Tuesday, November 17, 2009

စင်္ကာပူမှာ ခြိမ့်ခြိမ့်သဲတဲ့ သီတဂူ အထူးတရားပွဲ


ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစင်္ကာပူနိုင်ငံ၊စင်္ကာပူမြို့၊မင်္ဂလာဝိဟာရဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စင်္ကာပူရောက် မြန်မာမိသားစုများ ပေါင်းစု၍ သီတဂူဓမ္မသဘင် ပွဲကြီးကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြပါတယ် ...။



တရားပွဲစတင်မည့်အချိန်က စင်္ကာပူစံတော်ချိန် ညနေ ၄ နာရီလို့ ကျမတို့ ကြေငြာထားခဲ့ပေမယ့် သီတဂူဆရားတော်ဘုရားကြီးရဲ့ တပည့် ဒကာ ဒကာမ များကတော့ နေ့လည် ၂ နာရီလောက်ကတည်းက အားခဲ၍ တစ်ဖွဲဖွဲ တသဲသဲ ရောက်ရှိလာလိုက်ကြတာ တရားပွဲမစမှီ ညနေ ၃ နာရီ လောက်မှာပဲ
မင်္ဂလ၀ိဟာရဓမ္မသဘင်ခန်းမကြီးရဲ့အပေါ်ထပ်၊အောက်ထပ်တိုင်းမှာသာမကကျောင်းဝန်းအပြင်ဘက်နေရာလပ် မကျန် တရားနာပရိတ်သတ်တွေနဲ့အရမ်းကိုပြည့်ကျပ်သွားခဲ့ပါတယ်...။


အားရကျေနပ်စရာကောင်းလှတဲ့ စင်္ကာပူရောက်မြန်မာဗုဒ္ဓဘာသာတရားနာပရိတ်သတ် တို့အား သက်တော် ၇၂ ရှိတော်မူပြီဖြစ်တဲ့ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကလည်းရင်းနှီးနွေးထွေးစွာနဲ့မမောနိုင်မပမ်းနိုင် တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးတော်မူခဲ့သည်မှာလည်းအားရကျေနပ်ဖွယ်ကြည်နူးချမ်းမြေ့ဖွယ်
ကောင်းလှပြန်ပါတယ် .........။


ထိုနေ့တရားပွဲလေး၌ ဆရာတော်ဘုရားကြီးမှ အစွန်းနှစ်ဘက်မရောက်ကြစေနဲ့ ဆိုတဲ့ တရားတော်ကို ဟောကြားသွားခဲ့ပါတယ်...။

  သီတဂူတရားပွဲသို့ အားခဲ၍ လာရောက်ကြသော တရားနာပရိတ်သတ်များ 
 




သီတဂူဆရာတော်ဘုရားကြီး စင်္ကာပူကျွန်းလေးသို့  ကြွရောက်လာခြင်းမှာ မကြာမှီ ဖွင့်လှစ်ပေးမည့် သီတဂူဆေးရုံအသစ်ကြီးများအတွက် လိုအပ်တဲ့ ဆေးကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ၀ယ်ယူဖို့ရန်အတွက် ဖြစ်ပါတယ် ....။14 Nov 2009 (စနေနေ့) မှာ စင်္ကာပူကျွန်းသို့ ကြွရောက်လာခဲ့ပြီး ယနေ့ 17 Nov 2009 ( အင်္ဂါနေ့ ) မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ် ...။
သက်တော်ကြီးရင့်နေပြီဖြစ်သော်ငြားလည်း သွက်လက်တက်ကြွလွန်းစွာဖြင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေပုံ ၊ များပြားလှစွာသော သီတဂူ Project ကြီးများ၏ လစဉ်ကုန်ကျစရိတ်များအတွက် မနေမနားကြိုးစားနေရပုံများဟာ အံ့သြ၀မ်းမြောက်ဖွယ် ၊ လေးစားကြည်ညိုဖွယ် ၊ အတုယူအားကျဖွယ် ကောင်းလှပါတယ် .....။ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒများကို အနီးကပ်ကြားနာခွင့်ရခြင်းကြောင့် ကြည်နူးကျေနပ်စရာကောင်းလှသလိုဘ၀ရဲ့အနှစ်သာရများပါတိုးပွားစေခဲ့ပါတယ်...။
လူသားတိုင်းရဲ့အပေါ်မှာထားအပ်သောဆရာတော်ဘုရားကြီးရဲ့မေတ္တာစွမ်းပကားမှာအင်မတန်ကြီးကျယ်ခမ်းနားလွန်းလှပါတယ်လို့တွေးတောမိရင်းသီတဂူဆရာတော်ဘုရားကြီးသက်တော်ရာကျော်ရှည်ပါစေကြောင်းလည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာမှီတင်းနေထိုင်ကြကုန်သောကျမရဲ့ဘလော့ဂါမောင်နှမများနဲ့စာဖတ်သူမောင်နှမများအတွက် ကျမတိုနဲ့ အတူတစ်ကွ သီတဂူဆရာတော်ဘုရားကြီး၏အဆုံးအမသြ၀ါဒများကိုနာကြားနိုင်ကြရန်အတွက် တရားတော်ကို ပြန်လည်မျှဝေ၍ ဓမ္မဒါနပြုလိုက်ပါတယ်။ 

အစွန်းမရောက်ကြစေနဲ့ တရားတော် .....
tayadaw

Omi | MySpace Video

တရားနာယူကြသော မောင်နှများအားလုံး အစွန်းမရောက်ကြစေပဲ အလယ်အလတ် အကျင့်မှန်ကို မှန်ကန်စွာ ကျင့်ကြံနိုင်ကြပါစေ.... ဘ၀ဇာတ်သိမ်း ဒုက္ခငြိမ်း၍ .... တရားကျင့်မူ၊ ခပ်သိမ်းသူ တို့ သီတဂူသို့ အေးပါစေ...............။

နှင်းဟေမာ
17 Nov 2009

21 comments:

လသာည said...

ညလေးး
အစ်မလေ..ဆရာတော်ဘုရားကြီးရဲ့ ဒီတရားတော်ကို နာချင်လို့ အွန်လိုင်းနဲ့ လွှင့်မလွှင့်တောင် မေးနေတာ။ အခုလိုတင်ပေးတာ အရမ်းကို ကျေးဇူးတင်တာပဲ..။

WWKM said...

တရားနာပရိဿတ်တွေ အများကြီးပါပဲလား ညီမလေးနှင်းရေ။ အရမ်းဝမ်းသာမိပါတယ်။
တရားလည်း အေးအေးဆေးဆေးလာနာပါဦးမယ် ညီမရေ။ မျှဝေပေးတာကျေးဇူးပါနော်။

မမ၀ါ

neking said...

မရောက်ဖြစ်ပေမယ့်...မုဒိတာပွားသွားပါတယ်ခင်ဗျ

သူကြီးမင်း (တုံးဖလား) said...

အခုလို တရားတော်ကိုပါ တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အဆင်ပြေပါစေ။

အိအိချောကလျာ said...

နှင်းရေ.... ဆရာတော်ရဲ့တရားတော်ကိုတော့ အေးဆေးပဲ နာတော့မယ်နော်၊ အခုလို တင်ပေးထားတာ သိပ်ကျေးဇူးတင်ပါတယ်။ ဆရာတော် ဘုရားကို အပြင်မှာဖူးချင်လိုက်တာ။

မိုးခါး said...

ကျေးဇူးတင်လိုက်တာ .. အိမ်ကျရင် တရားနာလိုက်ပါ့မယ် .. မရောက်ဖြစ်လိုက်ဘူး ...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နှင်း ရေ..

အခုလို တရားတော်အား တင်ပေးတဲ့ အတွက် အရမ်းကို ကျေးဇူးတင်ကြောင်းလေး ပြောပါရစေ။
ညကြမှ အေးအေးဆေးဆေး နာယူပါတော့မယ်.. အခုတော့ အလုပ်မှာ မို့....


ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်
အထူးကျေးဇူးတင်ရပါသည်။

ခင်မင်လေးစားလျှက်ပါခင်ဗျာ

ကိုကိုသုန် said...

ကျေးဇူးတင်ပါတယ် မနှင်းဟေမာရေ ကျွန်တော်ကတရားနာချင်ပေမယ့် မနာလိုက်ရဘူးဗျာ.... အဲဒီနေ့က ရုံးမှာ ဂျူတီရှိလို့လေ.... အခုလိုတင်ပေးတာ ကျေးဇူးတင်ပါတယ်နော်... ဖြစ်နိုင်မယ်ဆိုရင် ဒေါင်းလုပ်လုပ်ပြီးနာချင်ပါတယ်.... ကူးယူချင်ပါတယ်ဗျာ.... ကူညီပါဦး....

ခင်မင်စွာဖြင့်
ကိုကိုသုန်

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
အားကျလိုက်တာဗျာ...။
တရားနာကြတဲ့သူတွေ အများကြီးပဲနော်ဗျာ...။
သွားခွင့် မရခဲ့ပေမယ့်..ရောက်သွားသလိုပါပဲဗျာ...။ ဓာတ်ပုံလေးတွေအတွက် ကျေးဇူးပါ...။
တရားက..နာမရဘူးဗျာ...ဘာဖြစ်သလဲမသိဘူး...။ ထပ်လာခဲ့ဦးမယ်ဗျာ...။
မကျေနပ်ဘူး...။
သြော်..ဒေါသက..ထွက်သွားပြန်ပါပြီ...။ အဟဲ...

မြစ်ကျိုးအင်း said...

လူတွေကလည်း အများကြီးပဲနော် သိပ်ကောင်းတယ် အကိုတို့ဘာသာအတွက် အားရကျေနပ်မိတယ်

တရားပွဲဖြစ်အောင် စီစဉ်ပေးတဲ့သူတွေလည်း ကျေးဇူးတင်ဖို့ကောင်းလွန်းတယ်။

ဒဏ္ဍာရီ said...

သူငယ်ချင်းရေ ... ဆရာတော်ဘုရားကြီး တရားတော်ကို တင်ပေးထားလို့ ကျေးဇူးတင်ပါတယ်...

တရားနာလာသွားခဲ့ပါတယ်နော်။

ခင်မင်လေးစားလျှက်

မဆုမွန် said...

သာဓုပါ ညီမလေးရေ..ဆရာတော်ကြီးကို အေဘက်တက္ကသိုလ်မှာ နာဂစ်အလှူပေးတုန်းက ဖူးလိုက်ရတယ်...တကယ့်ကိုမှ အများအကျိုးကိုဆောင်ရွက်ပေးနေတဲ့ သာ့သနာအာဇာနည်တစ်ပါးပါပဲ..

အိမ့်ချမ်းမြေ့ said...

မင်္ဂလာပါ နှင်းရေ..
လာသွားပါတယ်..

forgetme said...

မနှင်းဟေမာ MySpace မှာ တင်ထားတဲ့ တရားတော်ကို ကျွန်တော် ဒေါင်းလုဒ်ချ MP3 ပြောင်းပြီး http://mmshare.org/dma/ThidaguSayaDawTalk091115SG.mp3 မှာ တင်ထားတယ်... 1 နာရီ 13 မိနစ်စာ၊ 84.5 MB ရှိတယ်..
အဲဒီနေ့က မလာဖြစ်ခဲ့ပေမဲ့ အီးမေးလ်ကနေ အမ တင်ထားတဲ့ ဘလော့ပို့စ် ကို ဖတ်ရတဲ့ အတွက် ဒေါင်းလုဒ်ချလို့ ရသွားတာ...
အခုလို ဝေမျှပေးတာ အားလုံးအတွက် အကျိုးများပါတယ် ....
အမတင်ထားတဲ့ ဒီပို့စ်ထဲက ဓါတ်ပုံတွေနဲ့ စာသား အချို့ကို mmshare.org မှာ ဆလိုက်ရှိုး ပြန်လုပ်ထားချင်ပါတယ်... Credit Link လည်းပေးထားမှာပါ...
ကျးဇူးတင်ပါတယ် နောက်လည်း အခုထက်ပိုပြီး ဝေမျှနိုင်ပါစေ... :)

Unknown said...

ဟုတ်ကဲ့ပါရှင့် လွတ်လပ်စွာ ပြန်လည်ဖြန့်ဝေနိုင်ပါတယ် ... ခုလို အသိပေးတဲ့အတွက် လည်းကျေးဇူး အရမ်းတင်ပါတယ် ....တရားတော်ကို ပြန်လည်ဖြန့်ဝေသည့်အတွက် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ....။

Beauty Studio USA Branded Store said...

အဝေးကနေ ဆရာတော်တရားနားယူရလို့ ကျေးဇူပါဗျာ။ တင်ပေးထားတဲ့အတွက်လည်း သာဓု၊သာဓ၊ုသာဓု ပါဗျာ။

ကိုလူထွေး said...

ဆရာတော်ကိုဖူးဖို့ တရားနာဖို့ရောက်လာသူတွေ တကယ်ကို မနည်းပါလား...
ရပ်ဝေးမှာနေပြီးဒီလို ကုသိုလ်ပြုခွင့်ရတာ တကယ့်ကုသိုလ်ထူးပါပဲ...

ဆောင်းယွန်းလ said...

သီတဂူဆရာတော်ဘုရားရဲ့ တရားတော်ကို နာကြားသွားပါတယ်ညီမလေးရေ
ခုလို တရားဒါနပြုတဲ့အတွက် ကျေးဇူးအထူးပါ။။

ရွှေပြည်သူ (ShwePyiThu) said...

ညီမလေးနှင်းရေ... တရားပွဲလွတ်သွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေတုန်း အခုလိုတင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ သာဓု သာဓု သာဓု ပါ ညီမလေး...

Unknown said...

သီတဂူဆရာတော် တရားတော်ကိုလဲနာကြား။ မဟေမာ ရဲ့ စာတွေကိုလဲ ဖတ်၊ ဆမ်ဘာဝမ်း သင်္ကြန်မှာ ဇာတ်ညွှန်းရေးတဲ့ မြန်မာဝမ်းဆက်နဲ့ ယဉ်ကျေးတဲ့ မဟေမာကို ကျေးဇူးတင်ပါတယ်။