Wednesday, September 16, 2009

အမုန်းများငြိမ်းစေသတည်း ....

ပန်းရင့်ရောင် ဆီမှာ ကျမ အကြွေးတင်နေတဲ့ တဂ်လေးအတွက် ဒီပို့စ်လေးကို မရေးချင်ပဲ ရေးဖြစ်ပါတယ် ....။
ပန်းကလည်း ဘယ်လောက်ချော့ပြောပြော မရဘူး တွေ့တိုင်း အကြွေးတောင်းနေတာနဲ့ အကြွေးပူတာရော နားပူတာရောကြောင့် မဖြစ်မနေ တင်လိုက်ရပါတယ် ...းp
ဘေးက လူတွေပါ အကုန်ပါကုန်မှာစိုးလို့ ဒီပို့စ်ကို မရေးချင်တာ ...အဟီး
ရေးပြီးတော့လည်း ဆင်ဆာလေးတွေ ဖြတ်ရသေးတော့ နည်းနည်းနောက်ကျသွားပါတယ် ....
ဆောရီးပါ ပန်း ရေ.....။
ကျမ ကို လူတွေမုန်းကြတဲ့ အကြောင်းရင်းကို ပြောမယ်ဆိုရင် ကျောင်းစတက်ခဲ့တဲ့ ဘ၀လေးတွေကနေ ပြန်စ ပြောဖို့ အရင်ဆုံး သတိရလိုက်တယ် .....။
Mechanical မေဂျာကို ရောက်လာတော့ စွာတယ်ဆိုတာထက် ဆိုးတယ် ပေတယ် လို့ပြောရင်ပိုမှန်မလားပဲ ... ကျောင်းမှာ ဘုံကထိန်ရှိပြီဆိုရင် မိသားစု ဆရာမရဲ့ တာဝန်ပေးမှုအရ နှင်းက အားလုံးဆီကနေ ပိုက်ဆံ လိုက်ကောက်ခံရပါတယ် ...။
မိန်းကလေး ၅ ယောက်လောက်ဆီက ပိုက်ဆံအလွယ်တကူ ရပေမယ့် ယောင်္ကျားလေး တွေက တော်တော်နဲ့ကို မပေးကြဘူး....။
အဆိုးဆုံးကတော့ အဲဒီထဲက ကျမ ဘယ်လိုမှ မနိုင်တဲ့ သူတွေက ဗူးသီး ၊ ဗွတ်ခါး ၊ ကိုကိုကြီး ၊ မှန်ကြီး ၊ ကြက်ဂတုံး၊ဖိုးနေမျိုး နဲ့ ငဇင်ရိုင်း ဆိုတဲ့ ကျမ သူငယ်ချင်း တွေပဲဖြစ်ပါတယ်းp
ကထိန်ကလည်းနီးနေပြီ အကြီးတန်းကလူတွေ ဈေးဝယ်ကြတော့မှာဆိုတော့ မိသားစု ဆရာမ ကလည်း မေးနေပြီ လေ ... ဒါလေးတောင် မလုပ်နိုင်ဘူးလို့ ပြောခံရမှာလည်းကြောက် သူများမေဂျာတွေနဲ့ အပြိုင်အဆိုင်ကြဲပြီး လှူဒါန်းကြတဲ့အခါ ကိုယ့်မေဂျာ က ပဒေသာပင်မလှရင် ဆိုတဲ့ စိတ်က ပိုများနေပါတယ် ...။
ပြီးခဲ့တဲ့ နှစ်ကလည်း သူများတွေထက် ပဒေသာပင်လှအောင် ဂျစ်ကားပုံစံကြီးသီးလိုက်တာ ငွေအင်အားနည်းနေလို့ ဂျစ်ကားပဒေသဘင်ကြီးခမျာမှာ ၅ ကျပ်တန်တွေနဲ့မျက်နှာငယ်ခဲ့ရပြီးပြီ ...။
(ကျောင်းမှာတုန်းက နှင်းက မေဂျာစွဲကလည်းအရမ်းကြီးပါတယ် )
အဲဒါနဲ့ပဲ ကျမ မစွာလို့ မရတော့လို့ စိတ်ရှိတိုင်း စွာလိုက်တဲ့ အခါမှာတော့ ထမင်းဆိုင်ပိုင်ရှင် မခိုင်ဆီက ပိုက်ဆံတွေ ချီးပြီးလာပေးပါတော့တယ် ....။
ကျမ ကတော့ သူတို့တွေရဲ့မေတ္တာပို့သခြင်းနဲ့ အမုန်းလေးတွေကို ခံယူလိုက်ရတာပေါ့လေ ... ( တက်နိုင်ဘူးလေ ) အဲဒီထဲက အုန်းရွှေ တို့ အောင်ကျော်ဝင်းတို့ က ကျမသူငယ်ချင်းတွေရဲ့ Calculator ကိုငှါး ၊ ငဇင်ရိုင်း တို့ ဖိုးနေမျိုး ဆိုတဲ့ ကျမ သူငယ်ချင်း တွေကတော့ ကျမ Calculator ကို ခဏငှါးပြီး အပေါင်ဆိုင်ကို ဒိုးကြပါတော့တယ်.....။
ကထိန်ပြီး လို့ တစ်ပတ်နေလည်း ရွေးမပေး ၊ နှစ်ပတ်နေလည်း ရွေးမပေးကြတဲ့ အခါမှာတော့ ထုံးစံအတိုင်း ကျမ အားရပါးရ စွာလိုက်ရပြန်တဲ့အခါ လူရှေ့မရှောင် သူရှေ့ မရှောင် စွာလိုက်မိလို့ သူတို့ ရဲ့သက်ဆိုင်သူတွေ မုန်းခြင်းကို ခံလိုက်ရပြန်ပါတော့တယ် ..... အဟီးးp
နောက်တစ်ခုကတော့ ကျမ မျက်နှာထားက လိုအပ်တာထက် ပိုပြီးတင်းမာ တယ် လို့ တွေ့တဲ့ လူတိုင်းကပြောကြတာပါပဲ ....။
စိတ်မဆိုးပဲနဲ့ ကို ကျမ မျက်နှာကြောက တင်းနေတော့ သူများတွေက မာနကလည်း ကြီးလိုက်တာလို့ ထင်ကြပါတယ်... သူတို့ဆိုလိုတာကတော့ တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတဲ့ အချိုး နဲ့ ဘာမှမဟုတ်ပဲ အခြောက်တိုက်ဘ၀င်မြင့်နေတယ် ပေါ့လေ။

တစ်ကယ်တော့ ကျမ က စိတ်ရင်းကောင်းပါတယ်နော် ... အဟီး သူတို့က အတွင်းစိတ်ရင်းကို မမြင်ပဲနဲ့ အပြင်ရုပ်ကို ကြည့်ပြီးဆုံးဖြတ်ကြလို့ပါးD ( ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့ )
ဘာပဲဖြစ်ဖြစ် ကျမ အသက်လေးကြီးလာတော့ တက်နိုင်သလောက် ပြင်ကြည့်ပါသေးတယ် ...အတက်နိုင်ဆုံး အဆင်ပြေအောင်လေးနေတက် ပြောတက်ဖို့ .... ဒီနေ့ထိ မအောင်မြင်သေးဘူး ဟီး ... အမေမွေးပေးလိုက်ကတည်းက ပါးစပ်က စူပုပ်ပုပ်လေးဆိုတော့ တမင်တကာကြီးကြိုးစားနေရင်လည်း လုပ်ပြုံးကြီးဖြစ်နေရင် မကောင်းဘူးလေ....ဟုတ်ဘူးလား ... အဟဲ အဲဒါနဲ့ပဲ ကျမ နှင်းဟေမာ ဒီနေ့ထိ သူငယ်ချင်းတွေက စူပုပ်လို့ ခေါ်တာကို ခံနေရတုန်းပါ ....
အလုပ်ထဲမှာလည်း ကျမ သူဌေးက မျက်နှာကို စူပုပ်နေလို့ဆိုပြီး ခဏ ခဏ ဆဲတာခံရပါတယ် ....။
သူဌေး အဲလောက် အဆဲခံရတာတောင် အကျင့်က ခုထိ ပြင်လို့ကို မရသေးပါဘူး .... ( နည်းလမ်းလေးများရှိရင် ပေးခဲ့ကြပါဦး ခင်ဗျာ .....)
နောက်တစ်ခု ကျမရဲ့ မကောင်းတဲ့ အကျင့်က လူတစ်ယောက်ကို ရင်ထဲမှာ ကြိုက်တာပဲဖြစ်ဖြစ် မကြိုက်တာပဲ ဖြစ်ဖြစ် ဟန်မဆောင်တက်တော့ ကျမ မျက်နှာကို ကြည့်လိုက်တာနဲ့တင် သူများက ခံစားလို့ရနေပြန်ပါတယ် ။
တစ်ခုခု မကျေနပ်ရင်လည်း ရင်ထဲမှာမြိုသိပ်မထားတက်တဲ့ အကျင့်လေးကြောင့် ပါးစပ်က လွှတ်ကနဲ ပြောလိုက်မိတဲ့အခါ သူများ အမြင်ကတ်စရာ ဖြစ်နေပြန်ရော .....။
လူတစ်ယောက်အပေါ်မှာ အမြင်မကြည်လင်တော့လင် စကားကို ဟန်ဆောင်ပန်ဆောင် ပြန်မပြောချင်တာ ၊ ပြုံးပြဖို့ဆိုတာဝေလာဝေး ...အဲဒီ့မကောင်တဲ့ အကျင့်ဆိုးလေးကြောင့် နံမည်ကြား မသနားတဲ့အပြင် လူမမြင်ခင်ကတည်းက ရိုက်ချင်စိတ်ပေါက်ကြတာ အဲဒါလည်း ကျမ နှင်းဟေမာပါပဲရှင် ...။
ကျမ မေမေ ကလည်း ပြောပါတယ် သမီးနှင်းရယ် ... ကလေးလည်းမဟုတ်တော့ဘူး နည်းနည်းလောက်ဆင်ခြင်ပါ.... စကားဆိုတာ ချိုချိုသာသာ ပြောလည်း ဒီစကား ၊ ဘုဘောက်ပြောလည်း ဒီစကားပဲ ... သူများ နားဝင်ချိုအောင် လေးပြောတော့ လူချစ်လူခင် ပိုများတာပေါ့တဲ့ ....။
ကျမ တစ်ဖြေးဖြေးတော့ သတိထားပြီး ပြုပြင်နေပါတယ် ....။
သို့ပေမယ့်လည်း မွေးရာပါ ဗီဇလေးဖြစ်နေတော့ အပြောမတက် ဆဲသလို ဆိုတဲ့ စကားအတိုင်း ကျမ တစ်ခါ တစ်လေ အပြောမတက်တိုင်း လူတွေနဲ့ အဆင်မပြေ ဖြစ်တက်ပါတယ် ....။
အဲဒီအခါ မှာလည်း ထုံးစံအတိုင်း အမုန်းခံရပြန်တာပါပဲလေ .....း(
နောက်တစ်ခုက ကျမက အိမ်မှာ တစ်ယောက်ထဲရှိတဲ့ အတွက် တစ်မိသားစုလုံးက အလိုလိုက်ထားပါတယ်...။
အရင်ဘ၀တုန်းက အကြွင်းအကျန် ကုသိုလ်ကံအရှိန်လေးက ကျန်နေသေးပြန်တော့ ကျောင်းကိုရောက်တော့လည်း အဆောင်မှာ စိတ်တူ ကိုယ်တူ ၀ါသနာတူ အစ်မတွေနဲ့ တူတူနေခွင့်ရခဲ့ပါတယ် ....။
တစ်ခန်းလေးယောက်နေကြရတာ ကျန်တဲ့ အစ်မ သုံးယောက်က ကျောင်းမှာ အရမ်းစာတော်တဲ့ သူတွေဖြစ်ပါတယ်...သူတို့တွေ ကနှစ်စဉ် Roll No က အမြဲထိပ်ဆုံးမှာယူနိုင်ကြတော့ သူ့တို့ခြေလှမ်းကို မှီအောင်မလိုက်နိုင်ပဲ အမြဲဒရွတ်တိုက်နေတက်တဲ့ ကျမ ကို အားမလိုအားမရ ဖြစ်ကြပါတော့တယ်...။
အောင်စာရင်းထွက်တိုင်း အဆူခံခဲ့ရတာက လွဲရင် ၊ ကျောင်းဆင်းလို့ သူငယ်ချင်းတွေနဲ့ အကြော်ဆိုင်သွားမယ်လို့ ချိန်းထားတာကို စာသင်ခန်းရှေ့ကထိုင်စောင့်ပြီး အဆောင်ပြန်ခေါ်သွားတက်တာက လွဲရင်၊ မနက် မိုးမလင်းခင် အတင်းနှိုးပြီး စာကျက်ဖို့ ကုတင်ပေါ်ကနေ ဆွဲချပြီး အချိန်ဇယားကြီးအတိုင်း
စားကျက်ခိုင်းကြတာကလွဲရင် အိမ်ကိုဖုန်းဆက်ပြီးတိုင်တက်တာကလွဲရင် ကျန်တာအကုန်ကောင်းပါတယ်...းp
( သူတို့သိလို့ မဖြစ်ဘူး .... ခုချိန်ထိ ကြောက်နေရတုန်းပဲး)
အဆောင်က အစ်မတွေကို သတိရပြီး ရေးချင်ရာတွေ ရေးချလိုက်တာ ဘယ်ရောက်သွားမှန်းမသိတော့ဘူး ....။
အဆောင်မှာ အစ်မ တွေရဲ့ ချစ်ခင်မှုတွေအပြည့်အ၀ ရလာခဲ့သလို ကျောင်းမှာလည်း ဆရာ ဆရာမတွေက မိန်းကလေး နည်းနည်းပဲ ရှိတော့ ၊ ရှိတဲ့ ကျမတို့တစ်တွေကိုပဲ ဦးစားပေးချစ်ကြပြန်တယ် ....။
ဖဲရိုက်လိုက် အရက်သောက်လိုက် ဘောလုံးပွဲလောင်းလိုက် ချောချော လှလှကောင်မလေးတွေရှိတဲ့ အတန်းတွေကို သွားသွားပြီး ငန်းကြောထနေတဲ့ ၊ ခုချိန်ထိ အဲဒီ့ ရောဂါမပျောက်ကင်းကြသေးတဲ့အတွက် ဒီကို ထွက်လာဖို့အရေး ရန်ကုန်တွင်သင်တန်းတက်နေသည်ဟု အကြောင်းပြကာ ညီညွတ်စွာဖြင့် မိဘပိုက်ဆံကို ယနေ့ထိတိုင်ဖြုန်း၍ အားမရကြသေးသော ဗူးသီး ၊ ဗွတ်ခါး ၊ ကိုကိုကြီး ၊ မှန်ကြီး ၊ ကြက်ဂတုံး ၊ ကိုမောင်နိုင်၊ တို့လို သယ်ရင်း တွေတော့ သူတို့ကို မြင်တာနဲ့ ဆရာမတွေက ရိုက်ချင်နေတာ ....းp
( သူများအကြောင်းလည်း မပြောတက်ပါ ... စပ်မိစပ်ရာ ကွိစိ ... ကွစး)
ဟဲ ဟဲ ကျမ နဲ့ မခေါ်ပဲ မနေနိုင်ကြတဲ့ အဲဒီ့သူငယ်ချင်းတွေကလည်း ကျမ ကို ဘယ်လောက်ပဲ အမြင်ကတ်ကတ် အမြဲတမ်းတော့ ကူညီတက်ကြပါတယ် ....
ဘယ်လိုနေရာမျိုးလည်းဆိုရင် ...သူငယ်ချင်းတို့ရေ မနက်ဖြန် အိမ်ပြန်မလို့ ငါတို့ ကို ကားလက်မှတ်လေး သွားဝယ်ပေးဦးလို့ ဆိုရင် ၀ယ်ပေးချင်ကြတာ ပြာယာကို ခတ် လို့ .... ကျမတို့ကတော့ ပေါ်မလာ ပေါ်မလာနဲ့ ကားလက်မှတ် လာပေးနိုးနိုး စောင့်လိုက်ရတာ ... လည်ပင်းကြီးတွေကို ရှည်လို့ .... နောက်တစ်နေ့ပေါ်လာပြန်တော့ လည်း သူငယ်ချင်းတို့ရေ...ကားလက်မှတ်က ကုန်ပြီတဲ့ဟ ပြန်မနေပါနဲ့ ငါတို့နဲ့မှ တူတူပြန်ရအောင်ပါတဲ့ ....အဲဒါနဲ့ ပိုက်ဆံလည်း ပြန်တောင်းရော ... ညကဖဲရိုက်လိုက်တာ ရှုံးသွားလို့တဲ့...... ကောင်းရောလေ ....။
မျှော်လင့်ချက်တော့ ပေးပါရဲ့သူတို့ ဖဲနိုင်ရင် ၊ ဘောလုံးပွဲနိုင်ရင် တစ်ဖွဲ့လုံး တူတူ ပြန်ကြမယ်ဆိုပဲ .... ကျမတို့မှာ အိမ်ပြန်ရဖို့အရေး သူတို့တွေ ဖဲနိုင်ပါစေ ... လို့ပဲ ဆုတောင်းပေးရတော့မလို....
ဘောလုံးပွဲလောင်းတာ နိုင်ပါစေလို့တော့ ဘယ်တော့မှ ဆုမတောင်းချင် ....
(အဘယ့်ကြောင့်ဆိုသော် .... ဘောလုံးဒိုင်ဖြစ်သူမှာ ကျမတို့ Mechanical က စာအသင်ကောင်းသော ၊ အပြင်မှာ ဘယ်သောအခါမှကျူရှင်ပြမစားခဲ့သော၊ အတန်းချိန်မှာ ဘောလုံးလာလောင်းခွင့်မပေးသော အားလုံးရဲ့ ချစ်ဆရာကြီး ဖြစ်နေသောကြောင့် )
အဲလိုဟာတွေနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နှစ်ရှည်လများ နေလာပြီး .... လုပ်ငန်းခွင်ရောက်တော့ ကျမ လူပေါင်းစုံ နဲ့ တွေ့ရ ၊ ကြုံရ ၊ ဆုံရ ပါတော့တယ် ..။ ကိုယ့်ထက် ဗိုလ်ကျတက်သူတွေ ... ကိုယ့်ထက် တစ်ထွာ၊ တစ်မိုက်လောက်သာတဲ့သူတွေ ၊ တစ်မိုင်လောက်ပိုတဲ့သူ တွေ လူအမျိုးမျိုးနဲ့ ကို တွေ့ရပါတော့တယ်.....။
ငယ်ငယ်က အကျင့်တွေ မပျောက်နိုင်သေးတဲ့ ကျမ ၊ အသက်တွေကြီးလာပေမယ့် စိတ်ဓါတ် တွေရင့်ကျက်မလာသေးတဲ့
ကျမ၊ ငါ ဆိုတဲ့ ဘာမှမဟုတ်တဲ့ မာနတွေ၊အတ္တတွေ အပြီးတိုင် မစွန့်ခွာနိုင်သေးတဲ့ ကျမ နဲ့ ထိပ်တိုက်တွေ့ကြပါတော့တယ်.......အဟီး အဲဒါကမှ စိတ်တူကိုယ်တူလို့ပြောရင် ပိုမှန်မလားပဲနော် ...။
အဲ ... အဲဒီ့ စိတ်တူ ကိုယ်တူတွေ နဲ့ ဂျိတ်ဂျိတ်ခြင်း ချိတ်ကြတဲ့အခါ မှာတော့ နှင်းဟေမာ တို့လည်း သူတို့တစ်တွေပေးတဲ့ အမုန်းတွေလည်း တသီတတန်းကြီး ... ပိုင်ဆိုင်ခဲ့ရပါတယ် ....။
( အဟီး ... ပျော်စရာကြီးနော် ...) ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ နှင်း ဘ၀ရဲ့ မှတ်တမ်းတွေက ....အမှတ်တရဆိုတာတွေလည်း အရမ်းများလွန်းလို့ ပြောမယ်ဆိုရင်လည်း ဆုံးမှာမဟုတ်တော့ပါဘူး .....။
ကဲ......... ဒီလောက်ဆို နှင်း ရဲ့ အကြောင်း အားလုံး ကိုလည်း သိကုန်ကြပြီထင်ပါတယ်နော် .... ။
ကျမအကြောင်းကို ခုလို သိကုန်ကြလို့ ဘယ်သူကမှ မခင်မင်ချင်တော့ရင် တဂ်ပိုင်ရှင် ပန်းရင့်ရောင် ၏ အပြစ်နှင့် အလိုက်မသိတက်မှုကြောင့်သာ ဖြစ်ရပါကြောင်း ...းp.....။
ဖော်ပြပါ အကြောင်းအချက် များဖြင့် ကိုယ်ပေါင်ကို လှန်ထောင်းရင်း ပြန်လည်ပြီး ဖောက်သယ်ချလိုက်ရပါတယ်ရှင်.....။

ဘာပဲ ဖြစ်ဖြစ် အားလုံးနဲ့ ဝေးကွာခဲ့ပြီး ကျမ တစ်ယောက်တည်း ဖြစ်လာတဲ့အခါ... လူတွေအမျိုးမျိုးနဲ့ တွေ့၊ကြုံ ဆုံဆည်းလာပြီး တဲ့အခါ ကျမ နဲ့ ရန်ဖြစ်ခဲ့ရတဲ့ ကျောင်းတုန်းက အဖြူစင်ဆုံး သူငယ်ချင်းလေးတွေကို ပြန်လည် တမ်းတတက်လာခဲ့ပါတယ်....။အတူနေခဲ့စဉ်က ညီမရင်းတွေလို သွင်သင်ဆုံးမခဲ့ကြတဲ့ အဆောင်ကအစ်မတွေကိုလည်း အရမ်းလွမ်းမိခဲ့ပါတယ် .....။
အဲဒီအရာတွေက ကျမဘ၀မှာ နောက်တစ်ခါ ဆိုတာ ဘယ်တော့မှ ပြန်ရလာမှာမဟုတ်တော့တဲ့ အခွင့်အရေးထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ် ....။
ယခုလက်ရှိအတူနေထိုင်ခွင့်ရတဲ့ ပတ်ဝန်းကျင်က သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ အမုန်းဆိုတာကိုလည်း ကျမ မလိုချင်တော့တာ အမှန်ပါပဲ ....။
ဘ၀တစ်ကွေ့လေးမှာ တစ်ခဏတာလေး ဆုံဆည်းကြတုန်း တစ်ယောက်အပေါ် တစ်ယောက် နားလည်ခွင့်လွှတ်ကြရင် ... တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က နားလည်မှုရှိခဲ့ကြရင် အမုန်းဆိုတာတွေလည်း ဖြစ်လာမှာမဟုတ်ပါဘူး......။
အဲဒီ့အတွက် ကျမတို့အားလုံးရဲ့ ရင်ထဲ နှလုံးသားထဲမှာ မေတ္တာတရားလေးတော့ အမြဲမပြတ် နှလုံးသွင်းဖို့ လိုအပ်လာပါတယ် ...။
စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အငြိုး အမျက် အမုန်း အာဃာတ ဒေါသ အစရှိတဲ့ အရာခပ်သိမ်းမှန်သမျှ မေတ္တာတရားသည်သာ အမှန်သို့ ပိုဆောင်ပေးနိုင်ပါတယ် ....။
မေတ္တာတရားထားခြင်းရဲ့ အကျိုးကျေးဇူးကြောင့် -
ချမ်းသာစွာ အိပ်စက်ရခြင်း ၊ ချမ်းသာစွာနိုးရခြင်း ၊ အိပ်မက်ဆိုးများမှကင်းဝေးခြင်း ၊ လူတစ်ကာချစ်ခင်လေးမြတ်ခြင်း ၊ နတ်တို့၏ ချစ်ခင်စောင့်ရှောက်ခံရခြင်း ၊ ဘေးအန္ထရာယ် လက်နက်ဘေးတို့မှ ကင်းဝေးရခြင်း ၊ စိတ်လျှင်မြန်စွာ သမာဓိ ရလွယ်ခြင်း ၊ ရုပ်အဆင်း ကြည်လင်သန့်ရှင်းခြင်း ၊ မတွေမဝေ ကောင်းမွန်စွာ သေရခြင်း ၊ အမြင့်မြတ်ဆုံးအရဟတ္တဖိုလ်ကို မရသေးလျှင် သေပြီးနောက် ဗြဟ္မာ့ဗုံသို့ လားရခြင်း - ဆိုတဲ့ ကောင်းကျိုးချမ်းသာတွေ ကိလည်ုး ချက်ခြင်း ရရှိစေနိုင်ပါတယ် .....။
မေတ္တာတရားဆိုတဲ့ အရာအားလုံးကို တိုးပွားအောင်စွမ်းဆောင်ပေးသော အမြှောက်လက္ခဏာတစ်ခုကို ကျမ တို့ ပိုင်ဆိုင်နိုင်ကြပြီဆိုရင်တော့ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ယုံကြည်နားလည်မှု နိယာမတွေကြောင့် ကျမတို့ ပတ်ဝန်းကျင် နဲ့ ကမ္ဘာလောကကြီးကလည်း သာယာလှပ လာပါလိမ့်မယ် ......။
ဒါ့ကြောင့် ကျမ နဲ့ ကျမ ရဲ့ မောင်နှမများ အားလုံး မိမိကို လူတွေဘာ့ကြောင့် မုန်းကြသလဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်ခြင်းအားဖြင့် မိမိတို့ ပြုပြင်စောင့်ထိန်းအပ်သည်များကို မှန်ကန်စွာဆုံးဖြတ်နိုင်ကြပါစေ...
အမြန်ဆုံးလည်း ပြုပြင်ပြောင်းလည်း နိုင်ကြပါစေ .... ပြောင်းလဲလိုက်တဲ့အတွက် အမုန်းများလည်း ငြိမ်းသတ်သွားကြပါစေ.......လို့ အားလုံးအတွက် ဆန္ဒပြုလိုက်ရင်း .......ဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ် ....။



( ကျမ လူတွေနဲ့ အဆင်မပြေတိုင်း ၊ လူတစ်ချို့နဲ့ သဘောထားကွဲလွဲတိုင်း ၊ ကျမ ဖြစ်ချင်တာတွေ နဲ့ ဖြစ်လာတာတွေ လွဲချော်သွားတိုင်း မိမိကိုယ်မိမိ ခုလို ပြန်လည်သုံးသပ်ကြည့်မိပါတယ် .... ကျမ ရဲ့ ကိုယ်ပိုင်ကဗျာထဲမှာ တင်ခဲ့ဘူးတဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ပါပဲ ....အားလုံးပဲ မျှဝေခံစားပေးကြပါဦးနော် ....)

အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...

နှင်းဟေမာ
( 17 Sep 2009 )

9 comments:

Unknown said...

နှင်းရေ
တဂ်လေးရေးပေးတာ
ကျေးဇူးနော်။
စာလေးရေးထားတာ အရမ်းကောင်းတယ်နှင်း။
နှင်းနဲ့ ကျွန်မက တောတော်တူတယ်။
မမန့်ဘူးပြောမှာဆိုးလို့
ရေးသွားတယ်။
နှင်းရဲ့ပန်း

phoechan said...

စာလေးက အရမ်းဖတ်လို့ကောင်းတယ်။ စာဖတ်ပျင်းတဲ့ ကျွန်တော်တောင် အဆုံးထိ ဖတ်ဖြစ်လိုက်တယ်။ ကျောင်းတက်တုန်းက သူငယ်ချင်းကောင်းတွေနဲ့ဆိုတော့ တော်တော်ပျော်ခဲ့မှာပဲနော်။

မယ့်ကိုး said...

ညီမလေးရေးထားပုံလေးက ဖတ်လို့လည်းကောင်း ချစ်ဖို့လည်းကောင်း...အဆုံးသတ်လေးလည်း ကောင်းတယ်။
ညီမလေးရေ...အစ်မလည်း စူပုပ်ပဲ ...အခုထက်ထိ...=)

ဆောင်းယွန်းလ said...

အမုန်းများငြိမ်းစေသတည်း...ဆိုတဲ့ပို့စ်ခေါင်းစဉ်ကလေးကစပြီး ကောင်းနေတော့တာပါပဲ..
ပို့စ်ထဲမှာ ကျောင်းရဲ့အငွေ့အသက်တွေလွှမ်းနေတာတွေ့ရသလို
သူငယ်ချင်းဆိုတဲ့ငယ်ဘဝရဲ့အနှစ်သာရတွေကိုလည်း
ဖတ်လိုက်ရလို့ ငယ်ဘဝကိုတောင်လွမ်းသွားမိတယ်ညီမလေးရေ..
ကိုယ့်ရဲ့စိတ်ရင်းကိုကိုယ်မကွယ်မဝှက်ပဲ အမှန်အတိုင်းချရေးတဲ့ညီမလေးကိုလည်း လေးစားမိပါတယ်....မွေးနေ့ကဗျာရေးပေးဖို့လည်းအချက်အလက်တွေရသွားတာပေါ့...

maylay said...

နှင်းရေးတာ မေလေးတော့ ကြိုက်တာပဲ။ ရေးပြီးတဲ့ ပိုစ့်တိုင်းကို အဲလို စကားလက်ဆောင်လေးတွေ စာလက်ဆောင်လေးတွေ ဖတ်ရတယ်။ ကြိုက်တယ်။ ကျေးဇူးလည်းတင်တယ်။ နှင်း ကျန်းမာပျော်ရွှင်ပါစေ

ကြည်ဖြူပိုင် said...

နှင်းရေ...ဟန်မဆောင်ပဲ စကားကိုချိုသာအောင်မပြောဘဲ
စိတ်ထဲရှိသလိုပြောဆိုဆက်ဆံတတ်တယ်ဆိုတော့
တူလှချည်လား

promise said...

စာဖတ်ပြီးလာ မန့်တာ စူပုတ်တဲ့သူတွေကြည့်စုနေပါလား အဟိ အဲ့ဒီတော့ နာလဲ အပါအ၀င်ဖြစ်အောင်လာခဲ့ရတာပေါ့ ဟဲဟဲ

Yu Ya said...

မနှင်းရေ.. ခေါင်းစဉ်လေးယူထားတာ သဘောကျတယ်ဗျာ..

“ အမုန်းများ ငြိမ်းစေသတည်း ”

ဆန္ဒပြုချက်များကိုလည်း အထူးကျေးဇူးတင်မိပါတယ်ခင်ဗျာ။

yu ya

Anonymous said...

အမုန်းများ ငြိမ်းမငြိမ်းတော့ မသိဘူး ဖတ်ရင်းတောင် လန့်လာတယ်။ စူပါစတားပဲကိုး... အဟေဟေ