Sunday, December 26, 2010

ကျမရဲ့ ခရစ်စမတ်စ် တစ်ညတာ...

အော် ဘာလိုလိုနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ကာကလက သိပ်မကြာလိုက်....။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို မကူးပြောင်းခင် ခရစ်စမတ်စ်တစ်ညက ပြန်လည်ရောက်ရှိလို့လာခဲ့ပြန်ပြီ...။
ယခု ခရစ်စမတ်စ်မှာတော့ အခါတိုင်းနှစ်တွေကနဲ့မတူပဲ ကျမ အလုပ်လုပ်နေတဲ့ ရုံးကသူဌေးမိသားစုနဲ့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့တွေဆီက ခရစ်စမတ်စ်လက်ဆောင်တစ်ချို့ကို လက်ခံရရှိခဲ့တယ် ...။
ဗုဒ္ဓဘာသာဆိုလို့ တစ်ကုမ္ပဏီလုံးမှာ တစ်ယောက်ထဲဖြစ်နေခဲ့တဲ့ ကျမကိုဘယ်လို မျက်စေ့လည်လမ်းမှားပြီး အလုပ်ခန့်လိုက်လဲတော့ မသိပါ ...။
သို့ပေမယ့် ကျမအလုပ်လုပ်ခဲ့ဘူးသမျှ ရုံးဟောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဒီကုမ္ပဏီမှာ အလုပ်လုပ်ရတာ ကျမအတွက်တော်တော်လေး အဆင်ပြေပြေနဲ့ စိတ်ပျော်ရွှင်ချမ်းမြေ့ခဲ့ရသလို စိတ်ထားဖြူစင်ဖြောင့်မတ်တဲ့ ကျမသူဌေး တစ်မိသားစုလုံးက ကျမနဲ့ပတ်သတ်သမျှ ကိစ္စရပ်တိုင်းမှာ အိမ်ပြောင်းတာကအစ ... တစ်ခုခုပြဿနာရှိလို့ မျက်နှာမကောင်းတာကအဆုံး ကျမရဲ့အသေးအဖွဲလေးတွေအားလုံးကိုပါ ကူညီစောင့်ရှောက်ခဲ့ကြတဲ့အတွက် ကျေးဇူးရှိသူတွေပါပဲ ...။

အခုလည်း မျှော်လင့်မထားခဲ့တဲ့ အချိန်မှာ ကျမဘယ်လိုမှ မျှော်လင့်မထားတဲ့ လက်ဆောင်တွေနဲ့အတူ သူဌေးမိသားစုနဲ့ ကျမနဲ့ အတူတူလက်တွဲဖော်ဝန်ထမ်းတွေ အားလုံးက ခရစ်စမတ်စ်လက်ဆောင်လှလှလေးတွေကို ကျမအတွက် အရေးတစ်ယူပေးခဲ့တာကို ၀မ်းမြောက်ပျော်ရွှင်လို့ မဆုံးပါ ....။

ကျမကို လက်ဆောင်တွေ ၀ိုင်းပြီးပေးခဲ့ကြပြီး အဲဒီနေ့က သူဌေးမိသားစုတွေနဲ့ ၀န်ထမ်းတွေအားလုံးက Novena မှာရှိတဲ့ ဘုရားကျောင်းကိုသွားကြတာမို့ ကျမကတော့ လက်ဆောင်ပစ္စည်းတွေနဲ့အတူ အိမ်ကိုပြန်လာခဲ့ပါတယ်...။
အိမ်ရောက်လို့ ပါကင်လှလှလေးတွေကို တစ်ခုစီဖြည့်ကြည့်လိုက်တဲ့အခါမှာ ကျမအတော်လေးရယ်ချင်သွားသည် ...။ Dior ရေမွှေး ၊ ESTEE LAUDER မိတ်ကပ်တစ်ဆက်စာနဲ့ ၊ ကျမသိပ်မသိတဲ့  Skin Care နဲ့ပတ်သတ်တာတွေ ၊ မိန်းကလေးအသုံးအဆောင်တွေ ဖြစ်နေခဲ့တယ် ...။
သေချာတာတစ်ခုကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုရင် ဒီလောက်တန်ဖိုးကြီးတာတွေကို ဒီလောက်အများကြီး မ၀ယ်နိုင်ပါ ...း)
အမြဲတမ်းအိပ်ယာထနောက်ကျလေ့ရှိတဲ့ ကျမက ရုံးနဲ့အိမ် ၁၀မိနစ်လောက်သာလမ်းလျှောက်ရတဲ့ခရီးလောက်ကိုတောင် အမြဲနောက်ကျတဲ့အတွက် မိတ်ကပ်လိမ်းဖို့ဆိုတာဝေး ... ရေအမြန်ချိုး စက်ရုံယူနီဖောင်းကိုအမြန်ဝတ်ပြီး Tool Box Meeting အမှီ မျက်နှာပြောင်နဲ့ ပြေးခဲ့ရတာလဲ နေ့စဉ်နဲ့အမျှးp

အော် သေချာချာပြန်စဉ်းစားကြည့်လိုက်မှ မိန်းကလေးလုပ်နေပြီး မျက်နှာပြောင်နဲ့ ရုံးတတ်တဲ့ ကျမကို ရုံးကလူတွေက ကြည့်မရ၍ဖြစ်မည်ဟု ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိရင်း နောင်တစ်ပတ်တနင်္လာနေ့ကစပြီး ရုံးတတ်ရင် မိတ်ကပ်လိမ်းနိုင်အောင်ကြိုးစားရဦးမည်ဟု တွေးလိုက်မိသည် ....းD

ပြီးခဲ့တဲ့ ခရစ်စမတ်စ်ညတွေကတော့ ဘာရယ်လို့မဟုတ်ပေမယ့် မိုးတွေတစ်ဖွဲဖွဲကြားမှာ  များပြားလှတဲ့ လူအုပ်ကြီးနဲ့အတူုလမ်းလျှောက်ရတာကိုပဲ ကလေးတစ်ယောက်လို ပျော်ရွှင်နေတတ်ခဲ့တာ ....။
လမ်းဘေးက ရောင်စုံမီးအလှတွေနဲ့ Orchard လမ်းမကြီးတစ်ခုလုံးက ငေးမောနေလောက်အောင် လှနေခဲ့တာလေ......။
ဟောဒီ ခရစ်စမတ်စ်ညမှာလဲ ကျမနဲ့ ကျမရဲ့ အခန်းဖော်လေးတို့ စောစောစီးစီးကတည်းက ဘာရယ်မဟုတ်ဘူး ဟိုသွားမယ် ဒီသွားမယ် ပြီးမှ ... ညဘက် Orchard Road မှာလမ်းလျှောက်ပြီး ဓါတ်ပုံတွေအားရပါးရ ရိုက်ကြမယ်ဆိုပြီး အိမ်ကနေ အားခဲပြီး စောစောစီးစီးထွက်လာခဲ့ကြတယ် ...  ။




ဓါတ်ပုံလေးတွေ နည်းနည်းပါးပါးလျှောက်ရိုက်နေခဲ့ချိန်မှာပဲ မိုးက ထုံးစံအတိုင်း တစ်ဖွဲဖွဲကျလာရောလေ ....။
အဲဒီအချိန်မှာ ကျမ အခန်းဖော်လေးကလဲ လမ်းနဲနဲလျှောက်လိုက်ရင်ပဲ ဗိုက်များများဆာတတ်သူမို့ သူ့အတွက် မုန့်ဝယ်ဖို့ အနီးဆုံး Shopping Center ထဲမှာဝင်လိုက်ပြီး ပြန်ထွက်လာခဲ့ချိန်မှာ  မိုးကတော်တော်သည်းနေပြီ ...။

အဲဒါနဲ့ပဲ ကဲ အမှတ်တရ ဓါတ်ပုံတွေရိုက် ညစာစားပြီး ပြန်ကြစို့လို့ တိုင်ပင်လိုက်ကြပြီး ခရစ်စမတ်စ်ဒင်နာလေးကို နှစ်ယောက်ထဲ တိတ်ဆိတ်ပျော်ရွှင်စွာ ကျင်းပဖို့ စီစဉ်လိုက်ပါတယ်.....။

                                  ********** နှင်း နဲ့ သင်း **********
ဓါတ်ပုံရိုက်ပေးမယ့်သူမရှိလို့ အမှတ်တရဖြစ်ရင်ပြီးရောဆိုပြီး မှန်ထဲမှာပဲကြည့်ပြီး ဖြစ်သလို ရိုက်လိုက်တယ် ...။
အပြင်မှာ ခရစ်စမတ်စ်ညရဲ့ ရောင်စုံမီးအလှတွေနဲ့ အမှတ်တရ ရိုက်ချင်ပေမယ့် မိုးရွာနေလို့ ရှော့ပင်းစင်တာထဲမှာပဲ ရယ်မောစရာတွေလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက် တစ်ယောက်တစ်လဲ ရိုက်ဖြစ်ခဲ့ကြတယ် ... ။


မော်ဒယ်လ် နှင်းဟေမားD

                                    
ဓါတ်ပုံတွေက ကောင်းကောင်းရိုက်တာထက် ဟာသတွေလျှောက်လုပ်ပြီး ရိုက်တာက ပိုများနေခဲ့တယ် ...း) ဓါတ်ပုံရိုက်အပြီးမှာ ဗိုက်ကလဲတော်တော်ချောင်သွားပြီးမို့ MRT စီးပြီး City Hall အနီးက မန္ထလေးအကင်ဆိုင်မှာ ညစာစားဖြစ်ခဲ့တယ် ....။
ကျမကအစားအသောက်စားတာ အရမ်းနည်းပေမယ့် ( လူကြားကောင်းအောင်ပြောတာပါ ... အဟဲး) ရှမ်းခေါက်ဆွဲသုတ်နဲ့ ငါးကင်ဆိုရင်တော့အရမ်းကြိုက်လို့ အားရပါးရစားဖြစ်ပါတယ်း) ....
မန်းလေးအကင်ဆိုင်က လက်ရာကလဲ မြန်မာပြည်မှာ စားရသလိုပဲတော်တော်လေး စားလို့ကောင်းပါတယ်။

 
ညစာစားပြီးတဲ့နောက်မှာ ကျမရဲ့ အခန်းဖော်က MRT မစီးချင်ဘူး လိုင်းကားနဲ့ပဲ ပြန်ရအောင်ဆိုတော့ ကျမကပဲ သိသလို တတ်သလိုနဲ့ ဆရာလုပ်ပြီး မှတ်တိုင်တစ်ခုဆီကို ဦးဆောင်ခေါ်သွားခဲ့ပြီး Express ကားအလာကို စောင့်နေခဲ့ကြပါတယ် ...။
နောက်တစ်နာရီလောက် စောင့်တဲ့ထိ ဘတ်စ်ကားကမလာတော့မှ မှတ်တိုင်ကို သေသေချာချာကြည့်လိုက်တော့   နေရာလွဲပြီးစောင့်နေမှန်းသိတော့တယ် ... ( တော်တော်လဲ တော်တဲ့ မိနှင်းးD )
မိုးတွေကလဲ အရမ်းကို သဲကြီးမဲကြီးရွာနေတော့ ရထားနဲ့ပြန်ဖို့ဆုံးဖြတ်ပြီး ဘူတာဘက်ကို ထပ်ပြီးလမ်းလျှောက်ခဲ့ပြန်တယ် ...။
မိုးသဲထဲမှာ ရေတွေကလဲစို ... ဗိုက်ကလည်းပြည့် ... တစ်လမ်းလုံးဟာသတွေပဲပြောရင်း ရယ်လိုက်မောလိုက်နဲ့ပဲ ဒရွတ်တိုက်ပြီး အိမ်ကိုပြန်ရောက်ခဲ့ကြတယ် ....။
ကျမရဲ့ ခရစ်စမတ်စ် တစ်ညတာက ပြီးခဲ့သော ခရစ်စမတ်စ်ညတွေကလိုမဟုတ်ပဲ တိတ်ဆိတ်ခြောက်သွေ့စွာနဲ့ ဒီလိုပဲ ကုန်ဆုံးသွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘ၀လေးနဲ့ကိုယ်တော့ ကျမတို့ ပျော်ရွှင်ခဲ့ကြပါတယ် ....။
တစ်ခါတစ်လေမှာ စိတ်ပျက်စရာ စိတ်ညစ်စရာ စိတ်အားငယ်တာတွေရှိနေတတ်ပေမယ့် ကိုယ့်စိတ်ကိုယ်နေတတ်အောင် နေတတ်ဖို့ ကြိုးစားတတ်တဲ့ သူတစ်ယောက်ဖြစ်ဖို့သာ အရေးကြီးပါတယ်...။ *တစ်ကယ်တော့ ဘ၀တွေဆိုတာ နေတတ်ရင် ကျေနပ်ပျော်ရွှင်စရာတွေချည်းပါပဲ.....*

အားလုံးလဲပဲ  မကြာခင်ရောက်လာတော့မယ့် 2011 ကို ပျော်ရွှင်ချမ်းမြေ့စွာနဲ့ စိတ်သစ်လူသစ်နဲ့ ကြိုဆိုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ...။

အားလုံးကိုချစ်ခင်လေးစားလျှက်....

နှင်းဟေမာ
(25 Dec 2010 )

15 comments:

rose said...

မနှင်းပောမာ... အလည်ရောက်ခဲ့ပါတယ်ရှင့်။ စာလာဖတ်တယ်။ ခရစ်စမတ်မှာ လက်ဆောင်လေးတွေ ရတော့ ပျော်စရာကြီးနော်။ ဓါတ်ပုံတွေလည်း ကြည့်သွားတယ်။ မနှင်းက အချောလေးပဲ။ ချစ်စရာလေး...။

Sunny said...

Merry Christmas and a Happy New Year !

မယ့်ကိုး said...

နှစ်ကူးမှာ ပျော်ရွှင်ပါစေ ညီမလေး... စကားမစပ် ညီမလေး အရမ်းအရမ်းလှလာတယ်း)

သူကြီးမင်း (တုံးဖလား) said...

မော်ဒယ်မင်းသမီးလေး မိနှင်း။ ကိုရီးယားမင်းသမီးလိုလိုဘဲ။ အဝေးကမို့လား မသိဘူး ကြည့်ကောင်းတယ်။းဝ))

ဘ၀မှာ ဒီလို ပေါ့ပေါ့ပါးပါးနှင့်ပျော်ပျော်ပါးပါးလေး တစ်ခါတစ်ရံမှာနေသင့်တယ်။ ဒါမှ ဘ၀ဟာ ကြည်နူးဖို့ကောင်းမှာ။

ချီးကျူးပါတယ်။ ဘာသာခြားတွေထဲမှာ တစ်ယောက်ထဲဖြစ်ပြီး အားလုံးက ၀ိုင်းချစ်တာခံရလို့။

Happy New Year!!!

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျလိုက်တာ ခရစ္စမတ်လက်ဆောင်လေးတွေရလို့..း)
နှင်းက ချစ်စရာလေး ခုမှ သေချာ ကြည့်မိတယ်..
ပျော်ရွှင်အဆင်ပြေတဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ဖြစ်ပါစေနှင်းရေ...

zue said...

မနှင်းက ချစ်စရာလေးးး... အမြဲတမ်း ပျော်ရွှင်ပါစေ မနှင်းရေ...

ကြည်ဖြူပိုင် said...

ညီမလေးနှင်းရေ
1/ လက်ဆောင်လေးတွေကအကုန်လုံး
အမအကြိုက်တွေချည်းပဲ။ နည်းနည်းလောက်ရှယ်ပေး။ :P ဟားဟားဟား
2/ Tool box meeting မှီတယ်ဆိုရင်တော့မဆိုးသေးပါဘူးလေ။ အဲဒါမမှီဘူးဆိုရင်တော့မဖြစ်သေးဘူး :D
3/ ညီမလေးအရမ်းအရမ်းကိုလှနေတယ်
ပိုပိုပြီးလှလာတယ်။ နည်းနည်းပိန်သွားသလိုပဲ
မော်ဒယ်လ်ပဲလုပ်တော့ကွာ။ကောင်းဘူးလား :)
ပျော်ရွှင်ဖွယ်ကောင်းသောနှစ်သစ်လေးဖြစ်ပါစေနော်

ကိုအောင် said...

ဘလော့ဂါဘ၀ကနေ မော်ဒယ်ဘ၀ကို ပြောင်းသင့်တယ် ... :P

Unknown said...

မနှင်း
စုက ဒီဘလော့ကို ခဏတိုင်း စာလာဖတ်ပါတယ်...။
အားတာနဲ့ မနှင်း အသစ်ဘာရေးလဲဆိုပီး လာကြည့်ဖြစ်တယ်လေ ။
မနှင်း ၀တ္ထုတိုတွေ ကဗျာတွေက တစ်ကယ်ကောင်းတယ်နော် ။
အခုမှပဲ လူကိုမြင်ဘူးတော့တယ်။
မျက်နှာလေးက ချစ်စရာကောင်းလိုက်တာလို့တွေးနေတာ အဲလောက်ငယ်ငယ်လေးလို့မထင်မိဘူး
အပြင်မှာတွေ့ရင်မုန့်ဝယ်ကျွေးရမယ်နော်း=)

Unknown said...

ဟိုဖက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးထိန်ထိန်နဲ့

မနှင်းတို့ကတော့ အရာရာ ပြည့်စုံနေတာပဲနော်...

ပျော်ရွှင်စရာနေ့လေးတွေနဲ့အတူ နှစ်သစ်ကိုကုန်လွန်ကျော်ဖြတ်နိုင်ပါစေဗျာ....

တောသားလေး (and) ထွန်းမြတ်တေဇ (မြန်အောင်) said...

လာလည်သွားပါတယ်ခင်ဗျာ။ နှစ်သစ်မှာ ပျော်ရွင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
ခင်မင်လျှက်
တောသားလေး

PN said...

မနှင်းကချောလိုက်တာ။ ဓါတ်ပုံဖရိန်လေးတွေကလဲ ချစ်စရာ။ လင့်လေးပြောပါလားဟင်။ ကျေးဇူး။

အဖြူရောင်နတ်သမီး said...

နှင်းလေးရဲ့ ချစ်စရာ ဝင်းပပမျက်နှာလေးက လှလိုက်တာ...
မိတ်ကပ်မလိမ်းတာတောင် ဒီလောက်ချောတာ..
နှင်းလေးကံကောင်းတာပဲ...
မွေးနေ့လက်ဆောင်လေး ပို့ထားတယ်နော်...

ရွှေပြည်သူ (ShwePyiThu) said...

ဓာတ်ပုံလေးတွေကြည့်ရင်း မြင်ဖူးခွင့်ရတာကို ဝမ်းသာမိတယ်။ စိတ်ကလေးနဲ့ လိုက်အောင် တကယ်ကို ကြည်လင်ပြီး ချစ်စရာကောင်းလိုက်တဲ့ မျက်နှာလေးး)

zerokyi said...

အမရေ
လာလည်မိတယ်ဗျာ
တိုက်ဆိုင်တယ်ပြောရမလားဒီညတော့အမဘလော့လေး
တွေဖတ်ပြီးအိပ်ရာဝင်နောက်ကျပြီဗျ
မနက်အလုပ်ရှိသေးတယ်...ဒါပေမဲ့
အိုခေပါဗျာ ..အမရဲ့မွေးနေ့ကဗျာလေးတွေကိုသဘောကျတယ်ဗျ
အမဘလော့လေးကိုလည်းအားကျပါတယ် ..
ပြန်ခွင့်ပြုပါခင်ဗျာ ... သူဌေးရိုက်လိမ့်မယ် ...;p