Tuesday, April 27, 2010

ရွှေပြည်ဟိန်းဆရာတော် ( သီတဂူကြာတစ်ပွင့် ) တရားပွဲ

ကျမနှင်းဟေမာ၏ ဘလော့ဂါ မောင်နှမအပေါင်းနှင့် စာဖတ်သူမောင်နှမအပါင်းတို့အား ရိုသေလေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်....။
လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး အခမဲ့ ကျမ်းမာရေး ၀န်ဆောင်မှုပေးနေသော ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်း၏ နာယက ပိဋက တစ်ပုံခွဲဆောင် ရွှေပြည်ဟိန်း ဆရာတော် အရှင်ခေမာသီရိလင်္ကာရ မှ တရားတော်များ ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။



တရားပွဲကျင်းပမည့်နေရာ

နေ့ရက် မေလ ၂ ရက် ၂၀၁၀ (တနင်္ဂနွေနေ့) စင်္ကာပူစံတော်ချိန် ညနေ ၄း၃၀ နာရီ မှ ၅း၃၀ နာရီတိတိတွင် အောက်ဖော်ပြပါ နေရာ၌ ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။

Palelai Thai Buddhist Temple
49 Bedok Walik, S 469145, Tel: 6443-3324
Tanah Merah MRT ( Exit B )
Take Bus No. 2, 9. Alight at 2 stop (Opp Bedok Mkt Pl)
http://www.streetdirectory.com/?x=103.94655777141&y=1.3307337725354&l=12&s=sg


မေလ ၂ ရက် ၂၀၁၀ (တနင်္ဂနွေနေ့) စင်္ကာပူစံတော်ချိန်   ညနေ ၇း၀၀ နာရီ မှ ၈း၀၀ နာရီတိတိအချိန်တွင် အောက်ဖော်ပြပါ နေရာ၌ ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည်။

#08-38 Blk 708 Jurong West St. 71, S 640708
Near to Pioneer MRT
Take Bus 179, 185, 241, 243 at Boonlay Int. Alight at 5 stop (Blk 978)
Take Bus 179, 241 at Pioneer MRT (Blk 651A). Alight at 2 stop (Blk 978)

 
ကမ္ဘာ့နိုင်ငံအသီးသီးမှ တရားချစ်ခင် သူတော်စင်များအနေဖြင့် အထက်ပါတရားပွဲများကို-
ဓမ္မသုခ http://live.dhammathukha.com/ နှင့် အဖြူရောင်သံစဉ် http://apytz.net/
တို့မှရုပ်သံတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါ၍ ပရဟိတလူသား အကျိုးပြုလုပ်ငန်းများဖြင့် သာသနာပြုတော်မူလျှက်ရှိသော သီတဂူကြာတစ်ပွင့် ဆရာတော်ဘုရား၏ တရားတော်များကို နာယူနိုင်ကြရန် ရိုသေလေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။


ဆရာတော် အရှင်ခေမာသီရိလင်္ကာရ၏ အတ္ထုပ္ပတ္တိအကျဉ်း


ဆရာတော်ကို ၁၉၅၇ခုနှစ်ဖေဖော်ဝါရီလ ၂၅ရက်တွင် စစ်ကိုင်းတိုင်း၊  ကန့်ဘလူ မြို့ မိုးကောင်းရွာနေ အဖဦးကံကြီး အမိဒေါ်ခင် တို့မှဖွား မြင် သည်။ ၁၁နှစ်သား အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်သည်။ ၁၅နှစ်သားအရွယ်တွင်အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းဘာသာဠီကာ ကျမ်းပြု ဆရာတော်ဘုရားကြီးထံ တွင် ပညာသင်ကြားခဲ့ပြီး ၁၈နှစ်သား တွင်သာသနာ့လင်္ကာရ သာမနေကျော်ဘွဲ့ကို မန္တလေးသကျသီဟ အသင်းကြီးမှ ဆက်ကပ်တော်မူခဲ့ပါသည်။ အသက်၂၀ ရဟန်းဖြစ်စတွင် ပိဋကတစ်ပုံ အာဂုံဆောင်အောင်မြင်တော်မူခဲ့ပြီး ၊အသက် ၂၁ တွင်ပိဋကတစ်ပုံခွဲဆောင်အောင်
မင်တော်မူခဲ့ပါသည်။
အသက်၂၈တွင် သီတဂူဆရာတော်၏ အများကျိုးပြု ပရဟိတ လုပ်ငန်းများကို အားကျကြည်ညိုလှ၍ ဆရာတော်၏ ခြေတော်ရင်းသို့ခိုလှုံခဲ့သည်။ သီတဂူကြာ တစ်ပွင့်အမည်ဖြင့် ဓမ္မပလ္လင် ပေါ်သို့ရောက် ခဲ့သည်။ စစ်ကိုင်းတောင်ရိုးတွင် ရွှေကျောင်းဆရာတော်အဖြစ် တင်မြှောက်ခြင်းခံယူရပြီး၊ ၁၉၉၂ခုနှစ်တွင် သီတဂူဆရာတော်နှင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အမေရိကန်၊ အိန္ဒိယ၊ နီပေါနိုင်ငံများသို့ လှည့်လည်ခဲ့သည်။ ၁၉၉၅တွင်စစ်ကိုင်း မင်းကွန်းကမ်းရိုးတန်း ကားလမ်းကို ဖောက်လုပ်တော်မူခဲ့ပါသည်။

၁၉၉၆တွင် ရန်ကုန်မြို့ ရွှေပြည်ဟိန်းကျောင်း ဆရာတော်အဖြစ်တင်မြှောက်ခြင်းခံယူရပြီး ၂၀၀၁တွင် ကျန်းမာရေးအလှူယာဉ် စီမံကိန်းကိုစတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၄တွင်ရွေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်းကို စတင်ဆောင်ရွက်ခဲ့သည်။ဆရာတော်သည်  သီတဂူဆရာတော်ဘုရားကြီး၏ လမ်းညွှန်းမှုဖြင့် ပရဟိတလုပ်ငန်းတိုင်းကို အဆင့်ဆင့် မြှင့်တင်၍ ဆောင်ရွက်တော်မူလျှက်ရှိပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ....
ရိုသေလေးစားစွာဖြင့်

နှင်းဟေမာ
( 27 April 2010 )



1 comments:

လသာည said...

နှင်းရေ..

တရားပွဲသတင်းလေး လာဖတ်ပါတယ်ကွယ်..
မအားတာနဲ့ မရောက်တာတောင်ကြာပြီ..
အစစအဆင်ပြေ ကျန်းမာရွှင်လန်းပါစေ..
ချစ်တဲ့ မမလသာည