ကြေကွဲမှုအိပ်မက်တွေ ခက်နက်နက်တူးရင်း
အလွမ်းများနဲ့ အဆုံးသတ်ခဲ့တယ်...။

ဒဏ်ရာတွေပြန့်ကြဲ နေတဲ့ ငါ့ရဲ့
အတွေးယာခင်းထဲမှာတောင်
သံယောဇဉ်ကို ရိပ်သိမ်း
တမ်းတမှုတွေ ထိမ်းရင်းနဲ့
အဖြူရောင်ပန်းတွေအဖြစ်ပဲ
ဖန်တီးဖြစ်ခဲ့တယ် ....။
ပိုင်ဆိုင်လိုမှု ဗလာ
ရယူလိုမှု ကင်းစွာနဲ့
ချစ်ခြင်းဖွဲ့ ပန်းခင်းလေးထဲမှာ
လွမ်းဆွတ်ခြင်းတွေ ပွင့်ဖူး
နာကျင်စွာ တစ်ပွင့်စီခူးရင်း
ကြေကွဲခြင်း လက်အစုံနဲ့
နှလုံးသားကို ပေးအပ်ခဲ့မယ်....။
တိတ်ဆိတ်စွာ...
ကြေကွဲစွာ ...
မြတ်နိုးစွာ ... နဲ့
သိမ်းထားပေးပါ “... ” ရယ်...။
အင်း .........အမှတ်မရှိတဲ့အသည်း နှစ်ခါကွဲတာပဲ ကောင်းပါတယ်လေ
ဓါတ်ပုံက အသည်းကွဲနေတဲ့ ပုံရောပေါက်ရဲ့လားမသိဘူး :)
နှင်းဟေမာ
1 August 2009


ဒါက စကားပလ္လင်ခံတာပါ...။ အားလုံးဆီကအကူအညီလေးတစ်ခုလောက်တောင်းချင်လို့ပါ...ဟဲ.ဟဲ ။မျက်ခုံးမလှုပ်ကြပါနဲ့ အလှူမခံပါဘူး အားလုံးကူညီနိုင်ကြမဲ့ အကူအညီလေးတစ်ခုလောက်တောင်းချင်လို့ပါ...။မကြာခင်မှာ ကျမတို့ရဲ့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ကို အင်တာနက်လောကရဲ့ သမိုင်းစာမျက်နှာတစ်ခုဖြစ်လာစေဖို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ Web Manager ကိုယောကြီး ကနေ စတင် အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်...။ အဲဒီမှာ ကျမတို့အသင်းရဲ့အမြဲတမ်းအသုံးပြုမဲ့ အမှတ်အသား Logo တစ်ခု အသဲအသန်လိုအပ်နေပါတယ်....။ အသင်းရဲ့ မန်ဘာတစ်ချို့ကလည်း သူတို့တစ်တွေ လက်လှမ်းမှီသလောက် ကြိုးစားဖန်တီးပြီး ပို့ခဲ့ကြတာ ဒီကနေ့အထိတော့ ကျမဖန်တီးထားတဲ့ တစ်ခုအပါအ၀င် စုစုပေါင်း တစ်ဆယ့်သုံးခု လက်ခံရရှိထားပါတယ်...။ ကျမ အကူအညီလေး တောင်းချင်တာက အခုဒီပို့စ်လေးကို လာရောက်ဖတ်ရှုကြသော မောင်နှမတွေထဲကများ logo Design နဲ့ပတ်သတ်ပြီး ၀ါသနာရှင် ပညာရှင် တွေများပါခဲ့လျှင် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အတွက် လိုက်လျောညီထွေမယ့် ဒီဇိုင်းလေးတစ်ခုလောက် ဖန်တီးပေးကြဖို့ အားလုံးရဲ့ကိုယ်စား အကူအညီတောင်းချင်ပါတယ်....။ ကျမဆီကို 20 JULY 2009 နောက်ဆုံးထားပြီး 














