Sunday, December 6, 2009

အမှတ်တရ ဒီဇင်ဘာ



သတိရခြင်းဆိုတဲ့ စကားလုံးတွေကို
နှုတ်ဆိတ်ဖို့ ကြိုးစားမိရင်း
တိတ်တဆိတ် တမ်းတခြင်းတွေနဲ့
မသိစိတ်တွေကို နှိုးဆွ ...
နိုးထခဲ့ရတဲ့ ငါ့မနက်ခင်းတွေအောက်မှာ
ဒီဇင်ဘာ မိုးစက်တွေနဲ့အတူ
လွမ်းခဲ့မိသူတစ်ယောက်ဆီ ရည်ရွယ်မှန်းဆ
တောင်ပေါ်ဒေသတစ်ခုမှာ
နှင်းတွေတဖွဲဖွဲ ကျနေခဲ့သလို
ငါ့အလွမ်းတွေလဲ ....
တသည်းသည်းငိုနေခဲ့ပါတယ် “... ရယ်...။

ဒီဇင်ဘာရောက်တိုင်း
ငါပိုင်ဆိုင်နေကျ မွေးနေ့ဆုတောင်းတစ်ကဒ်နဲ့
ငါသိပ်ချစ်တဲ့ နှင်းစက်လေးတွေ အားလုံး
အတိတ်ရာဇ၀င်မှာ..ကျန်ရစ်ခဲ့သလို...
ငါ့မျက်ဝန်း နက်နက်တွေလဲ
ဒီဇင်ဘာ မိုးစက်တွေရဲ့အောက်မှာ .....
တလက်လက်စိုနေခဲ့ပါတယ် “... ရယ်...။

ဒီဇင်ဘာဆောင်းအရိပ်တွေလို
တို့နှစ်ယောက်ရဲ့ အတိတ်ရာဇ၀င်တွေ 
ပြိုကျ  ပျက်စီးခဲ့ပေမယ့်
သိပ်သည်းဆ ဖြူလွလွနှင်းတွေ
တသည်းသည်းငိုလေတဲ့အခါ ...
မစိုပြေလေသော ဟောဒီ့ ဒီဇင်ဘာမှာ
ငါသိပ်သတိရတာလဲ
မင်းတစ်ယောက်ထဲကိုပါ  “.... ရယ်...။

တစ်ကြိမ်တစ်ခါမှ မပြောဖြစ်ခဲ့လေသော
ငါ့ရင်ထဲက စကားတစ်ခွန်းလဲ ထာဝစဉ်ဆွံ့အ
ချစ်ခွင့်မရတဲ့ ဒီဇင်ဘာမှာ...
လွမ်းဆွတ်သမျှ နာကျင်...
ချယ်ရီမြို့လေးနဲ့ နှင်းငွေ့တွေကြားမှာ
အရိပ်ပါးပါးလေး အရာထင်ရုံနဲ့
နာနာကျင်ကျင် လွမ်းနေဦးမယ်ဆိုတာ...
ဒီဇင်ဘာအသိဆုံးပါ ကွယ်...။

နှင်းနဲ့ထပ်တူ ခံစားဖတ်ရှုပေးကြသော မောင်နှမအားလုံးကို ကျေူးဇူးတင်ပါတယ်း)
အားလုံးကို ချစ်ခင်လေးစားလျှက်...
နှင်းဟေမာ
(6 December 2009 1:38 am)

11 comments:

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
မိုးစိုစို ဒီဇင်ဘာလရဲ့အလွမ်းကဗျာလေးကို... ဖတ်ရင်းနဲ့ ထပ်တူ ခံစားပေးသွားပါတယ်ဗျာ...။
(“...ရယ် ဆိုတာ... ဘူလေးရဲ...ဟင်....၊ စ,သွားပါ၏။)

ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

ပျော်ရွှင်စရာ ဒီဇင်ဘာများစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်ဗျာ.။

သုခုမလေဒီ said...

ဒီဇင်ဘာကဗျာလေးကိုဖတ်ရင်း တကယ်ခံစားသွားရတယ်။း)) အဆင်ပြေပျော်ရွှင်ပါစေ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်းရေ..

ဒီဇင်ဘာ မှာ သတိရစရာ တွေ အများသားနော်။ အမှတ်တရ ဒီဇင်ဘာ ကဗျာလေးကို ခံစား ဖတ်ရှု့သွားပါကြောင်း။ယယ

ကျန်းမာပျော်ရွှင်ပါစေ နှင်း။

ခင်မင်စွာဖြင့်
ကိုမျိုး

မယ့်ကိုး said...

ညီမလေးရေ...
ကဗျာလေးလည်း လှ အိမ်လေးကလည်း အရမ်းလှတာပဲ။

သိင်္ဂါကျော် said...

အပေါ်က ပုံလေးကလည်း လှတယ်...
ကဗျာလေးကလည်း လှတယ်...

လသာည said...

အမှတ်တရများနဲ့ ဒီဇင်ဘာချစ်တဲ့ ညီမလေး ဒီဇင်ဘာမှာ ပျော်ရွှင်နိုင်ပါစေ...

Unknown said...

အနေဝေးပေမယ့်
စိတ်ကူးအတွေးကရွှေညာဆီ
ထာဝစဉ်ကွယ်
ရင်ထဲတမ်းတနေတယ်
မျှော်ရည်ကွဲ့ တမားဖူး
ဆောင်းဟေမာန် ဘဝလမ်းက
လွမ်းမမေ့ပါဘူး

(ညီမလေး နှင်း ဆောင်းနှင်း နှင့်အတူချမ်းမြေ့ပါစေ)

အကို ပိတောက်မြေ

ဆောင်းယွန်းလ said...

ချယ်ရီမြို့လေးနဲ့ နှင်းငွေ့တွေကြားမှာ

အရိပ်ပါးပါးလေး အရာထင်ရုံနဲ့

နာနာကျင်ကျင် လွမ်းနေဦးမယ်ဆိုတာ...

ဒီဇင်ဘာအသိဆုံးပါ ကွယ်...။
ကဗျာလေးကိုဖတ်ပြီး နာကျင်ခံခက် ရင်ထဲမှာမကောင်းဘူး ညီမလေးရေ...နာနာကျင်ကျင်အလွမ်းတွေတဲ့လား............

အကိုဆောင်းယွန်းလ

မြစ်ကျိုးအင်း said...

ဒီဇင်ဘာမှာ အမှတ်တရ တွေကို ဖတ်ရရင် စိတ်ထဲတမျိုးပါပဲ။

လူတိုင်းလည်း ခပ်အက်အက် ဒဏ်ရာလေးတွေနဲ့ မဟုတ်လား။

အကိုလည်း ဘလော့ပေါ်မတင်ဖြစ်မယ့် ဒီဇင်ဘာ အမှတ်တရတွေ ရေးချင်နေမိတယ်။

ATN said...

နောက်ကျမှ ရောက်လာမိလို့ နောက်ကျဆုတောင်း ဖြစ်သွားတယ်...
သို့သော်လည်း ဆုတောင်းပေးရမယ့်သူမို့ ....
မွေးနေ့မှသည် အသက်ရာကျော်တိုင် ပျော်ရွှင်ဖွယ်ရာ အချိန်ကာလများအား ဖြတ်သန်းရပါစေ...
Happy Birthday & Many Happy Returns!!!!