်ခင်လေးစားတဲ့

နှင်းဟေမာ
05 September 2009
2:16 AM

14 comments:

yangonthar said...

ကာလေန ဓမ္မဿဝနံ
ကာလေန ဓမ္မသာကစ္ဆာ
မင်္ဂလာတရားနှစ်ပါးနဲ့ ပြည့်စုံသော
အမြတ်ဆုံးဖြစ်သော အလှူကို လှူဒါန်း နေ
သော ဘလော့လေးဖြစ်ပါတယ် အင်မတန် သာဓု ခေါ်ပါတယ် မနှင်းရေ
အေးမြသာယာပါစေ
ရန်ကုန်သား

ဝက်ဝံလေး said...

နှင်းရေ ဖတ်သွားတယ် ဟိုဟာတွေက ဝက်တွေပုံထားတာလား အမငီးးး အသည်းယားစရာကြီး နော် ဟိဟိ နာ့အမျိုးတွေကို နှိပ်စက်တော့မှာလား ဟားဟားးးးးးးးးးးးးးးးး

အိ သူများက အကောင်းရေးထားတာကို လာဟားချင်ဦး အင်းဟယ် ဝက်စုတ် ရိုက်လိုက်ပြီသိလား နှင်းးးး

တာ့တာ ဘိုင်

ကိုအောင် said...

ညီမရေ ပို့စ်အသစ်ကိုလာဖတ်ပါတယ်၊ အကိုလည်း
တတ်အားသမျှ အကုန်စားတော့မယ်၊ အဲ့ ရှောင်ရှား
တော့မယ်လို့ စိတ်ကူးမိပါတယ်။းP

ဝက်ဝံလေး said...

eek နာ ၁ မရဘူး ရန်ကုန်သား ဦးသွားတယ် ကျေနပ်ဘူး ဟွန်းးးးး

ပြန်ပြီ ဒုန်းးးးးးဒုန်းးးးးးးးးးးးးး

ဝက်ဝံလေး said...

aww နာ ၃ မှတ်ပါတယ် ဦးသွားပြန်ပြီ ၃ လဲ ဟွန်းးးး လေတယ် ဂယ်ပဲ ဂယ်ပဲ

မယ့်ကိုး said...

ညီမလေးရေ... စာကလေးတကယ်ကောင်းတယ်... သိသာသိလိုက်မလုပ်နိုင်တဲ့ အထဲမှာ အစ်မလည်းပါတယ်။

လောဘမကပ်ဘဲ သတိနဲ့စားရင် ဘာစားစားဖြစ်တယ် ပြောပေမယ့် တစ်ခါတစ်လေတော့ ကိုယ်စားနေတာတွေ တွေးမိရင် စိတ်မကောင်းဘူး။

ကိုမျိုး (အညာမြေ) said...

နှင်း ရေ..

အရမ်းကို တန်ဖိုးရှိတဲ့ ပို့စ် လေးပါပဲ။ ပါဏာတိပါတ ကံ ထိုက်တဲ့ အချက်တွေကိုလဲ ရှင်းရှင်းလင်းလင်း သိခဲ့ရတယ်..
တတ်နိုင်သမျှလေး သတိကပ်ပြီး ရှောင်ရှားနိုင်ရင် အကောင်းဆုံးပေါ့ နှင်းရယ်..

လေးစားစွာဖြင့်
ကိုမျိုး






ဂျေကရစ်ရှနာမူတီ ရဲ့စကားမှာ အခြအမြစ် ဖြစ်နေပါသည်။....

ပန်းရင့်ရောင် said...

အီးးးးးးးးးးးးနှင်းရေ
ရက်ရက်စက်စက် ဒီပို့စ်တင်ရလား။
ကျွန်မက ဟင်းသီးဟင်းရွက်မစားဘူးလေ။
အသားပါမစားတော့ရင် ကျွန်မဘာစားရမှာတုန်း။
ဟဲဟဲ စတာပါနှင်းရဲ့။ကျွန်မလည်း အတတ်နိုင် ဆုံးအသားမစားပါဘူး။
ရှမ်းခေါက်ဆွဲစားရင်တောင် အသားမထည့်တဲ့ သတ်သတ်လွတ်စားတာ ဟဲဟဲ။
နှင်းစာလေးကို လာအားပေးသွားတယ်။
ရေးပုံလေးက တော်တော်ကောင်းပါတယ်။
နှင်းရဲ့ ပန်း
ပန်းရင့်ရောင်

maylay said...

နှင်းရေ လာဖတ်သွားတယ်။ သာဓုလည်းခေါ်သွားတယ်နော်။ နှင်းကလေး ကျန်းမာပျော်ရွှင်ပါစေ။ ဟုတ်တယ် တို့လည်း တော်တော် ရှောင်ဖြစ်တယ်။ ခုဆို အသီးအရွက်မပါဘဲ ထမင်းမစားတတ်တော့ဘူး။ ကောင်းလိုက်တဲ့ပိုစ့်လေးနော်။ ကျေးဇူးလည်းတင်သွားပါတယ်။ ခင်တဲ့ မေလေးလွင်

ကြည်ဖြူပိုင် said...

ညီမရေ....
ဒီနေ့အသိ စလုံးအန်တီကအတင်းထမင်းခေါ်ကျွေးလို့သွားဖြစ်တယ်
အမှန်တော့နေမကောင်းလို့မသွားချင်ပေမယ့်အားနာစိတ်နဲ့သွားဖြစ်တယ်။သူခေါ်ရင် သက်သက်လွတ်မှန်းသိနေပြီးသားလေ..၄ ခါထက်မနည်းစားဖူးတော့အထာနပ်နေပြီ။ ဒါပေမယ့်ငါ့ဖာသာငါဆိုတစ်ခါမှ
မစားဖြစ်တဲ့လူမိုက်..
တခါတလေ တော့စားဦးမှဆိုတဲ့
စိတ်နဲ့စားဖြစ်လိုက်တယ်
ပြီးတော့သူ့ကိုလည်းချီးကျူးမိတယ်။ နှစ်ပေါင်းများစွာချီပြီးစားနိုင်လိုက်တာ..တော်လိုက်တာလို့လဲတွေးမိတယ်
တကယ်တော့စားနိုင်ရင်တော့အကောင်းဆုံးပဲနော်
ခုတော့မစားနိုင်တော့ နာ့မှာ..နာ့မှာ......လူဇိုးကြီးပေါ့ဟယ်:P

ဆောင်းယွန်းလ said...

မွန်မြတ်လှတဲ့စိတ်ထားတွေရှိရာကို ပို့ဆောင်ပေးနိုင်တဲ့
တန်ဘိုးကြီးလှတဲ့ပို့စ်တခုပါပဲ ညီမလေးရေ...
ကျေးဇူးတင်ပါတယ်ညီမလေး

ခင်မင်လျှက်

ဂျေဂျူဝိုင် said...

ကျွန်တော်လည်း ပြောချင်တယ်။ တော်တော်များများက ၀ါရိတ္တသီလဆောက်တည်ပြီးတာနဲ့ သီလလုံခြုံပြီလို့ ထင်နေကြတယ်။ တကယ်တော့ သူ့အသက်သတ်ရုံမကဘူး။ သူ့အသက်ရှည်အောင်လည်း ပြုလုပ်ကူညီသင့်တယ်။ အဲဒါမှ သီလက ပြည့်စုံတယ်။ အတော်လေး ကောင်းတဲ့ပိုစ့်ပါ

အိမ့်ချမ်းမြေ့ said...

ညီမလေးရေ..
ဒီပိုစ်လေးကောင်းတယ်၊ မလေးတို့လူသားတွေရဲ့ အူအရှည်အလျား၊ လက်တွေခြေထောက်တွေရဲ့ ပုံသဏာန်ကအစ အသီးအနှံစားတဲ့ သတ္တ၀ါတွေအဖြစ် programmed/created လုပ်ထားပေမယ့် ...
လူသားတွေက ကျားတွေ၊ ခြင်္သေ့တွေလိုမျိုးပဲ အသားတွေ ဆက်စားနေကြဦးမယ်နဲ့ တူပါတယ်ကွယ်...

မန်းလေရူး said...

ကောင်းလိုက်တာ ..... မှတ်သားသွားပါတယ် ။