Wednesday, October 13, 2010

ကြယ်ပွင့်ကလေးများမချစ်ဝံ့ပြီ ...


ကျမဘ၀မှာ မှတ်မှတ်ရရဆိုသလို... အမြဲညည်းဆိုနေကျ တေးသီချင်းလေးတစ်ပုဒ်ကို ပြန်ရှာရင်း  ဘလော့လေးမှာ တေးသီချင်းလက်ဆောင်တစ်ပုဒ်အဖြစ် ပြန်လည်ဝေမျှလိုက်ပါတယ် ...။
ဒီသီချင်းလေးက ကျမ အနှစ်သက်ဆုံးဖြစ်သော တေးသံရှင်ဟေမာနေ၀င်း ရဲ့ တေးသီချင်းတွေထဲက ကျမ သိပ်ကို နှစ်သက်ခဲ့သော သီချင်းလေးတစ်ပုဒ်လဲဖြစ်ပါတယ် ... ။
ကျမ တို့ရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ အခါအခွင့်သင့်တိုင်း ဂီတအနုပညာကို ထိတွေ့ခံစားလေ့ရှိကြသလို ...  ဘယ်လူမျိုး ဘယ်ဘာသာတရားက လူတွေကို ကြည့်ကြည့် ၀မ်းနည်းမှု ၊ ၀မ်းသာမှု ၊ သာယာကြည်နူးမှု အစရှိတဲ့ ခံစားမှုတွေကို မိမိတို့ရဲ့ ဘာသာဂီတအနုပညာရပ်တွေနဲ့အတူ ရေးဖွဲ့ သီကျူး ခံစားလေ့ရှိကြပါတယ်...။

အလွန်တစ်ရာမှ ကျယ်ဝန်းပြီး အဆုံးအစမရှိသော မိုးကောင်းကင်ကြီးနဲ့တူတဲ့ ဂီတအနုပညာကို လူသားတိုင်း နှစ်သက်မြတ်နိုးတတ်ကြသလို ဒီသီချင်းလေးကိုလည်း နှစ်သက်ကြမယ်လို့ ကျမ ယုံကြည်မိပါတယ်...။












အားလုံးကို ချစ်ခင်လေးစားလျှက် ...
နှင်းဟေမာ
(13 Oct 2010 , 12:33 AM )

10 comments:

ကိုအောင် said...

သီချင်းက ကောင်းတယ်နော် အညာအလိုက်လေး ...း)

သူကြီးမင်း (တုံးဖလား) said...

ငြိမ့်ငြိမ့်အေးအေးလေးနဲ့ နားထောင်လို့ကောင်းတယ်။ ကျနော်လဲ ခံစားလို့ရပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သဒ္ဓါလှိုင်း said...

ဟေမာနေ၀င်းသီချင်းကြိုက်တာချင်းတူနေပါပြီ
ညီမလေးနှင်းရေ..။ သီချင်းလေးကအေးအေး
ငြိမ့်ငြိမ့်လေးမို့ နားထောင်ရတာကောင်းတယ်နော်.။
နောက်လည်းအဲလိုလေးတွေတင်ပေးနော်..။

ခင်မင်စွာ
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ သီချင်းလေးကောင်းလို့ လာနားထောင်တာပါ
ဒီလိုသီချင်းလေးတွေ နားမထောင်ရတာတောင် ကြာနေပြီ။
သီချင်းလေးက အေးအေးလေးမို့ ကြိုက်နှစ်သက်မိပါတယ်..
ကျေးဇူး

မြစ်ကျိုးအင်း said...

နားထောင်သွားတယ် ညီမလေး။ သီချင်းရဲ့ ပုံစံလေးနဲ့ ညီမလေးရဲ့ အေးအေးနေတတ်ပုံက လိုက်ဖက်ပါ့။

လသာည said...

ညလေး နှင်း..

ကိုယ်တိုင် လာရောက်အားပေးသွားလို့ အစ်မ နေကောင်းသွားပါပြီး)

သီချင်းလေးကို ဟိုနေ့ကတဲက လာနားထောင်သွားပြီးပြီ။ အဲ့တုန်းက ခြေရာ မချန်နိုင်ခဲ့လို့ ခွင့်လွှတ်နော်။

နှင်းလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ...

မမ

ဇွန်မ said...

အမရေ သီချင်းနားထောင်သွားတယ် ဒါပထမဆုံးအကြိမ်နားထောင်ဘူးတာ။

ဆန်းဝင်း said...

ကျောက်ပန်းတောင်းဆိုဒ် အတွက် ပုပ္ပါးအကြောင်း ရှာရင်ေ၇ာက်ပါတယ်ခင်ဗျာ. တွေ့ရတာ တကယ်ဝမ်းသာပါတယ်.. စာတွေလဲ ဖတ်လို့ကောင်းပါတယ်.. အေးဆေးမှ လာဖတ်ဦးမယ်. တောင်းဆိုစရာ တခုရှိတယ်.. sanwin26new@gmail.com ကို အပ်ပေးပါနော်.

ခင်မင်လျှက်
ဆန်းဝင်း (ကျောက်ပန်းတောင်း)

သုခုမလေဒီ said...

ကွန်နက်ရလို့သီချင်းလေးနားထောင်သွားရတယ်း))
အဆင်ပြေပျော်ရွှင်ပါစေ ညီမရေ..
မရောက်တာကြာလို့ ဆောရီးပါနော်။ ကွန်နက်ကသိပ်မကောင်းတတ်လို့ပါ..

မေသစ္စာမောင် said...

ညီမရေ အလည်လာ သီချင်းလေးနားထောင် စာတွေလာဖတ်သွားပါတယ်။

ဝတ္ထုတိုလေးတွေလည်း ဖတ်လို့ကောင်းတယ်။