အရိပ်မဲ့ပန်း မနွမ်းစေချင် ကရုဏာဝင်၍ တက်စွမ်းသမျှ ကူညီဖေးမ ၊ ပရဟိတလုပ်ငန်းများဖြင့် မိမိတို့ နိုင်ငံမှ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော ကွက်လပ်လေးများကို တတ်စွမ်းသမျှ စုပေါင်း ဖြည့်ဆည်းသွားကြရန် ရည်ရွယ်လျှက် စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ တတိယအကြိမ်မြောက် အလှူတော်ကို မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်းမှ အနာကြီးရောဂါ ဝေဒနာသယ်များအတွက် ဆေးဝါးနှင့် အခြားလိုအပ်ချက်များကို မိမိတို့ တက်စွမ်းသမျှ ၊ လှူဒါန်းသွားကြမည်ဖြစ်ရာ ပရိဟိတစိတ်ဓါတ် ထက်သန်စွာဖြင့် လှူဒါန်းကြသော ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ အသင်းသားများနှင့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း သို့ တတပ်တအား ပူးပေါင်းပါဝင် လှူဒါန်းကြသော အလှူရှင်များစာရင်းအား ဖော်ပြအပ်ပါသည်...။
၁) ကိုဝေယျာလင်း ( စင်္ကာပူ ) - S$ 50
၂) ကိုကိုကျော်သက်ထွန်း ( စင်္ကာပူ ) - S$ 100
၃) မရတနာတင် ( စင်္ကာပူ ) - S$ 50
၎) မနှင်းဟေမာ ( စင်္ကာပူ ) - S$ 50
၅) ကိုကို ( စင်္ကာပူ ) - S$ 50
၆) မခင်သန္တာဝင်း ( စင်္ကာပူ ) - S$ 50
၇) ကိုမျိုးမင်းကျော် ( စင်္ကာပူ ) - S$ 50
၈) ကိုကျော်သူဟိန်း ( စင်္ကာပူ ) - S$ 20
၉) မအိဖြူဝင်း ( စင်္ကာပူ ) - S$ 20
၁၀) ကိုနေမျိုးထွန်း ( စင်္ကာပူ ) - S$ 50
၁၁) မလီလီဟွာ ( စင်္ကာပူ ) - S$ 50
၁၂) ကိုအောင်မျိုးဦး ( စင်္ကာပူ ) - S$ 80
၁၃) ကိုထွန်းလှိုင် ( စင်္ကာပူ ) - S$ 10
၁၄) ကိုကျော်လွင်ဦး (စင်္ကာပူ) - S$ 50
၁၇) ကိုဖြိုးမောင်မောင်ဖြိုး ( စင်္ကာပူ ) - S$ 20
၁၈) ကိုဇေယျာလင်း နှင့် မခင်ဖြူစင် ( စင်္ကာပူ ) - S$ 50
၁၉) ကိုတိုးကြွယ်အောင် ( စင်္ကာပူ ) - S$ 10

၂၀) ကိုသက်နိုင် ( စင်္ကာပူ ) - S$ 50
၂၁) ကိုအောင်ဇင်ကိုကို ( စင်္ကာပူ ) - S$ 20
၂၂) မအေးအေးတိုး ( စင်္ကာပူ ) - S$ 10
၂၃) အစ်ကို ပိတောက်မြေ နှင့် မမရွှေစင် - ၁၀၀၀၀၀ ( တစ်သိန်းကျပ် )
(ပိတောက်မြေမိသားစု)
၂၄) မမိုးသူဇာ ( စင်္ကာပူ ) - S$ 30
၂၅) မမျိုးမျိုးရီ ( စင်္ကာပူ ) - S$ 30
တတိယအကြိမ်မြောက် အလှူတော်အဖြစ် အနာကြီးရောဂါ ဝေဒနာကို ခံစားနေကြရသော ဝေဒနာရှင်များအတွက် လိုအပ်သည့် ဆေးဝါးနှင့် အခြားလိုအပ်ချက်များ လှူဒါန်းရန်အတွက် ယနေ့ထိ လက်ခံရရှိသော စုစုပေါင်း အလှူငွေမှာ စင်္ကာပူဒေါ်လာ -S$960 နှင့် မြန်မာငွေ(၁၀၀၀၀၀)တစ်သိန်းကျပ် တိတိ ဖြစ်ပါသည်။
မြန်မာပြည်မှ ကိုယ်အင်္ဂါ ထိခိုက်ခံစားခဲ့ရသူ အဘိုးအဘွား များနဲ့ အနာကြီးရောဂါ (နူနာ) ဝေဒနာ သယ်များရှိရာ ကျေးရွာသို့ ကျမကိုယ်တိုင်သွားရောက် လှူဒါန်းမှုတွင် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း သို့ ပူးပေါင်းပါ ၀င်လှူဒါန်းလိုကြသော အလှူရှင်များ အနေဖြင့် ကျမ နှင်းဟေမာ ထံသို့ တိုက်ရိုက်ဆက်သွယ်၍ လည်းကောင်း အောက်ဖော်ပြပါပုဂ္ဂိုလ်များ၏ ဖုန်းနံပါတ်များသို့လည်းကောင်း ဖေဖော်ဝါရီလအတွင်းတွင် တိုက်ရိုက် ဆက်သွယ် လှူဒါန်း နိုင်ကြပါကြောင်း ၀မ်းမြောက်ဖွယ် သတင်းကောင်း ပါးအပ်ပါသည် ...။
၁) ကိုဝေယျာလင်း - + 65 9452 2967
၂) မရတနာတင် - + 65 9271 3717
၃) ကိုသက်နိုင် - + 65 9459 8379
၎) ကိုမျိုးမင်းကျော် - + 65 9235 5291
၅) မနှင်းဟေမာ - mwf.hninhaymar@gmail.com
အများကောင်းကျိုးအတွက် အနစ်နာခံခြင်းဖြင့် လောဘဓါတ်ကို စွန့်လွှတ်ခြင်းသည် လောကကြီးကို ဟန်ချက်ညီအောင် ဒါနပြုခြင်းဖြစ်သည်နှင့် အညီ ... နိဗ္ဗာန်ကို ဦးတည်ရင်း သူတစ်ပါး အကျိုးကို ငဲ့ကာ သဒ္ဓါ နှင့် ပညာအတွဲညီစွာ လှူဒါန်းခြင်းဖြင့် ဒါနပါရမီမြောက်တဲ့အလှူရှင်များဖြစ်အောင် ၊ ပရဟိတ လူသားအကျိုးပြုလုပ်ငန်းများအား လုပ်ဆောင်ခြင်းဖြင့် ... လောက ကမ္ဘာမြေကြီးအား တစ်ထောင့်တစ်နေရာမှ တက်စွမ်းသမျှ အလှဆင်နိုင်ကြသူများဖြစ်အောင် ၊တိုတောင်းလှတဲ့ လူ့ဘ၀ခရီးတစ်ခုမှာ အဓိပ္ပါယ်ရှိရှိရှင်သန်နိုင်သည့် လူပီသတဲ့ လူသားတွေဖြစ်အောင် ကျမတို့အားလုံးပဲ ကြိုးစား ဆောင်ရွက် ကြည့်ကြပါစို့ ...။ အနာကြီးရောဂါဝေဒနာကိုခံစားနေကြပြီး စိတ်အားငယ်နေရှာတဲ့ ဝေဒနာရှင်များစွာတို့အတွက် ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ လိုအပ်ချက်လေးများကို ဖြည့်ဆည်းပေးခြင်းဖြင့် အမွန်မြတ်ဆုံး ဒါနကို ပြုကြပါစို့ ။
လူ့ဘ၀ရဲ့ ကျန်ရှိနေသေးတဲ့ အချိန်ကာလလေး အတွင်းမှာ မိမိတို့ ရှာဖွေစုဆောင်းထားကြတဲ့ ချွေးနည်းစာများထဲက သဒ္ဓါတက်အားနည်းများမဆို ပါဝင်လှူဒါန်းကြပါဦးလို့ ကျမ၏ မောင်နှမအပေါင်းကို ထပ်မံတိုက်တွန်းရင်း နိဗ္ဗါန်အကျိုးမျှော်ကာ ယခုလို နှိုးဆော်လိုက်ရခြင်း ဖြစ်ပါတယ် ...။
အားလုံးပဲ မေတ္တာစိတ်ဓါတ်တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...
လေးစားစွာဖြင့်
နှင်းဟေမာ ( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )
လှူဒါန်းရန် -mwf.hninhaymar@gmail.com

1 comments:
ဖတ်ပြီး သာဓုခေါ်သွားပါတယ်။
Post a Comment