ရွှေတိဂုံအသင်းတော် (စင်္ကာပူဓာတ်တော်တိုက်) မင်္ဂလာဝိဟာရကျောင်း ၏ ဆဌမအကြိမ်မြောက် သောတာပန်နှင့်တူသော ကာလဒါန၀ါဆိုသင်္ကန်း စုပေါင်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပမည်
သာသနာနှစ်၂၅၅၃ ခု၊ကောဇာသက္ကရာဇ် ၁၃၇၁ခု ၀ါဆိုလဆန်း (၁၄) ရက်နေ့၊ခရစ်နှစ် ၂၀၀၉ ခုနှစ် ဇူလိုင်လ (၅)ရက် တနင်္ဂနွေနေ့တွင် ရွှေတိဂုံအသင်း စင်္ကာပူဓာတ်တော်တိုက်နှင့် စင်္ကာပူနိုင်ငံ၌ ၀ါဆို
ဝါကပ်တော်မူကြသော သံဃာတော်အရှင်မြတ်တို့အား ကာလဒါနအဖြစ် ၀ါဆိုသင်္ကန်းတို့ကို စုပေါင်းဆက်ကပ်လှူဒါန်းကြမည် ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံရောက် ဓမ္မမိတ်ဆွေ ဗုဒ္ဓဘာသာဝင် တို့အနေဖြင့် သာသနာပြုကုသိုလ်ပါရမီ ဖြည်ဆည်းနိုင်ရန် ၀ါဆိုသင်္ကန်းနှင့်တကွ ဆွမ်း၊ခဲဖွယ်၊ဘောဇဉ်၊စသော လှူဖွယ်ဝတ္ထု ပစ္စည်းများကို ကိုယ်တိုင်ပါဝင်လှူဒါန်းပြီး ၊ တရားတော်များကို နာယူကြည်ညိုနိုင်ကြပါသည်။
အလှူရှင်များအနေဖြင့် ~ ပရိက္ခရာရှစ်ပါး တစ်စုံလျှင် - S$ 50 ၊သင်္ကန်းတစ်စုံလျှင် - S$ 30 ၊ ထီးတစ်လက်လျှင် - S$ 15 ၊ ဖိနပ်တစ်ရံလျှင် - S$ 10 ၊ ယပ်တောင်တစ်လက်လျှင် - S$ 10 ၊ နှုန်းထားစီဖြင့် လွယ်လင့်တစ်ကူ ကပ်လှူနိုင်ကြပါသည်။
အခမ်းအနားအစီအစဉ်မှာ ~ နံနက် ၉ နာရီ အချိန်တွင် စတင်ပြီး ဆရာတော်ဘုရားထံမှ ၉ ပါးသီလကို ခံယူဆောက်တည်၍ ဆရာတော်ဘုရားမှ ၀ါဆို သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရားတော်ကို ချီးမြှင့်ပါမည်။ ထို့နောက် ရေစက်သွန်းချ အမျှပေးဝေ၍ ဆရာတော် သံဃာတော်တို့အား သဟတ္ထိက ဒါနမြောက်အောင် အလှူရှင်များမှ ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ် လှူဒါန်းကြမည် ဖြစ်သည်။
နံနက် ၁၁ နာရီအချိန်တွင် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်အား အာရုံပြု၍ ဆွမ်းတော်၊ပန်းတော်၊ရေချမ်းတော်များ ကို ဆပ်ကပ်လှူဒါန်းကာ~ နံနက် ၁၁ နာရီခွဲ အချိန်တွင် သံဃာတော်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ကြွရောက်လာသော ဧည့်သည်တို့အား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခြင်းတို့ ဖြစ်ပါသည်။ သို့ပါ၍....“တိသရဏ ငါးသီလ မဲချစာရေးတံ ၊ ၀ါဆိုသင်္ကန်း ပက္ခဆွမ်း လှူဒါန်းကျောင်းရေကန် ၊ သောတာလိုပဲ ဂတိမြဲ မှတ်စွဲ ဧ၀ကန်”ဟူသော ၀ါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးမှာ မွန်မြတ်လှသဖြင့် ကြုံခဲလှစွာသော ဤဒါနကုသိုလ်ကို တစ်နှစ်တစ်ခါ ပြုနိုင်ကြရန်အတွက် ဓမ္မမိတ်ဆွေ အပေါင်းတို့အား တိုက်တွန်း နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်....။
နှင်းဟေမာ
26 Jun 2009
Friday, June 26, 2009
သောတာပန်နှင့်တူသော အလှူ
Posted by မင်္ဂလာပါ .... at 1:12 PM
Labels: ဘာသာရေးဆိုင်ရာလေးတွေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment