Friday, July 24, 2009

ဓမ္မစေတီ တရားပွဲ

ထေရ၀ါဒ ဓမ္မဒဿနသမ္ပဒါလမ်းစဉ်ဖြင့် တရားဒေသနာတော်များကို ဖြန့်ဝေဟောကြားတော်မူသော
ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒန္တကောသလ္လ သည် ယခုနှစ်ဝါတွင်းကာလ၌ အမေရိကန်နိုင်ငံတွင်
ဝါဆိုတော်မူမည်ဟု ကြားသိရပါသည်။ ဆရာတော်ဘုရားမှ ထေရ၀ါဒ တရားတော်ကို သြဂုတ်လ (၁) ရက်နေ့ စနေနေ့ညနေ အမေရိကန်စံတော်ချိန် (၆)နာရီ တွင် အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဒေလီးစီးတီးမြို့ ၊ 699 SERRAMONTE BLVD ( Little Theater) ၌ဟောကြားတော်မူမည်ဖြစ်ပါသည်...။ တရားပွဲနှင့် ပတ်သတ်၍ ဖုန်းနံပါတ် - ( 510)278-8053 သို့ဆက်သွယ်မေးမြန်းနိုင်ကြပြီး
အခြားနိုင်ငံအသီးသီးမှ တရားနာယူလိုကြသော ပရိတ်သတ်များအတွက် skype online မှတစ်ဆင့်လဲ
တိုက်ရိုက်နာယူနိုင်ကြရန် (26 July 2009) တနင်္ဂနွေနေ့ ရုရှား(မော်စကို) စံတော်ချိန် နံနက် (၆)နာရီ ၊(စင်္ကာပူစံတော်ချိန် နံနက် (၁၀) နာရီတိတိ) အချိန်တွင် စီစဉ်ထားရှိပါသည်....။
skype account ရှိသူများအားလုံးသည် skypedhammalive သို့ Invite လုပ်ထားနိုင်ကြပြီး တရားပွဲ မစတင်မီအချိန်၌ skypedhammalive မှ Invite လုပ်ထားသူများအားလုံးထံသို့ ခေါ်ယူဆက်သွယ်လာမည်ဖြစ်ပါသည်။သို့ပါ၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဝင် တရားချစ်ခင်သူတော်စင်များအပေါင်းတို့အနေဖြင့် ကြုံတောင့်ကြုံခဲလှစွာသော ထေရ၀ါဒ အထူးတရားပွဲကို အတူတစ်ကွ နာယူကြည်ညိုနိုင်ကြရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်။

နှင်းဟေမာ
24 July 2009

4 comments:

မိုးကောင်းကင် said...

ဆရတော် တရားပွဲကို မျှော်နေတာကြာပြီဗျာ ...ကျေးဇူးအထူးတင်ပါတယ်...။

ဝေမာထွေး said...

ဆရာတော်ရဲ့ တရားကို skype ကနေ နာလို့ရတယ်ဆိုတော့ တော်တော် အဆင်ပြေတယ် အမရေ။ သာဓု သာဓု သာဓုပါ အမ။ဒီထက်မက ပိုပြီး အောင်မြင်ပါစေ ဒီထက်မက ပိုပြီး ဆောင်ရွက်နိုင်ပါစေလို့ ----

ကြည်ဖြူပိုင် said...

ခုလိုမျှဝေပေးတဲ့ အတွက် ကျေးဇူးပါ ညီမလေး။ သာဓုသာဓုသာဓု

ရွှေပြည်သူ (ShwePyiThu) said...

ကျေးဇူးအထူးတင်ပါတယ် မနှင်းဟေမာရေ။ အခုလို သတင်းဝေမျှတဲ့အတွက် ကုသိုလ်တွေလည်း အများကြီးရမှာပါ။ သာဓု သာဓု သာဓုပါ...