Wednesday, November 10, 2010

ဂီတဗိမာန်



ရှေးကတေးသံ ... မင်္ဂလာရှိလို့နေပြန် ..... မြန်မာတွေမှာ လွတ်လပ်ရေးရပြန် ....
ဆင်းရဲခြင်း ကင်းအောင်လည်းကြံ .... မြည်ချိုသံသာ ဗိမာန် ဗိမာန် ဂီတအသံ ....
ပြည်ထောင်အသွင်သဏ္ဍန် .... ရည်မျှော်တွေးရန် .... အမျိုးသားအသံ သြော် အမျိုးသားအသံ ..... စီးပွားပညာ အရေးတွေဖွံ့ဖြိုးရန် .... အလှူမဏ္ဍပ်အသံ .... ဗျောသံ ဗျောသံ .... မင်္ဂလာစည်နဲ့ ရှေးဗုံကြီးသံ ... အလွန်ကိုကျက်သရေ ... တိုးလို့ဝေဆာပြန် ....
ကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ ...
သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ တို့အသံ .....
သြော် ကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ ...

သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ တို့အသံ .....
နားဝင်ချိုမြည်ပြန် ... ထန်တျာစုံအေး တေးဂီတသံအမှန်

ညှင်းသွဲ့သွဲ့ ..... တေးချိုချိုအသံ ... မတင်းမလျော့တဲ့ စောင်းတော်မူမှန်
သတင်းမသေးတဲ့ ... အေးကြူကြူဂီတ အသံ ....
လူငယ် လူကြီးတို့ ဂီတဗိမာန် တေးသီချင်းခံ...
သြော် လူငယ် လူကြီးတို့ ဂီတဗိမာန် တေးသီချင်းခံ...
အနုစိတ်ပညာ သံသာ မင်္ဂလာဝေဖြာ ဂီတဗိမာန် အသံ ...
ကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ ...

သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ တို့အသံ .....
သြော် ကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့အသံ ...
သခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ တို့အသံ .....
နားဝင်ချိုမြည်ပြန် ... ထန်တျာစုံအေး တေးဂီတသံအမှန်......


ဂီတဗိမာန် တေးသီချင်းကို - မယ်ခုမျှော် ... ရွှေမိုးလေးက ညိုတယ် ... ပုစွန်ဆိတ်ကလေး ... စတဲ့ နံမည်ကြီး မြန်မာခေတ်ဟောင်း တေးသီချင်းများစွာကို ရသမြောက် ပေါ်လွင်အောင် ရေးဖွဲ့ နိုင်သော တေးရေးဆရာ -တက္ကသိုလ်စိုး က ရေးစပ်သီကုံးထားပြီး....သန်းဖေလေးက သီဆိုထားပါတယ် ...။
အနှစ်သာရ ပြည့်ဝသော တေးသီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်  ကျမ အရမ်းနှစ်သက်မိတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်လို့ အားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ် ....။
( ဆားချက်လိုက်ခြင်းဖြစ်ပါတယ်းD )

အားလုံးကိုချစ်ခင်လေးစားလျှက်...

နှင်းဟေမာ
( 10 Nov 2010 )

9 comments:

အဖြူရောင်နတ်သမီး said...

ချက်ထားတဲ့ ဆား...
လာမြည်းသွားပါတယ်...
း)

mysterysnow said...

ညီမလေးနှင်း

မွေးနေ့လက်ဆောင်ပေးဖို့ မှတ်ထားလိုက်ပီနော်....
အချိန်မီပို့ပေးပါ့မယ်....

မနှင်း

လသာည said...

သီချင်းလေးအတွက် ကျေးဇူးပါညီမလေးရယ်။ သီချင်းနဲ့အတူ ကနေတဲ့ ညီမလေးတစ်ယောက်ကိုလည်း ကြည့်ချင်တားD

မြစ်ကျိုးအင်း said...

သီချင်းလေးက အဓိပ္ပါယ် ပြည့်ဝလွန်းတယ်။ ဟိုခေတ်က ဆိုခဲ့ကြချိန်မှာ အားမာန် ပါနေမှာပဲ။
အခုတော့ ဒီသီချင်းက ဆိုရင် ကောင်းနိုး မဆိုရ ကောင်းနိုး ဖြစ်နေပြီ။
ကိုယ်တွေက သခင်တွေလား ကျွန်တွေလား တောင် မခွဲနိင်တော့ဘူးလေ။

အဖြူရောင်နတ်သမီး said...

ဖိတ်စာလာပို့ရင်း သီချင်းနားထောင်သွားတယ် နှင်းရေ...

ကိုအောင် said...

သီချင်းကတော့ ကောင်းတယ် ညီမလေးရေ ...

Unknown said...

ညလေး.. အုံဖွံ..။ လက်လေး အပူလောင်သွားတယ်ဆိုလို့ =))

မယ့်ကိုး said...

သီချင်းလေးကို ခဏခဏကြားဖူးနေတယ် အခုလည်း နားထောင်သွားတယ်။း)
ဒါနဲ့ ညီမလေးရေ။ မမရဲ့ အိမ်ပြေးသူများမှာ မှတ်ချက်ရေးသွားအတွက် အထူးကျေးဇူးတင်ကြောင်းနဲ့ နောက်စာတစ်ပုဒ်မှာ အဲဒီစကားလေးကို ထည့်သွင်းထားကြောင်း ခွင့်တောင်းလာတောင်းတာပါး)

zue said...

သီချင်းလေး..ကောင်းလိုက်တာ.. အားလုံးနဲ့ အတူ ဆိုချင်တယ်.