Tuesday, July 27, 2010

သစ္စာဆူး












ချစ်သူရေ........
အစစ်မှန်ဆုံး မေတ္တာတရားတွေနဲ့ ....
တစ်ယောက်ကို တစ်ယောက် 
အလေးနက်ဆုံး ချစ်ခဲ့ကြဘူးပေမယ့်
သစ္စာတရားကို တန်ဖိုးထားတတ်ဖိုးသာ
ဘ၀မှာ အရေးအကြီးဆုံးပဲလေ....။

တို့နှစ်ယောက် မကြည့်ဖြစ်ခဲ့တဲ့
လောကနိယာမအောက်မှာ ... 
လူ့ဘ၀ရဲ့ဝှက်ဖဲချပ်တွေက များလွန်းခဲ့ပြန်တော့
ကမ်းလက်ကို မသိမသာရုတ် ....
လှမ်းချက်တွေ နောက်ကိုဆုတ်ဖို့အတွက်
အရာအားလုံးကို အတိတ်မှာပဲမြှုပ်နှံပြစ်ကြပါစို့နော် ...။

ချစ်သူရေ .........
မရယ်ချင်ပဲ ရယ် ... မငိုချင်ပဲလဲ ငိုခဲ့ကြရတဲ့
ဟောဒီ့ လူ့လောကအလယ်မှာ....
နှုတ်မဆက်ချင်လဲ နှုတ်ဆက်ကြရမှာမို့
အားလုံးအတွက် ကောင်းခြင်းနဲ့
နှလုံးသားကို ချနင်းခဲ့တဲ့ လမ်းမှာ
ဒီတစ်ခုသာ ရွေးချယ်စရာရှိတော့တာမို့
ပြုခဲ့ဘူးသမျှ သစ္စာဆူး 
ကျမ တစ်ယောက်ထဲကိုသာ စူးပါစေ......
အေးချမ်းသာယာတဲ့လမ်းမှာ
မင်းစိတ်သက်သာစွာလျှောက်လှမ်းရစ်ပါ...။

နှလုံးသားဒဏ်ရာဆိုတာတွေကို
အလွမ်းကဗျာတွေနဲ့အတူ မျှောချရင်း
မင်းမပါတဲ့ လမ်းမှာ ကျမတစ်ယောက်ထဲကိုသာ
လျှောက်လှမ်းခွင့်ပြုပါကွယ် .....

ချစ်သူရေ .............
မင်းဘ၀ အစစ တင့်တယ်
ဟိုး ......... အဝေးကောင်းကင်ယံက 
လင်းလက်နေတဲ့ ကြယ်လေးကို
ကျေနပ်ကြည်နူးစွာ မှန်းဆ
ကျမ ရင်ထဲကပဲ .... တမ်းတမ်းတတလေး လွမ်းနေပါရစေ....။

အားလုံးကို ချစ်ခင်လေးစားလျှက်... 

နှင်းဟေမာ 
26 July 2010

12 comments:

မိုးစက်အိမ် said...

နှင်းဆီမှာဖတ်ဘူးတဲ့ကဗျာလေးတွေထဲ
ဒီကဗျာလေးကိုသဘောကျဆုံးဘဲ မိန်းကလေး
ကပေးဆပ်ချစ်နေတဲ့သဘောကို ပေါ်လွင်အောင်
ရေးဖွဲ့ သွားနိုင်တဲ့ကဗျာလေးပါဘဲဗျာ

လင်းဒီပ said...

အားလုံးအတွက်ကောင်းအောင် ချနင်းလိုက်တဲ့နှလုံးသားကို သစ္စာဆူးက မဆူးလောက်ဘူးလို့ ထင်တာပဲ ...။

မြစ်ကျိုးအင်း said...

သက်ပြင်းချပြီး ဖတ်လိုက်မိတယ်
ချနင်းလိုက်ရတဲ့ နှလုံးသားတစ်စုံအတွက် စိတ်မကောင်းဘူး
ဘာဘဲဖြစ်ဖြစ် ချစ်သူတိုင်း မဝေးစေချင်ပါဘူး
ကဗျာလေးဖတ်ပြီး ခံစားရတယ်။

Unknown said...

ထပ်တူထပ်မျှ ခံစားရပါတယ်....
အရမ်းကောင်းတဲ့ ကဗျာလေးပါ... အသက်ဝင်လွန်းပါတယ်....

သဒ္ဓါလှိုင်း said...

တကယ့်ကိုထိမိတဲ့ခံစားရစေတဲ့ကဗျာကောင်းတပုဒ်ပါ..။
ထပ်တူခံစားဖတ်သွားခဲ့ရပါတယ်..။
လင့်ချိတ်ထားတယ်နော်..ခွင့်ပြုပါ..။

ခင်မင်စွာ
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်ခံစားချက်ကို ရေးဖွဲ့ထားသလား ထင်ရလောက်အောင် ထပ်တူထပ်မျှ ခံစားရပါတယ်.နှင်းရေ...

သူကြီးမင်း (တုံးဖလား) said...

ခံစားမှုနဲ့ ရေးစပ်ထားတဲ့ကဗျာမို့ စွန့်လွတ်အနစ်နာခံမှုကို ပေါ်လွင်စေပါတယ်။

Unknown said...

ချစ်သူရေ........
အစစ်မှန်ဆုံး မေတ္တာတရားတွေနဲ့ ....
တစ်ယောက်ကို တစ်ယောက်
အလေးနက်ဆုံး ချစ်ခဲ့ကြဘူးပေမယ့်
သစ္စာတရားကို တန်ဖိုးထားတတ်ဖိုးသာ
ဘ၀မှာ အရေးအကြီးဆုံးပဲလေ....။

နွေဆူးလင်္ကာ said...

အိမ်း .... လွမ်းစေ သတည်းးးးးးးးးး

Unknown said...

လှတယ်...

ရွှေပြည်သူ (ShwePyiThu) said...

သိမ်မွေ့တည်ငြိမ်တဲ့ အချစ်ကို ကဗျာထဲမှာ တွေ့လိုက်ရတယ် ညီမလေးနှင်းရေ...

TYZ said...

ထပ်တူခံစားသွားတယ်။ ကျေနပ်စွာပေးဆပ်ကြရပေမဲ့လည်း အလွမ်းဝေဒနာတွေက နာကျင်စရာကောင်းမယ်ထင်တယ်နော်။ ချစ်ကြသူတိုင်းပေါင်းဖက်နိုင်ရင် လောကကြီးဘယ်လောက် သာယာလိမ့်မလဲ...။