အားလုံးသော ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မောင်နှမများ ဓမ္မမိတ်တွေ သူတော်စင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်
ဝိပဿနာတရားကို စိတ်ဝင်တစားလေ့လာနေကြသူများ၊ အားထုတ်ရန်ကြိုးစားပြင်ဆင်နေကြသူများနှင့် လက်ရှိ အားထုတ်နေကြသူတိုင်း နာယူသင့်သော မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားဆုံးမတော်မူသည့် ၀ိပဿနာအလုပ်ပေးတရားတော် အပုဒ်ရေ(၂၉၂)ပုဒ်ပါ (MP3 Format ဖြင့်) DVD ခွေကို စေတနာရှင်ဓမ္မမိတ်ဆွေ တစ်စုမှ ဓမ္မုဒါနပြုလိုက်ပါသည်။
အဆိုပါတရားခွေအား နာယူလိုသော စင်္ကာပူရှိ တရားလိုက်စားကြကုန် သော ဓမ္မမိတ်ဆွေများအနေဖြင့် Peninsula Plaza ရှိ သုခကွန်ပျူတာစတိုး (#04-50, Sukha Computer Store) တွင် တစ်ဦးလျှင်တခွေနှုံးဖြင့် ၁၇-၁၀-၂၀၀၉ (စနေနေ့ ) မှစ၍ အခမဲ့လာရောက်ထုတ်ယူနိုင်ပါသည်။ အဆိုပါ DVD ခွေတွင်ပါဝင်သော ၀ိပဿနာ အလုပ်ပေးတရားတော် (၂၉၂)ပုဒ်ကို ဤနေရာတွင် Download လုပ်၍လည်း တရားနာယူနိုင်ပါသည်။
ဆရာတော်ဘုရား၏ တရားပွဲ Video များကို ဤနေရာတွင် Download လုပ်ယူ၍လည်း တရားတော်ကို နာယူကြည်ညိုနိုင်ကြပါသည်။
ဤတရားအခွေအား ပထမအကြိမ်အနေဖြင့် DVD အချပ်ပေါင်း ၁၃၀၀ ဓမ္မဒါနပြုပြီး ဤတရားခွေလှူဒါန်းရာတွင် နည်းများမဆို ပါဝင် ကုသိုလ်ပြုလိုသူများ၊ မိမိကိုယ်တိုင် ထပ်ဆင့်လှူဒါန်းလိုသူများအနေဖြင့်လည်း သုခကွန်ပျူတာစတိုး #04-50 Peninsula Plaza ,Singapore (သို့ မဟုတ်) zawmoesan@yahoo.com.sg (+65-91714350) ထံသို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
အခြားနိုင်ငံများမှ တရားခွေရယူလိုသူ ဓမ္မိတ်တွေများ အနေဖြင့်လည်း zawmoesan@yahoo.com.sg သို့ဆက်သွယ်လာပါက စာတိုက်မှပေးပို့လှူဒါန်းသွားမှာဖြစ်ကြောင်း ကြားသိရသည့်အတွက် ဓမ္မမိတ်တွေ ဘလော့ဂါ များနဲ့ စာဖတ်သူ မောင်နှမ အပေါင်းကို သတင်းကောင်းပါးလိုက်ပါတယ်ရှင် ....။
( အလှူတစ်ကာ အလှူတွင် အမြတ်ဆုံးဖြစ်သော တရားတော်အလှူကို လှူဒါန်းမှုပြုကြသော အလှူရှင်မိသားစုများ၏ ကောင်းမှုအစုစုအား ဤနေရာမှ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုလိုက်ပါသည် ....)
အရှင်ဇာနေယျ ( မြစိမ်းတောင်ကျောင်း )
အားလုံးပဲ မေတ္တာစိတ်ဓါတ်တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ ...
နှင်းဟေမာ
4 comments:
မင်္ဂလာပါ နှင်း ရေ..
အမြတ်ဆုံးသော အလှူတစ်ခုဖြစ်တဲ့အတွက် များစွာ ကျေနပ်ပြီ ကျေးဇူးတင်ပါတယ် နှင်း..
အဆတိုးလို့ အကျိုးကျေးဇူးများစွာ ရရှိပြီး စိတ်၏ ချမ်းသာခြင်း ပြည့်စုံစွာ ရရှိပိုင်ဆိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ညီမလေး နှင်းဟေမာ..
ခင်မင်စွာဖြင့်
ကိုမျိုး
ဟုတ်တယ်ညီမလေးရေ.. အလှူတစ်ကာ အလှူတွင် အမြတ်ဆုံးဖြစ်သော တရားတော်အလှူအမြတ်ဆုံးပါပဲ။
ညီမလေးအားကျပြီး ဘလော့မှာ ချမ်းမြေ့ဆရာတော်ရဲ့  အလုပ်ပေးတရားတော် တင်ချင်လာပြီ =)
သာသနာပြုတယ်ဆိုတာ..ဘုရားတည်မှ
ကျောင်းဆောက်မှရယ်..မဟုတ်ပါဘူးတဲ့...
ခုလိုမျိုးကိုယ်တတ်နိုင်သလောက်လေးလုပ်
တာဟာလဲသာသနာပြုတာပါပဲ...
နောက်ထပ်အများကြီးသာသနာပြုနိုင်ပါစေ....
Thanks, Hnin.. Thar Du Thar Du Thar Du.
I will also share that.
Post a Comment