Monday, May 3, 2010
စင်္ကာပူကျွန်းမှာ မင်္ဂလာရှိတဲ့ ဆမ်ဘာဝမ်း ( 2010 ) အတာသင်္ကြန် ၂
င်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့ ၊ ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်းအနီးရှိ ဆမ်ဘာဝမ်းကမ်းခြေ တွင် (၁၁-၀၄-၂၀၁၀)ရက်နေ့က ကျင်းပအောင်မြင်ခဲ့သော မြန့်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲတွင် စင်္ကာပူနိုင်ငံရောက် အနုပညာဝါသနာရှင် မောင်နှမတစ်စုတို့က ကြီးမှူးလျှက် ကပြဖျော်ဖြေခဲ့သော အစီအစဉ်များနှင့် သုရာပြဇာတ်အား ဒုတိယပိုင်းအနေဖြင့် ဆက်လက်ဖော်ပြ မှတ်တမ်းတင်အပ်ပါသည် ။
အားပေးကြည့်ရှုနေသောပရိတ်သတ်များ
ဤသုရာပြဇာတ်ကို ကျမ နှင်းဟေမာ မှ ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ပြီး - သရုပ်ဆောင်များအဖြစ် စင်္ကာပူနှင်းဆီအဖွဲ့ မှ ကိုတက်လူ ကိုဘကျော် ကိုအောင်ပြည့်ကိုဂျက်လန် ကိုကိုလေး နှင့် ကိုနေလင်း တို့မှ ပါဝင်သရုပ်ဆောင်ပေးထားပါတယ် ...။ ဆမ်ဘာဝမ်းဆရာတော်ဘုရားအနေနဲ့ ပြည်ပမှာ ရောက်ရှိနေကြတဲ့ ရွှေမြန်မာမျိုးဆက်သစ် လူငယ် လေးတွေအတွက်  သေရည်သေရက်သောက်သုံးခြင်းကြောင့် ရရိှလာမယ့် အကျိုးအပြစ် အချက်အလက်တွေကို သိရှိနားလည်စေရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လမ်းညွှန်မှုပေးခဲ့ပေးပြီး ဇာတ်ညွှန်းကောင်းတစ်ပုဒ်ဖြစ်လာအောင် တိုက်တွန်းခဲ့ပေမယ့် ... ကျမ ဘက်က အားနည်းချက်တွေအများကြီးနဲ့ လိုအပ်ချက်တွေရှိသွားခဲ့ပါတယ် ...။
ဆမ်ဘာဝမ်းသင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲခွင့်မရလိုက်သူများနဲ့ စင်္ကာပူနိုင်ငံမှာ ရိုးရာယဉ်ကျေးမှုနှင့်အညီအောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့သော ဆမ်ဘာဝမ်းသင်္ကြန်၂၀၁၀အတာသင်္ကြန်အောင်ပွဲ အပိုင်း(၂) ကို ဆက်လက်စောင့်စားနေကြသော ကျမ ရဲ့မောင်နှမများအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ် ....။ 
ဆရာ စိန်မြင့်စန်း (တက်လူ) ကိုယ်တိုင် ရေးစပ်သီကုံးထားတဲ့ လမြတ်နှစ်ဦး”ဆိုတဲ့တေးသီချင်းလေးဖြစ်ပြီး - ကိုဘကျော် ၊ ကိုညီညီ ၊ မခက်ခက်ဇော် နဲ့ မနီလာတို့က သီဆိုထားပါတယ် ....။ ဒီသီချင်းလေးက ရိုးရာအတာသင်္ကြန်အဖွင့်နဲ့ လိုက်ဖက်ညီလှသလို ကျက်သရေမင်္ဂလာရှိလှတဲ့ ဆမ်ဘာဝမ်းသင်္ကြန်ပွဲရဲ့ နံနက်ခင်းနဲ့အတူ လိုက်ဖက်ပနံရလှတယ်လို့ ကျမ သုံးသပ်မိပါတယ် ...။
သုရာပြဇာတ် အပိုင်း (၁)
သုရာပြဇာတ် အပိုင်း (၂)
သုရာပြဇာတ် အပိုင်း (၃)
သုရာပြဇာတ် အပိုင်း (၄)
သုရာပြဇာတ် အပိုင်း (၅)
ကိုဂျက်လန်နှင့် မသဇင်ကြည်တို့၏ မြိုင်မြိုင်ဆိုင်ဆိုင် ရွှေအိုးစည်အက
      ပြဇာတ်အပြီးမှာတော့ ကျမ နှင်းဟေမာနဲ့အတူ ကျမတို့ သုရာပြဇာတ်အဖွဲ့သူ ၊ အဖွဲ့သားများ အားလုံးက မင်္ဂလာရိှတဲ့ မင်္ဂလာ ... တေးသီချင်းကို သီဆိုဖျော်ဖြေခဲ့ကြပါတယ် ...။
                 စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော အတာသင်္ကြန်ပွဲတွင် ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြသော ဆမ်ဘာဝမ်း မိသားစု၏ ဧည့်ပရိတ်သတ်များ ........
ပွဲလည်းကြည့်ရင်း ... စတုဒီသာတွေလဲ စားကြရင်း ... ပျော်ရွှင်စွာ ရေလဲကစားကြရင်း ကြည်နူးခဲ့ကြတဲ့နေ့ တစ်နေ့
         ရိုးရာသင်္ကြန်သီချင်း ဖြင့်ဖျော်ဖြေတင်ဆက်မှု  အဆို - ကိုဘကျော် နှင့် အက - မခင်ဖြူကြည်
မရိုးမအီအောင် အိုးစည်အကဖြင့်... တင်ဆက်ခဲ့သော .. အက - ပိုင်ပိုင်ချမ်း နှင့် နန်းမေသဲအေး
မြန်မာသီချင်းဆိုရအောင်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သော ...
အဆို - မမာမာရီ နှင့် အက - နန်းမေသဲအေး 
မြန်မာသီချင်းဆိုရအောင်တေးသီချင်းဖြင့် ကပြခဲ့သော - နန်းမေသဲအေး ၊ ခင်ဖြူကြည် ၊ စန္ဒာတိုး
ဆမ်ဘာဝမ်းသင်္ကြန်ပွဲခင်းအတွင်းမှ လွမ်းစရာကောင်းတဲ့ ဇာတ်စင်ကြီးနဲ့အတူ ... ၂၀၁၀ ရိုးရာအတာသင်္ကြန်ပွဲတော်ကြီးကို ညနေ သတ်မှတ်ထားတဲ့ အချိန် ၄ နာရီ မိနစ် ၃၀ တိတိအချိန်မှာပဲ အောင်မြင်စွာ ဗျောစည်တီး၍ သိမ်းခဲ့ကြပါတယ်.....။
မြန်မာလူမျိုးတို့၏ ယဉ်ကျေးသိမ်မွေ့လှသော ဓလေ့ထုံးနန်းနှင့် အညီ စင်္ကာပူနိုင်ငံရောက် မြန်မာ ဘိုးဘွား မိဘများကို ရိုသေစွာကန်တော့ကြသော မင်္ဂလာရှိသည့် အတာသင်္ကြန် ပွဲတော်ကြီးဖြစ်ပေါ်လာအောင် ....
တစ်နှစ်တာ ပင်ပမ်းနွမ်းနယ်ခဲ့ကြသော ပြည်ပရောက် မျိုးဆက်သစ် လူငယ်မောင်မယ်များကို ယဉ်ကျေးမှုနှင့်အညီ လွတ်လပ်စွာ ပျော်ရွှင်ခွင့်ရအောင် ....  ရိုးရာအတာသင်္ကြန်ပွဲကြီး အခုလို ဖြစ်မြောက်လာအောင် အဘက်ဘက်မှ ဦးဆောင်ဦးရွက်ပြုတော်မူသော အသက်သွင်းဖန်တီးပေးခဲ့သော ဆမ်ဘာဝမ်းဆရာတော်ဘုရား ဦးအိန္ဒာစရိယ နှင့် ဆမ်ဘာဝမ်းကျောင်းမှ ဆရာတော်ဘုရားများ ၊ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ ၊ အဓိက စပွန်စာများ ၊ စတုဒီသာ အလှူရှင်များ ၊ အနုပညာဝါသနာရှင်မောင်နှမများ နဲ့ မိမိတို့တတ်စွမ်းသလောက် ကာယ၊ ဥာဏ လုပ်အားများဖြင့် ၀ိုင်းဝန်းကူညီခဲ့ကြသော မောင်နှမများ ၊ လာရောက်ကြည့်ရှုအားပေးကြသော ဆမ်ဘာဝမ်းမိသားစုပရိသတ်များ အားလုံးကို အထူးပင်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်ဆိုတဲ့ အကြောင်းကို ဒီနေရာလေးကနေပဲ ပြောကြားရင်း နောင်လာမယ့် နှစ်တွေ မှာလည်း အဆန်းတစ်ကာ့ အဆန်းပြားဆုံးထဲက အရိုးရှင်းဆုံး ဖြင့် ဆမ်ဘာဝမ်း မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကြီးကို ဒီထက်မက ခြိမ့်ခြိမ့်သဲအောင် ကျင်းပသွားနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါတယ်......
ဘ၀ရဲ့ အမှတ်တရများထဲမှာ သတိတရဖြစ်စေဖို့  မှတ်တမ်းတင်လိုက်ရပါတယ်...။
အားလုံးကို ချစ်ခင်လေးစားလျှက်....
နှင်းဟေမာ
( 3 April 2010 )
6 comments:
ကိုရင်နော်ခင်လေးငယ် said...
ညီမနှင်းဟေမာရေ..း)
ဒါရိုက်တာကလည်း ကောင်း ဇာတ်ညွှန်းကလည်း ကောင်း၊ သရုပ်ဆောင်တွေလည်း အားလုံး ကောင်းတယ်..
ဘုရင်ကြီးရောက်လာတဲ့အချိန်.. သရော်တာလေးတွေ အရမ်းထိမိပါတယ်..း)
လာမကြည့်ဖြစ်လိုက်ဘူး.. ခုမှ သေချာ ကြည့်ဖြစ်တယ်...
နောက်ဆို လက်တို့လိုက်.. သရုပ်ဆောင်လာလုပ်မယ်..း)) အဟက်
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်
mabaydar88 said...
ညီမရေ
ဖတ်သွားတယ်.. အဲဒီကိုလည်း လာလည်ချင်ပါ့..
ဆင်းရဲတာ တခုပဲ ဟဲ..
အဲမှာ ကျောင်းနေဘက်သူငယ်ချင်း တယောက်ရှိတယ်.. အလုပ်လုပ်နေလေရဲ့ .. ။ လာဖြစ်ရင် ဝင်ခဲ့မယ်နော်.. အဟဲ.. သူငယ်ချင်းနဲ့က မတွေ့တာ နှစ်ပေါင်း (၁၀၀) ကျော်ပေါ့.. ဟဲ..
စာလာဖတ်တာ ကျေးဇူး.. စီဘောက်ရှာတွေ့တယ်.. ဒါပေမဲ့ ရေးဖို့ လည်းမတွေ့ဘူး ညီမ..
မဗေဒါ
Flower said...
ဂုဏ်ယူပါတယ် ညီမနှင်းရေ
အားလုံးအတွက် ကောင်းကျိုးတစ်ခုခုရဖို့ ရည်ရွယ်ချက်လေးနဲ့မို့
လေးစားမိပါတယ်..
နောင်ကိုလဲ လူမှုရေးလုပ်ငန်းတွေမှာ ဆထက်ထမ်းပိုးတိုးလို့
ဆောင်ရွက်နိုင်ပါစေနော်..
ခင်မင်စွာ
မချော
မြစ်ကျိုးအင်း said...
လူအများကြီးနဲ့ လုပ်ရတဲ့ အလုပ်ကို အောင်မြင်စွာ လုပ်နိင်ခဲ့လို့ ဂုဏ်ယူပါတယ် ညီမလေးရေ.။
နောက်ထပ်ပွဲပေါင်းများစွာလည်း အောင်မြင်စွာ လုပ်ဆောင်ရင်း နာမည်ကျော် ဒါရိုက်တာကြီး ဖြစ်ပါစေကွာ
မယ့်ကိုး said...
ညီမလေး ဇာတ်ညွန်းရေး ဒါရိုက်တာလုပ်တာလား။ ဝမ်းသာဂုဏ်ယူမိပါတယ် ညီမလေး။
လင်းဒီပ said...
ညီမရေ အဲဒီနေ့က မနက်ပိုင်း သီချင်းတွေ နားထောင် စားသောက်ပြီး ပြန်သွားတာ ။
ပြဇာတ်ကို ညီမ ဘလောဂ်မှာတင်မှ ကြည့်ရတယ် ။ ကောင်းတယ် ...။
အားလုံးတော်ကြတယ် ။ ရယ်လည်း အရမ်း ရယ်ရတယ် ။
(နောက်တခါ လုပ်ရင်သာ ကိုရင်နော်ကြီးကို ခေါ်လိုက်ပါဦး ။ သူက ကချင်နေပုံရတယ် ။)
ဒီထက်ပိုပြီး ဘာသာသာသနာနဲ့ အနုပညာအလုပ်တွေ ဆက်လုပ်နိုင်ပါစေ..။