Friday, March 5, 2010

မင်္ဂလာပါ ...

ကျမ နှင်းဟေမာ တစ်ယောက် အမိ မြန်မာပြည်ကနေ ... ကျွန်းကလေးတစ်ခုပေါ်က ပုံမှန်လည်ပတ်ရဦးမည့် ကျဉ်းကြပ်လှတဲ့ ဘ၀တစ်ခုထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ ...း)
လတ်တစ်လောမှာတော့ အီးမေးလ်တွေလောက်ပဲ စစ်နိုင်ပါသေးတယ် ... ရောက်ရောက်ခြင်း Gtalk မ၀င်ရမနေနိုင်လို့ ၀င်လိုက်တော့ အွန်လိုင်းကနေ နှုတ်ဆက်သူများကို အကြောင်းကြောင်းကြောင့် ပြန်မပြောနိုင်ခြင်းများနဲ့ ဖုန်းခေါ်လို့မရပါလို့ အီးမေးပို့ကြသော မောင်နှမများအားလုံးကိုလဲ Reply ပြန်မလုပ်ခဲ့တဲ့ ကျမကို နားလည် ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် တောင်းပန် အပ်ပါတယ်.. ။
ကျမ မြန်မာပြည်ရောက်ပြီး ၁၅ရက်လောက်အကြာမှာ လက်မှာယားနာတွေပေါက်လာပါတယ် ...။ တစ်ချို့ကလည်း ရာသီဥတုအပူကနေ အအေးကိုပြောင်းလို့ သဲဝဲ ပေါက်တာလို့ပြောကြပါတယ်းp ဘာပဲဖြစ်ဖြစ် ယားနာ(၀ဲ)တွေရဲ့နှိပ်စက်မှုကြောင့် ကျမ လက်နှစ်ဘက်လုံးက ရောက်ရောက်ခြင်း တစ်ပတ်လောက်ထိ ဘယ်အရာနဲ့မှ ထိလို့မရသလို ကွန်ပြူတာကိုလည်း ကောင်းစွာအသုံးမပြုနိုင်ခဲ့ပါဘူး ။
နောက်တစ်ခုကတော့ အဆုတ်သိပ်မကောင်းလှတဲ့ ကျမရဲ့ ကျန်းမာရေးအခြေအနေအရ အအေးမိဖျားနာလာတဲ့ဒဏ်ကြောင့် စကား ကောင်းစွာမပြောနိုင်သေးသည့် အတွက် ဖုန်းပိတ်ထားခြင်းဖြစ်ပါတယ် ...။ လောလောဆည် ကုမ္ပဏီဆေးခန်းမှာပဲ ဆေးကုသမှု ခံယူရင်း အကြွေးတင်နေခဲ့တဲ့ အလုပ်တွေကြားမှာ နစ်မြှုပ်လျှက်ရှိနေပါသေးတယ် ဆိုတဲ့အကြောင်းကို သက်ဆိုင်သူများ အားလုံးသိရှိစေရန် ဒီနေရာကနေ အကြောင်းကြားရင်း ပျက်ကွက်မှု အားလုံးအတွက် အနူးအညွတ်တောင်းပန်လိုက်ပါတယ် ...။
မကြာခင်မှာ အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ ကျမတို့ မေတ္တာကမ္ဘာအသင်းရဲ့ တတိယအကြိမ်မြောက် အလှူတော်တစ်ခုဖြစ်သော မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အုတ်ဖိုကျေးရွာမှာတည်ရှိတဲ့ ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိကြတဲ့ အနာကြီးရောဂါ ဝေးဒနာရှင်များစွာအတွက် ဆေးအလှူဒါန နဲ့ အဟာရ အလှူဒါနမှတ်တမ်းများကို စာရင်းရှင်းတမ်းနဲ့ အတူ အလှူရှင် မှတ်တမ်းများကိုပါ ထပ်မံဖော်ပြသွားပါ့မယ်ဆိုတဲ့အကြောင်းကိုလည်း အလှူရှင်အပေါင်းအား အသိပေးရင်း အားလုံးကို ဒီပို့စ်လေးနဲ့အတူ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ် ....။


အားလုံးပဲ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေ ...
ချစ်ခင်လေးစားစွာဖြင့်

နှင်းဟေမာ
5 March 2010

10 comments:

အဖြူရောင်နတ်သမီး said...

WELCOME BACK ပါ နှင်းလေးရေ....

လင်းဒီပ said...

ပြန်လာတာ မင်္ဂလာပါ...။
စာကောင်းလေးတွေ ဖတ်ချင်လို့ စောင့်နေပါတယ် ...။

Unknown said...

နေကောင်းအောင်လည်းနေဦး အခုရော သက်သာပြီလား ။

ကိုအောင် said...

ကျန်းမာရေးတော့ အထူးဂရုစိုက် ညီမလေးရေ၊ နေကောင်းမှ ကိုယ်စိတ်ပါတာကို လုပ်နိုင်မှာပေါ့၊ အရာရာ အဆင်ပြေပါစေ။

လင်းကြယ်ဖြူ said...

Welcome Back
လူမှုလုပ်ငန်းများကို ဆထက်တပိုးအောင်မြင်စွာဆောင်
ရွက်နိုင်ရင်း ..ပျော်ပါစေ...
*.*.*

Flower said...

ကြိုဆိုပါတယ်နှင်းရေ
အမြန်ဆုံး နေကောင်းသက်သာပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..
လုပ်ငန်းခွင်ထဲပြန်ရောက်လာပြီဆိုတော့
အလုပ်မှာလဲ အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေ ညီမရေ...

မောင်ကောင်း said...

ကျန်းမာချမ်းသာစွာဖြင့် စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပါစေ အစ်မရေ...။
း) ကျန်းမာပျော်ရွှင်ပါစေ.. ။
တရားလည်းမမေ့ပါနဲ့..။

သူကြီးမင်း (တုံးဖလား) said...

ကောင်းမွန်မြင့်မြတ်လှတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျန်းကျန်းမာမာနဲ့ ဆတက်ထမ်းပိုး ပြုလုပ်နိုင်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်းရေ..

ကျန်းမာပျော်ရွှင်ပါစေလို့ လာရောက်နှုတ်ဆက်ရင်း ဆုမွန်ချွေလိုက်ပါတယ်...

ခင်မင်စွာဖြင့်
ကိုမျိုး

ကိုလူထွေး said...

မေးလ်တွေပြန်ပို့နိုင်ပြီဆိုတော့ အဲ.. စာတွေပြန်ရေးနိုင်နေပြီဆိုတော့ သက်သာသွားပြီလို့ ယူဆလို့ ရပြီပေါ့...

းဝ)