ကျမတို့မေတ္တာကမ္ဘာအသင်းအတွက် မြန်မာပြည်ကနေ အစ အဆုံးထိတိုင် လှူဒါန်းမှုဖြစ်မြောက်ရေးတွင် တစ်တပ်တစ်အား အကူညီပေးခဲ့ကြသော မောင်လေး၊ညီမလေးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်...။ယနေ့ည အွန်လိုင်းမှာတွေ့ဆုံဖြစ်ကြရင်း အစ်မရေ...ကျတော်တို့တော့ မနေ့ကပဲ ရဲမွန်ဘုန်းတော်ကြီးသင်ကျောင်းအတွက် ရေသန့်စက် ၊ စတီးရေသန့်စင်တို့ကို အားလုံးဆင်ပြီးခဲ့ပါတယ်...လို့ပြောပြီး ဓါတ်ပုံလေးတွေပါ တစ်ခါတည်း ပို့ပေးခဲ့ပါတယ် ...။
ကျမတို့ထက် အသက်ငယ်ရွယ်သော ကလေးတွေအနေနဲ့ အခုလို စိတ်ရော လူရော နှစ်ပြီး အပင်ပမ်းခံကူညီခဲ့ကြတာကို ကျေးဇူးလည်းတင်မိပါတယ်...။သူတို့တစ်တွေရဲ့ ခံယူချက်နဲ့ ပရဟိတအလှူဒါနနဲ့ပတ်သတ်ပြီး မြင့်မြတ်သော အသိစိတ်ဓါတ်လေးတွေဟာ လေးစားစရာပါပဲ....။
အားလုံးသော အလှူရှင်များ နဲ့ ကျမ၏ အိမ်လေးသို့ နေ့စဉ်လာရောက်ကြကုန်သော သူငယ်ချင်း မိတ်ဆွေများအားလုံးတို့ ကြည်နူးဝမ်းမြောက်စွာဖြင့် သာဓု ခေါ်ဆိုနိုင်ကြစေရန် ဤဓါတ်ပုံလေးများကိုပါ ထပ်မံဖော်ပြပေးလိုက်ရပါသည်...။
Saturday, August 8, 2009
မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်းမှလှူဒါန်းခဲ့သောစတီးရေသန့်စင်
Posted by မင်္ဂလာပါ .... at 12:44 AM
Labels: ကျမ နှင့် ပရဟိတ
Subscribe to:
Post Comments (Atom)
6 comments:
နှင်းလေးရေ...
ကောင်းလိုက်တာ။ အစ်မလည်း လှူချင်တယ်။ member ဝင်ချင်တယ်။ ဘယ်လိုဆက်သွယ်ရမလဲ။
အဲ..အောက်စာမှာ တွေ့ သွားပြီ...:)
ညီမလေးရေ ..၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သွားပါတယ်
ဒီဘလော့လေးကို ရောက်တိုင်း ပရဟိတရရောင်ခြည်တွေနဲ့ ကျက်သရေလည်း ရှိနေတယ်။ အားလည်း ကျမိတယ်။ ညီမလေးကိုလည်း လေးစားမိပါတယ်။ အလှူအတွက် သာဓု သာဓု သာဓုပါ ညီမလေး နှင်းဟေမာရေ...
ကျမ လေးစားချစ်ခင်ရသော အစ်မတွေက ခုလို လာရောက်ချီးကျုးခံရတာကို ဂုဏ်ယူမိပါတယ် ....။အစ်မတို့စကားလေးတွေကို လေးစားတန်ဖိုးထားရင်း အနာဂတ်မှာ အရှည်တည်တံ့စေဖို့ ဆက်လက်ကြိုး စားသွားရဦးမယ်လို့ တွေးမိတယ် ....။
အားလုံးရဲ့ အားပေးစကားဟာ ကျမနှလုံးသားအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အား ပါပဲ .....။
ညီမနှင်းဟေမာရေ
သာဓု သာဓု သာဓု ပါကွယ်
လေးလေးနက်နက်ခေါ်သွားပါတယ်
ခင်မင်စွာဖြင့်
သီဟသစ်
Post a Comment