Thursday, March 25, 2010

နှုတ်ဆက် အလွမ်း...


စိတ်ရှိတိုင်းသာ ကြွေလိုက်ရရင် ...
ဒီအပင် ........................
ဒီလောက် လွမ်းစရာမကောင်းနိုင်ဘူး ။
စိတ်ရှိတိုင်းသာ ဝေလိုက်ရရင်...
ပိတောက်ပန်းတွေ .....................
ဒီလောက် လွမ်းစရာမကောင်းနိုင်ဘူး။

ခုတော့ ..........................
အလွမ်းစိတ်နဲ့ တစ်ပင်လုံးဝေ
ပင်လုံးညွတ်နေပေမယ့် .........
လွမ်းတယ်” ဆိုတဲ့စကားတစ်ခွန်းတောင်
သုံးခွင့်မရှိတော့သူပါ “.... ” ရေ....။

တစ်ကယ်တမ်း ........
တမ်းတခြင်းဆိုတာက ......
အနေဝေးမှပွင့်တဲ့ပန်း ....။
အချစ်...ဆိုတာက.........
ကမ်းမမြင်မှ လှတဲ့ပင်လယ်...။
အလွမ်းဆိုတာကတော့ ...
ကိုယ်တို့အတွက် ......
ဘယ်ဆီဘယ်ဝယ်
ဆိုတာမျိုးပါပဲကွယ်.......။

“ထင်သလောက်....
မရင့်ကျက်သေးပေမယ့် ...
ဝေးသလောက် ...........
အလွမ်းရင့်တဲ့ ရာသီမှာ...
မင်းနဲ့ငါ လည်း
နံရံထူထူသာ ခြားစေတော့ .....။

မှတ်ချက် ။     ။ အလွမ်း နှင့် ကျမ ... ယနေ့မှစ၍ နံရံခြားလိုက်ပါသည်း)

နှင်းဟေမာ
( 25 March 2010 )



12 comments:

ကိုအောင် said...

ကဗျာလေးက ကောင်းတယ်ဟေ့။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

အလွမ်းနှင့်ကျမ ယနေ့မှစပြီး နံရံခြားလိုက်ပြီတဲ့။ ဧကန်န ရွာမှာကျန်ရစ်တဲ့ သာအေး လိုက်လာပြီနဲ့ တူတယ်... (စတာနော်..နှင်း)..... :) :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

ကိုရင်နော်ခင်လေးငယ် said...

အလွမ်း နှင့် ကျမ ... ယနေ့မှစ၍ နံရံခြားလိုက်ပါသည်...း)

ကဗျာလေးကောင်းတယ် ညီမငယ်..

မင်္ဂလာပါ .... said...

ကိုမျိုးရေ....
ရွာက သာအေးက ဘုန်းကြီးဝတ်သွားပြီးD
ကိုမျိုးကို အဲလိုပြန်စမှ ရမယ် ...းD
ကိုအောင် နဲ့ ကိုရင်နော် ခင်လေးငယ် ...
ကဗျာလေးကို လာရောက်ခံစားအားပေးကြသူများ အားလုံး ကျေးဇူး...အထူးတင်ပါတယ်း)

မယ့်ကိုး said...

ကဗျာလေးကို ထပ်တူထပ်မျှ ခံစားမိပါတယ် ညီမလေး။

အဖြူရောင်နတ်သမီး said...

ဘာလိုလိုနဲ့ သင်္ကြန်တောင်ရောက်တော့မှာပါလား...
(ကဗျာလေးဖတ်ပြီး လာလွမ်းသွားပါတယ်)...

Flower said...

ရာသီချိန်နဲ့ ကဗျာနဲ့က ကွက်တိပါလားနှင်းရေ
စည်းခြားတယ်ဆိုတာ သင်္ကြန်နဲ့ခြားတာကိုပြောတာထင်တယ်..
ပိတောက်ပန်းနဲ့လဲ ဖြစ်နိုင်တာဘဲနော်
စလုံးမှာ ပိတောက်မရှိတာဘဲလေ
နှင်း နေကောင်းတယ်ဟုတ်လား
ကျန်းမာရေးဂရုစိုက်နော်
ခင်တဲ့
မချော

mysterysnow said...

နှင်းရေ
ကဗျာလေးက ကောင်းလိုက်တာ...
အလွမ်းကိုတော့ နံရံမခြားလိုက်ပါနဲ့...
တခါတလေမှာ လွမ်းနေရတာက အရသာတမျိုးလေ...

မနှင်း

လသာည said...

အလွမ်းနဲ့ နံရံမခြားပါနဲ့ကွယ်။ အလွမ်းက ညီမကို လွမ်းနေမှာပေါ့.. :D

သူကြီးမင်း (တုံးဖလား) said...

မလွမ်းမကောင်း လွမ်းမကောင်း လောကကြီးရယ်ပါ။
တစ်ခါတစ်ခါ လွမ်းချင်တယ်။ တစ်ခါတစ်ခါကျတော့ မလွမ်းချင်ပြန်ဘူး။ ဒါပေမဲ့ အလွမ်းတွေကို အမြဲတမ်း ရင်ပိုက်ထားရင်တော့ ပင်ပန်းမှုတွေဘဲ ဖြစ်မှာပါ။
အဲဒါကြောင့်... အလွမ်းနံရံထူထူခြားနေရင်တော့ ကောင်းသလိုလို။

~ဏီလင်းညို~ said...

ညီမရေ....
“အချစ်...ဆိုတာက.........
ကမ်းမမြင်မှ လှတဲ့ပင်လယ်”....ဆိုတာလေးကို သဘောကျမိတယ်...။ ဟုတ်ပဗျာ....နော့်....း))
(စကားမစပ် တစ်ကယ်ပဲ နံရံတွေခြားပစ်လိုက်ပြီလားဟ.....း))
ခင်မင်တဲ့
ဏီလင်းညို

Unknown said...

ကဗျာတွေကအရမ်းကောင်လိုကူးတားလိုက်တယ်နော်