Monday, November 9, 2009

သီတဂူတရားပွဲ

စင်္ကပူကျွန်းပေါ်တွင် မှီတင်းနေထိုင်ကြသည့် ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မောင်နှမများ ၊ တရားချစ်ခင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား လေးစားစွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး မှ စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုများအား နိုဝင်ဘာ ( ၁၅ ) ရက် တနင်္ဂနွေနေ့တွင် Eunos MRT အနီး မင်္ဂလ၀ိဟာရ ကျောင်းအတွင်း၌ ညနေ (၄) နာရီမှ (၆)နာရီအချိန်ထိ နိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာကောင်းများကိုဟောကြားချီးမြှင့်တော်မူမည်ဖြစ်ပါသည်။
တရားတော်နာ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်း  သီတဂူဆရားတော်ဘုရားကြီး ဟောကြားချီးမြှင့်တော်မူသော တရားတော် CD များ ၊ သီတဂူမေတ္တာပို့ဓမ္မစာစောင်များ ၊ ရေသန့်ဗူးများကို ဝေငှ၍ ဒါနပြုမှာဖြစ်ပါတယ်....။
တရားပွဲပြီးဆုံးသွားပါက တရားနာပရိတ်သတ်များအနေဖြင့်လည်း တရားတော် နာယူကြသည့်နေရာ ၊ ဌါနအတွင်းတွင် စုပေါင်းသန့်ရှင်းရေးများပြုလုပ်ခြင်းဖြင့် ကုသိုလ် ပါဝင်နိုင်ကြပါကြောင်း ထပ်မံ၍ သတင်းကောင်းပါးအပ်ပါတယ်...။
သို့ပါ၍ တရားချစ်ခင် စိတ်ကောင်းဝင်ကြသည့် ဓမ္မမိတ်ဆွေမောင်နှမများအနေဖြင့် စင်္ကာပူနိုင်ငံ၏ ကြုံတောင့်ကြုံခဲလှစွာသော သီတဂူတရားပွဲကြီးသို့ အတူတစ်ကွ တရားတော်နာယူကြည်ညိုနိုင်ကြရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရခြင်းဖြစ်ပါတယ်...။

သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ...

နှင်းဟေမာ
9 Nov 2009

9 comments:

တလနွန် said...

မနှင်းဟေမာရေ

ကျေးဇူးတင်ပါတယ်။

မြစ်ကျိုးအင်း said...

အကိုတော့ မြန်မာပြည်မှာတုန်းက ဆရာတော်ကြီးရဲ့ တရားပွဲ တခါ နာခဲ့ဖူးတယ်။

တကယ်ကို အသံသြဇာနဲ့ ပြည့်စုံပြီး ကြည်ညိုဖွယ်ရာ ဆရာတော်ကြီးပါပဲ။

တရားနာခွင့်ရတာ ကုသိုလ်ထူးပါတယ်။

နိဗ္ဗာန်ဆော် ညီမလေးလည်း ကုသိုလ်တွေ အများကြီး ရမှာပါပဲ။

ဂျေဂျူဝိုင် said...

သိပ်ကောင်းတဲ့ ကြော်ငြာပိုစ့်လေးပါပဲ ကုသိုလ် အများကြီး ရမှာပါ။

Lover Rain said...

ညီမလေး နှင်း ရေ သာ ဓုပါနော် အကိုလည်း လက်လှမ်းမှိးသလောက် နိုးဆော်ထားပါတယ်

ဧပရယ်လ်ပူး@ပူးတေ said...

နှင်းရေ
ပူးတေလဲ ဒီညနေပဲ ဒီတရားပွဲအတွက် sms message လေးရတယ်။ ပူးတေသွားမယ်လို့ ရည်ရွယ်ထားတယ်။ သီတဂူဆရာတော်ကြီး ဒီကိုလာတိုင်း ပူးတေသွားနာနေကျလေ။ နှင်းရော?

Unknown said...

ပူးတေရေ...
နှင်းက စနေနေ့ညကတည်းက EUNOS က သူငယ်ချင်းတွေအိမ်ကိုသွားအိပ်မှာ ပူးတေရေ... အရင်နှစ်တွေတုန်းက SIMEI မှာတုန်းကရော NTU ထဲမှာရော Eunos မှာရော အမြဲတမ်း နှင်း တို့တစ်ဖွဲ့လုံး ရှေ့ဆုံးကပဲး) ရွာကအကျင့်တွေပါနေလို့ နေရာကလဲ ဦးသေးတာလေ ....ဟီး ... သန့်ရှင်းရေးလုပ်တာ ၀ါသနာပါရင်လဲ လုပ်အားပေးလို့ရပါတယ်...။

ဆောင်းယွန်းလ said...

သာဓု သာဓု သာဓုပါညီမလေးရေ...
ကုသိုလ်တွေအများကြီးရမယ့် ညီမလေးရေ..ရွှင်လန်းပါစေ

~ဏီလင်းညို~ said...

မနှင်းဟေမာရေ...
နှိုးဆော်ချက်လေးကိုဖတ်ရင်း... သာဓုသုံးကြိမ်ခေါ်မိပါတယ်ခင်ဗျာ...။
နာချင်ပေမယ့်လည်း အခွင့်မသာသေးပါဘူးဗျာ...။
(ပြန်လာရင်လည်း... အတွေ့အကြုံလေးတွေကို ပို့စ်ရေးပါဦးနော်ဗျာ...။ ဖတ်ချင်လို့ပါ...)

သီဟသစ် said...

ညီမနှင်းရေ

တရားပွဲကို နာဖြစ်အောင် ကြိုးစားပါ့မယ်
ခုလို တိုက်တွန်းနှိုးဆော်ပေးတာ (သာဓု)၃ ပါကွယ်

ခင်မင်စွာဖြင့်
သီဟသစ်