" အဲဒီ့ မျက်ဝန်းတွေနဲ့
ငါ့ရင်ထဲကို ခဏ ခဏ
ထွင်းဖောက်ပြီး မကြည့်ပါနဲ့လား
“..... ရယ် ... "
အဲဒီ့ အပြုံးတွေနဲ့
ငါ့နှလုံးသားကို အထပ်ထပ်
ကျရှုံးအောင် မချည်နှောင်ပါနဲ့လား
" .... ရယ်...."
တစ်ကယ်တော့ ငါက
အတိုင်းမသိတဲ့ တမ်းတမှုတွေနဲ့
တိတ်တဆိတ် ကမ်းပြိုခဲ့သူပါ.....။
ဆန္ဒတွေ နင့်နင့်သည်းသည်း ပွင့်ဝေခဲ့သမျှ
ဆန္ဒတွေ နင့်နင့်သည်းသည်း ပွင့်ဝေခဲ့သမျှ
ဒီဘ၀မှာတော့ ချစ်ခွင့်မရခဲ့ဘူး .... ။
ကြယ်တစ်စင်းလို
မင်းရင်ခွင်ထဲ ကြွေကျချင်တဲ့စိတ်နဲ့
မင်းမသိအောင်လေး
တိတ်တဆိတ် ခိုးကြည့်မိတော့
လ တစ်စင်းရဲ့ ရယ်သံလေးက
ခပ်လွင့်လွင့်ကျလာခဲ့တယ် .....။
တစ်ကယ်တော့ အချစ်ဆိုတာ
တောင့်တဖို့ လွယ်ကူသလောက်
ပိုင်ဆိုင်ဖို့ ခဲယဉ်းလွန်းလှပါတယ်
"....." ရယ်......။
ဒီကဗျာဟာ ... မင်းစိတ်နဲ့ ငါ့ကိုယ်
တိတ်ဆိတ်ကြေကွဲစွာ
ရေးဖွဲ့ဖြစ်တဲ့ ကဗျာလေးပါ .......။
( ရင်ထဲက တမ်းတခြင်းများစွာ.... အလွမ်းများစွာနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရနိုင်တော့တဲ့ သူ တစ်ယောက် အတွက် တိတ်ဆိတ်ကြေကွဲစွာ ရေးဖွဲ့ဖြစ်ခဲ့တဲ့ ကဗျာလေးပါ ...။ သေချာတာတစ်ခုကတော့ ဒီကဗျာလေးကို ... သူ ဘယ်တော့မှ လာပြီးဖတ်မှာမဟုတ်ပါဘူး ....။ ကျမနဲ့အတူ အားလုံးပဲ မျှဝေခံစားနိုင်ကြပါစေ ... )
ခင်မင်စွာဖြင့် ..............
နှင်းဟေမာ
23 Aug 2009
11: 55 PM
18 comments:
ညီမလေးကဗျာရေးကောင်းမှန်းခုမှပဲသိတော့တယ်..
ကြေကွဲဖို့ကောင်းပေမယ့် ကဗျာလေးကလှနေပါတယ်
မင်းမသိအောင်လေး
တိတ်တဆိတ် ခိုးကြည့်မိတော့
လ တစ်စင်းရဲ့ ရယ်သံလေးက
ခပ်လွင့်လွင့်ကျလာခဲ့တယ် .....။
ညီမလေးရေ...ကဗျာလေးကောင်းလိုက်တာ။ ဒီကဗျာဟာ ... မင်းစိတ်နဲ့ ငါ့ကိုယ် ရေးထားတာတဲ့လား။ နားလည်ကြေကွဲရပါတယ်။
ဆန္ဒတွေ နင့်နင့်သည်းသည်း ပွင့်ဝေခဲ့သမျှ
ဒီဘ၀မှာတော့ ချစ်ခွင့်မရခဲ့ဘူး .... ။
ကြယ်တစ်စင်းလို
မင်းရင်ခွင်ထဲ ကြွေကျချင်တဲ့စိတ်နဲ့
မင်းမသိအောင်လေး
တိတ်တဆိတ် ခိုးကြည့်မိတော့
တစ်ကယ်တော့ အချစ်ဆိုတာ
တောင့်တဖို့ လွယ်ကူသလောက်
ပိုင်ဆိုင်ဖို့ ခဲယဉ်းလွန်းလှပါတယ်
ကောင်းလိုက်တာ စာသားလေးတွေက...ညီမလေးနှင်းဟေမာရေ...
မျှဝေခံစားသွားပါတယ်.....
ချစ်သောသူနဲ့ဆုံဆည်းခွင့်မရရင်တောင်
ဆုံဆည်းသောသူကို ချစ်နိုင်ပါစေ.....
မမရေ ဘ၀မှာ ချစ်တိုင်းလည်း မညား ၊ ညားတိုင်းလည်း မချစ်နိုင်ကြတဲ့သူတွေ တစ်ပုံကြီးပါပဲနော် ။အဲဒီထဲမှာ မီးမီး မမပါနေတာတော့ ၀မ်းနည်းပါတယ်။ လိုချင်တာမရခဲ့ရင် ရလာတာကို တန်ဖိုးထားတတ်အောင် နေလိုက်ရင် မမပျော်ရွှင်သွားမှာပါ။ဟုတ်တယ်မလား ။ မမရဲ့ ကဗျာလေးကို သူ လာဖတ်ပါစေလို့ ဆုတောင်းပေးပါတယ်--နော်။
မမရေ ဘ၀မှာ ချစ်တိုင်းလည်း မညား ၊ ညားတိုင်းလည်း မချစ်နိုင်ကြတဲ့သူတွေ တစ်ပုံကြီးပါပဲနော် ။အဲဒီထဲမှာ မီးမီး မမပါနေတာတော့ ၀မ်းနည်းပါတယ်။ လိုချင်တာမရခဲ့ရင် ရလာတာကို တန်ဖိုးထားတတ်အောင် နေလိုက်ရင် မမပျော်ရွှင်သွားမှာပါ။ဟုတ်တယ်မလား ။ မမရဲ့ ကဗျာလေးကို သူ လာဖတ်ပါစေလို့ ဆုတောင်းပေးပါတယ်--နော်။ PS : မမက နာမည်နဲ့ မန့်ခဲ့ပါဆိုမှ Anonymous ဖြစ်ဖြစ်နေလို့ နှစ်ခါပြန်မန့်ခဲ့ရတယ် ဟဲ
ွှ အစ်မလို ကဗျာရေးတတ်ချင်လိုက်တာ...
ချစ်သော သူများဆုံဆည်းကြပါစေ
ကဗျာလေး အရမ်းကောင်းတယ်ဗျ
အေးမြသာယာပါစေ
ရန်ကုန်သား :D
ကြယ်တစ်စင်းလို
မင်းရင်ခွင်ထဲ ကြွေကျချင်တဲ့စိတ်နဲ့
မင်းမသိအောင်လေး
တိတ်တဆိတ် ခိုးကြည့်မိတော့
လ တစ်စင်းရဲ့ ရယ်သံလေးက
ခပ်လွင့်လွင့်ကျလာခဲ့တယ်....။
အရမ်းလှပ အသက်ဝင်တဲ့ ကဗျာလေးပါပဲ..
ရေးသားသူရဲ့ ခံစားချက်လေးတွေ ပုံပေါ်လာတယ်..။
ကဗျာကို ပိုမိုခံစားမိသွားစေတဲ့ မှတ်ချက်လေး ဖတ်လိုက်ရတော့..
အင်း.. မျှဝေခံစားပေးရုံပေါ့နော်..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ခံစားချက်တူပါတယ်။ ဒါပေမယ့် ကျနော်ကတော့ မဖတ်ဖတ်အောင်း ပို့တာပဲ ဟဲဟဲ။
very nice poem, i like very much and remember someone :P
ညီမလေးရေ... ရင်ထဲက နာကျင်ခံစားချက်တွေ အားလုံး ဒီကဗျာလေးထဲမှာပဲ မျောပါသွားပါစေလို့ ဆုတောင်းပေးမိပါတယ်။
“အချစ်ဆိုတာ
တောင့်တဖို့ လွယ်ကူသလောက်
ပိုင်ဆိုင်ဖို့ ခဲယဉ်းလွန်းလှပါတယ်”
သိပ်မှန်တာပဲ...။ “သူဘယ်တော့မှ လာဖတ်မှာ မဟုတ်ဘူး”ဆိုတော့ ပိုစိတ်မကောင်း ဖြစ်မိတယ်။ ညီမလေး စိတ်ချမ်းသာပါစေ...
တိတ်တဆိတ်လာဖတ်ပြီး တိတ်တဆိတ် မသိအောင်
ချီးမွမ်းသွားတယ်..... ကဗျာလေးက ရေလည်ထိတယ်။ တော်လိုက်တာ ..........
သေချာတာကတော့ အာဝါးးးးပေးခဲ့လိုက်တယ်...နော်..
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အမြှောက်တသိန်း ကဗျာကောင်းလေးအတွက်နော်
ညီမ နှင်းဟေမာရေ..
အလွမ်းဖွဲ့ကဗျာလေးကို ဖတ်ပြီး လွမ်းသွားပါတယ်..
အခါလွန်တဲ့မိုး သီချင်းလေးတောင် မဆီမဆိုင် သတိရမိတယ်..
သက်ဆိုင်တဲ့သူတစ်ယောက် ဒီကဗျာလေး ဖတ်မိပါစေလို့ ဆုတောင်းပေးသွားပါတယ်
ခင်မင်စွာဖြင့်
သီဟသစ်
ခံစားမှုတွေ သီကုံးထားတဲ့
ဘလော့ဘ်လေးကို အခုမှရောက်မိတယ်ဗျာ..
ဒီကဗျာဟာ ... မင်းစိတ်နဲ့ ငါ့ကိုယ်
တိတ်ဆိတ်ကြေကွဲစွာ
ရေးဖွဲ့ဖြစ်တဲ့ ကဗျာလေးပါ .......။
ထပ်တူခံစားမိပါတယ်....
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)
ဒီကဗျာလေးဖတ်ပြီး ဘာပြောရမှန်းမသိအောင်ဖြစ်သွားတယ်..
heart ထိတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့..
နှင်းရေ........
ကဗျာလေးကိ မိုက်တယ်ဟ။
အသုံးအနှုန်းလေးတွေက နူးညံ့တယ်။
အရမ်းကောင်းတယ်။
တော်လိုက်တာ။
ကျွန်မကတော့ ကဗျာမရေးတတ်ဘူး။
ပန်းရင့်ရောင်
တစ်ကယ်တော့ ငါက
အတိုင်းမသိတဲ့ တမ်းတမှုတွေနဲ့
တိတ်တဆိတ် ကမ်းပြိုခဲ့သူပါ.....။
ဒီအပိုဒ်လေးက ရင်ထဲကို တည့်တည့်ထိတယ်။
ပြီးပြည့်စုံတဲ့ နေရာလေးတစ်ခုလို့ ခံစားရတယ်။
ကိုယ်ပိုင်ဖန်တီးမှုတွေကို နှစ်သက်တယ်။ ဒါပေမဲ့ အခုတော....
ပျော်ရွှင်ပါစေ...
ကဗျာလေးကို ရင်ထဲကနေ ခံစားသွားပါတယ် အမြဲပျော်ရွှင်
ချမ်းမြေ့ပါစေနော်
Post a Comment