Thursday, April 22, 2010

မျက်လုံးဖွင့်ပြီးအိပ်ကြည့်ပါ ....

အိပ်လို့မရတဲ့ညတွေမှာ ...တစ်ခါ တစ်ရံ စိတ်ရှိတိုင်း သီချင်းအော်ဆိုလိုက်ရတာလဲ ...လူတစ်ယောက်ရဲ့ ရင်ထဲကို အနည်း အကျဉ်းတော့  သက်သာရာ ရစေတယ်လို့ နှင်း ထင်ပါတယ် ...။ နှင်း ကတော့ အညာသူပီပီ မြန်မာသံစဉ် တေးသီချင်းတွေကို ဆိုလိုက်ရမှ ပိုပြီး အရသာရှိသလို ခံစားရတာမို့ ...ဒီတစ်ညတော့ Sing For You ကိုသွားပြီး မြန်မာသံစဉ်တေးသီချင်းတစ်ပုဒ်ကို စိတ်ရှိတိုင်း အော်လိုက်မိပါတယ်...။
ကိုမျိုး (မွေးရပ်မြေအညာ) ပေးထားတဲ့ နံမည်..အဆိုတော် နှင်းဟေမာနေမ၀င် သီဆိုထားတဲ့ မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ ဆိုတဲ့ တေးသီးချင်းလေးတစ်ပုဒ်ကို ကျမ နှင်းဟေမာ ကဲ့သို့ မြန်မာသံစဉ်ကို ချစ်ခင်နှစ်သက်ကြသူများအတွက် အမှတ်တရ ဝေမျှပေးလိုက်ပါတယ်...။ အသံနဲ့ နှိပ်စက်လိုက်ရလို့ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ် ...းD ....။
အသည်းကွဲနေသူများ .. သို့မဟုတ် ....  ထွက်ပေါက်ပိတ်မိနေသူများ ရှိခဲ့ရင်လဲ Sing For You မှာ ကျမနဲ့အတူ လွတ်လပ်စွာ သီဆို ပေါက်ကွဲဖို့ ဖိတ်ခေါ်ပါတယ် ...း)

( မှတ်ချက်။  ။ပတ်ဝန်းကျင် Complain ကြောင့် ရဲလာလျှင် တာဝန်မယူပါးD )




ကျမနဲ့ထပ်တူ နားဆင်ခံစားပေးကြသူ ကျမရဲ့ မောင်နှမများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်...း)
မင်္ဂလာဆောင်တွေမှာလဲ အခါတော်ပေး သီချင်း လိုက်ဆိုပေးပါတယ် ...လာမည့် သီတင်းကျွတ်မှာ မင်္ဂလာဆောင်မည့်သူများ ကျမ နှင်းဟေမာထံမှာ အမြန်ဆုံးဆက်သွယ်ပြီး ဘွတ်ကင် ယူထားနိုင်ကြပါကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်းD

ခင်မင်လေးစားစွာဖြင့်

နှင်းဟေမာ ( 22 April 2010 , 1:25 am )

7 comments:

Flower said...

ဟေမာ
စောစောစီးစီး ဘွတ်ကင်လာယူသွားတယ်ကွယ်
၂၀၁၀ မကုန်ခင်မှာ ဖြစ်အောင်လုပ်မှာဆိုတော့လေ
လာဖြစ်အောင် လာဆိုရမယ်နော်
အဲ.. မင်္ဂလာပွဲတော့ ဟုတ်ဘူး
သီလရှင်ဝတ်ပွဲ...
ဟေမာ ဆိုရမှာက ပရိတ်ကြီး ၁၁သုတ်
အလွတ်ရအောင် လုပ်ထား
ဒါဘဲ

ချစ်တဲ့
မချော

Unknown said...

ကိုပိုင်ခံစားပြီး သီဆိုထားတယ်ထင်လို. ထပ်တူခံစားသွားပါတယ်....စိုးစန္ဒာထွန်း ထက်တောင် ပိုကောင်းပြီး ပိုအသက်ဝင်နေပါတယ်....

လင်းဒီပ said...

ဖြောင်း...ဖြောင်း...ဖြောင်း...(လက်ခုပ်သံ)

တကယ် လက်ခုပ်တီးသွားပါတယ် ...

နောက်တာမဟုတ်ပါ...။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

အဟမ်း..အဟမ်း... :) :)

မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါရဲ့။ နားထဲမှာ သံသာအေးမြတဲ့ မြန်မာတေးအလှကို ပိုင်ပိုင်နိုင်နိုင် စည်းနိုင်ဝါးနိုင်ပြီး အသံအားကောင်းကောင်းနဲ့ သီဆိုထားတာ နားဆင်ရလို့ မျက်လုံးဖွင့် နားစွင့်ပြီး နောက်တစ်ခေါက် နားဆင်မိပါတယ် နှင်း ရေ....

ဟဲ့..တကယ်ပြောတာနော်.. ငယ်ငယ်တုန်းက သနပ်ခါးတုန်းကို ကြိုးတပ်ပြီး သီဆိုခဲ့တဲ့..၀ါသနာက ပိုးမသေးဘူးနော် နှင်း...

ထပ်ပြီး နားဆင်လိုက်အုံးမယ်... နားထောင်ရင်း ငိုတော့ ငိုချင်တယ်... တကယ်ခံစားပြီး သီဆိုထားတာ ထင်ရှားလှတယ်....

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

သုခုမလေဒီ said...

ညီမ ဆိုတာလေးနားထောင်ချင်ပါတယ်ဆိုမှ ကွန်နက် မကောင်းလို့ ညမှပဲ တစ်ခေါက်လာနားထောင်တော့မယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

ဖြူ said...

သီချင်းဆိုတာ တကယ်ကောင်းတယ်.. အသံလဲကောင်းတယ် ဆိုလဲဆိုတတ်တယ်..
နားထောင်လေကောင်းလေပဲ..
မြှောက်ပြောတာဟုတ်ဘူးနော်.. တကယ်ပြောတာ..
တော်တယ်ပြောထားတာနော် ကော်ဖီတော့တိုက် .. ဟိ
ခင်တဲ့
ဖြူ

ကိုရင်နော်ခင်လေးငယ် said...

ခံစားချက်နဲ့ သီဆိုသွားတာလေး အသက်ဝင်လွန်းတယ်. ညီမရေ..

အရမ်းအရမ်းကို ကောင်းတာပါပဲ..း)