Tuesday, May 11, 2010

Jailbreak MC Model Modern Firmware 3.1.3 with Spirit for iphone

ကျမအနေနဲ့နည်းပညာနဲ့ပတ်သက်ပြီး အမြဲစိတ်ဝင်တစား လေ့လာလိုက်စားဖြစ်ပေမယ့် ပြန်ပြီး မမျှဝေဖြစ်ခဲ့ပါဘူး။ လတ်တလောကျမရဲ့ဖုန်းလေးကို Jailbreak လုပ်ဖြစ်တော့ မိတ်ဆွေသူငယ်ချင်းတော်တော်များများကပါ စိတ်ဝင်စားကြတာကို တွေ့ရပါတယ်...။ ဒါ့ကြောင့်မို့ စိတ်ဝင်စားသူတွေ အားလုံးအတွက် နည်းပညာတစ်ခုအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်...။
Spirit ဆိုတာကတော့အခုလပိုင်းမှာထွက်လာတဲ့ Jailbreak လုပ်တဲ့ software အသစ်ဖြစ်ပါတယ်။ အရင်တုန်းကတော့ Blackra1nနဲ့ Jailbreak လုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့Firmware3.1.3ထွက်လာတဲ့အခါမေ့ပြီးတော့update လုပ်မိလိုက်တာအရင်လုပ်ထားသမျှ Jailbreak လေးတွေအားလုံး ကုန်ပါလေရော...း(   အဲလိုနဲ့ပဲ ဘယ်သူများ 3.1.3 အတွက် Jailbreaksoftware ထပ်ထုတ်မလဲလို့
မျှော်လိုက်ရတာ တော်တော်လေး လည်ပင်းရှည်သွားပါတယ်....း) အခုတော့ မျှော်ရကြိုးနပ်ပြီလို့ပြောရမှာဖြစ်ပါတယ်။ ကျမလိုပဲ MCModelFirmware3.1.3 သမားတွေအတွက် Jailbreak အပြင် untetheredJailbreak (ဖုန်းrestart လုပ်ရင်recoverymode သို့အလိုအလျှောက်ရောက်သွားခြင်း) အတွက်ပါအဆင်ပြေတဲ့software တစ်ခုထွက်လာပါတယ်...။ ဒါပေမဲ့carrierunlock တော့မဖြစ်ဖူးလို့တော့ရေးထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် untetheredJailbreak ကိုပြေလည်သွားတဲ့အတွက် phonerestart ဖြစ်တိုင်း Jailbreak ပြန်လုပ်ရတဲ့ဒုက္ခကတော့ ကင်းဝေးသွားပြီဖြစ်ပါတယ်။ jailbreak လုပ်ထားတဲ့ဖုန်းကိုသုံးဖူးသူအတွက်
non jailbreak ဖုန်းသုံးရတာ ဆားမပါတဲ့ဟင်းစားနေရသလိုပါပဲ။ သုံးဖူးသူတွေအားလုံးလည်းသိကြမှာပါ။
Jailbreak ပြုလုပ်ခြင်းရဲ့အကျိုးအပြစ်တွေကိုတော့အများသူငါလည်းရေးပြီးဖြစ်လို့ကျမအနေနဲ့ ထပ်မရေးတော့ပါဘူး။ Spiritနဲ့ပတ်သက်ပြီး သူ့ရဲ့မူရင်းဆိုဒ်မှာ အောက်ပါအတိုင်းဖော်ပြထားပါတယ်။

What's Spirit?
•Spirit is an untethered jailbreak for iPad, iPhone, and iPod touch on the latest firmwares.
•Spirit is not a carrier unlock.
•If you currently are using a tethered jailbreak, you have to restore to use Spirit. Do not upgrade if you use an unlock on an iPhone 3G or 3GS. (You can, however, restore to 3.1.2 if you have SHSH blobs for that version.)

Requirements
•Any iPad, iPhone, or iPod touch on firmware 3.1.2, 3.1.3, or 3.2.
•An activated device: one not stuck on the Connect to iTunes or Emergency Call screen.
•Any version of iTunes 9 (including 9.1.1).
•Syncing with iTunes before trying this is highly recommended.

Note: On iPad, all this is still sort of beta. Some packages in Cydia, not designed for iPad, might screw up your system and require you to restore. Be careful. (And no, Cydia's appearance is not final.)

Install ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြထားတဲ့အတိုင်း အဆင်ပြေစွာ ပြုလုပ်နိုင်ပါတယ်။
အရေးကြီးဆုံးကတော့ဘာပဲလုပ်လုပ်၊မလုပ်ခင်မှာမိမိရဲ့ဖုန်းကို itunesမှာ Backupလုပ်ဖို့ သတိပေးလိုပါတယ်...။သို့မှသာအရေးအကြောင်းတခုခုလွဲမှားခဲ့သည်ရှိသော်ပြန်လည်restore ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Step One
ပထမဦးစွာSpirit Jailbreak software ကို ဒီနေရာ မှာဒေါင်းလုပ်ယူပြီး Desktop ပေါ်မှာ save ပါ။












Step two

ပြီးလျှင်Desktopပေါ်တွင်သိမ်းထားသော Spirit application ကို Double click နှိပ်ပြီး run ပါ။
 





 

*မှတ်ချက်:Windows7သမားများအတွက်သတိပြုစရာအချက်ကတော့Spiritsoftwareရဲ့compatibility modeကိုWindows98 ကိုပြောင်းထားပေးပြီးမှာသာRunရမှာဖြစ်ပါတယ်။

Step Three
သင့်ရဲ့iPhoneကိုcomputer နဲ့ချိတ်ပြီး Spirit software ကသင်၏ iPhoneကိုသိသွားသောအချိန်တွင်
Jailbreakဆိုသောbuttonလေးကိုနှိပ်လိုက်ပါ။
 






Step Four
ထို့နောက်တွင်Jailbreak ပြုလုပ်ခြင်းအောင်မြင်စွာပြီးစီးကြောင်း အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။







ထို့နောက်တွင်သင်၏ iPhone မှာ reboot လုပ်ပြီးအောက်ပါအတိုင်း indicator လေးပေါ်လာပါလိမ့်မည်။
ထိုသို့ပေါ်လာပြီး restart လုပ်ပြီးသည့်နောက်တွင် သင်၏iPhoneသည် Cydia installလုပ်ပြီးသားJailbreak iPhone ဖြစ်လို့သွားပါပြီ။

 
 
ကျမရဲ့ဖုန်း  (3GS,Firmware3.1.3, Baseband Modern Firmware 05.12.01 )မှာတော့အဆင်ပြေပြေနဲ့ အလုပ်လုပ်ပါတယ်။ ကျန်တဲ့ဖုန်းတွေလည်း အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျမအနေနဲ့ နည်းပညာနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြန်လည်မျှဝေလိုခြင်းကြောင့် ကြိုးစားပြီးရေးသားထာတာ ဖြစ်တဲ့အတွက် အားနည်းချက်တစ်စုံတစ်ရာ ရှိခဲ့ပါသော် ကျမ နှင်းဟေမာ၏ လိုအပ်ချက်နဲ့ ညံ့ဖျင်းမှုသာဖြစ်ပါတယ်ဟု ၀န်ခံရင်း  ...။
Please do it on your own risk. I will not be responsible for any damage or breakage of your iPhone.

Credit to ; http://spiritjb.com, www.iclarified.com

အားလုံးကို ချစ်ခင်လေးစားလျှက်....
နှင်းဟေမာ
( 11 May 2010 )

6 comments:

AMK said...

ဘယ် မှာ modem firmware မဆို၇လားအစ်မ 3gs modem firware ၅.၁၂.* မြှင့်တဲ့ဟာမရသေးဘူးဆို ကျေးဇူးပါ

Unknown said...

လက်ရှိ အမြင့်ဆုံး Moden Fiemware 05.12.01,Version 3.1.3 (7E18) အထိ အဆင်ပြေစွာ လုပ်နိုင်ပါတယ်...။

လသာည said...

ဗဟုသုတလေးကို ရှယ်ပေးတာ ကျေးဇူးပါပဲ ညီမလေးရယ်..
အစ်မလည်း စမ်းကြည့်ဦးမှပဲ.. :))

AMK said...
This comment has been removed by the author.
AMK said...

ရသွားပြီ အစ်မရေ ကျေးဇူးပါ

AMK said...

ရသွားပြီ အစ်မရေ ကျေးဇူးပါ