Thursday, March 31, 2011

ကမ္ဘာမြေရဲ့ချစ်သူ ....













“ကမ္ဘာမြေပေါ်ကို နင်းမိလိုက်တိုင်း
ကိုယ့်ရဲ့ခြေအစုံအောက်မှာ
ပန်းတို့ရဲ့ နုညံ့မှုတွေခင်းကျင်းထားသလို
ဘ၀ကို ကျေနပ်နှစ်သက်စေခဲ့သူ.....


“စိတ်မှာတောင့်တလိုက်ရုံနဲ့
နှုတ်ကဖွင့်ဟဖို့မလို .....
ကိုယ်လိုချင်တာမှန်သမျှ
အစစအရာရာ အလိုက်သိတတ်လွန်းသူ .....


ကိုယ်ရှင်သန်ရာ ဘ၀ဥယျာဉ်ထဲမှာ
ပူပင်သောကတွေဖယ်ရှင်း ပျော်ရွှင်ခြင်းတွေကိုသာ
တစ်မျှော်တစ်ခေါ်ဖူးပွင့်အောင်
ဆောင်ကျဉ်းစိုက်ပျိုးနိုင်ခဲ့သူ ......


ကိုယ်ဘယ်လို ဆိုးဆိုး
အတိုးချပြီးသီးခံ ကိုယ့်ရဲ့အနိုင်ယူတဲ့ဒဏ်တွေကို ခံရင်း
မာန်မာနကင်းစွာလဲကြင်နာတတ်ခဲ့သူ ......


ချစ်သူရေ ..............
ဘယ်သူတွေ ဘာပဲပြောပြော
မေတ္တာတရားကို မေတ္တာတရားချင်းထုဆစ်လို့
သစ္စာတရားကို သစ္စာတရားခြင်း ထွန်းညှိလို့
ချစ်ခြင်းရဲ့ အလင်္ကာမြို့ကို
အနှစ်တစ်ရာ မယိုင်မလဲအောင်
အခိုင်မြဲဆုံး သစ္စာတရားတွေနဲ့
တစ်သက်လုံးပဲ တည်ဆောက်သွားစို့နော် ....။

       ****************************************************

                                    ချစ်သူနှစ်ဦးရဲ့တစ်နှစ်ပြည့် အမှတ်တရ



အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ
31 March 2011

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်သူနှစ်ဦးရဲ့ တစ်နှစ်ပြည့်မှသည် နှစ်ပေါင်း ရာတိုင် တည်ပါစေ။ နားလည်ခြင်း ကြင်နာခြင်း နွေးထွေးယုယခြင်း ချစ်ခြင်မြတ်နိုးခြင်းတို့ဖြင့် ချစ်ခြင်းမေတ္တာရနံ့များ မပြယ်စတမ်း မွှေးနိုင်ပါစေ...


ဆုတောင်းများစွာဖြင့်

ချော

Sunny said...

တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စွာနဲ့ ရွှေလက်တွဲမြဲနိုင်ပါစေလို့..

ကိုအောင် said...

ချစ်သူနှစ်ဦး ဘယ်တော့ လက်ထပ်ကြမလဲ၊
ခဲဖိုးလာတောင်းမလို့ .... :P

ရွှေပြည်သူ (ShwePyiThu) said...

ကြည်နူးစရာ ကဗျာလေးပါ နှင်းရေ... တစ်ယောက်က ကြင်နာအလိုက်သိတယ်ဆိုတာ ကျန်တဲ့တစ်ယောက်ကလည်း ထပ်တူထပ်မျှ ကြင်နာ အလိုက်သိလို့ပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်...

ချစ်သူနှစ်ဦး ၁နှစ်ပြည့်ကနေ နှစ်ပေါင်းများစွာများစွာတိုင် ပျော်ရွှင်ချမ်းမြေ့စွာ လက်တွဲနိုင်ပါစေ...း)