Saturday, August 1, 2009

နောက်ဆုံးလက်ဆောင်

ကောင်းကင်လွင်ပြင်မှာ
မျှော်လင့်ချက်တွေဖြန့်ကျက်
ကြေကွဲမှုအိပ်မက်တွေ ခက်နက်နက်တူးရင်း
အလွမ်းများနဲ့ အဆုံးသတ်ခဲ့တယ်...။


ဒဏ်ရာတွေပြန့်ကြဲ နေတဲ့ ငါ့ရဲ့
အတွေးယာခင်းထဲမှာတောင်
သံယောဇဉ်ကို ရိပ်သိမ်း
တမ်းတမှုတွေ ထိမ်းရင်းနဲ့
အဖြူရောင်ပန်းတွေအဖြစ်ပဲ
ဖန်တီးဖြစ်ခဲ့တယ် ....။

ပိုင်ဆိုင်လိုမှု ဗလာ
ရယူလိုမှု ကင်းစွာနဲ့
ချစ်ခြင်းဖွဲ့ ပန်းခင်းလေးထဲမှာ
လွမ်းဆွတ်ခြင်းတွေ ပွင့်ဖူး
နာကျင်စွာ တစ်ပွင့်စီခူးရင်း
ကြေကွဲခြင်း လက်အစုံနဲ့
နှလုံးသားကို ပေးအပ်ခဲ့မယ်....။

လျှို့ဝှက်စွာ...
တိတ်ဆိတ်စွာ...
ကြေကွဲစွာ ...
မြတ်နိုးစွာ ... နဲ့
သိမ်းထားပေးပါ “... ” ရယ်...။

( အိပ်မက်ကို နှစ်သက်တဲ့ လူဟာ လက်တွေ့ရဲ့ အမှန်တရားကိုတော့ တုန်လှုပ်ရတက်တယ် .....)
အင်း .........အမှတ်မရှိတဲ့အသည်း နှစ်ခါကွဲတာပဲ ကောင်းပါတယ်လေ


ဓါတ်ပုံက အသည်းကွဲနေတဲ့ ပုံရောပေါက်ရဲ့လားမသိဘူး :)
အားလုံးကိုခင်တဲ့...

နှင်းဟေမာ
1 August 2009

8 comments:

Anonymous said...

အစ်မနှင်းဟေမာ အမြဲတမ်းစိတ်ပျော်ရွင့်မှု့ရှိပါစေ။ခံစားချက်ကဗျာလေး
အရမ်းကောင်းပါတယ်..ထပ်တူပဲ ..:)

မယ့်ကိုး said...

ရိုးရိုးလေးနဲ့  ထိထိရောက်ရောက်ခံစားလို့ ရတဲ့ ကဗျာလေးပါ။

မီးတောက် said...

ခံစားချက်ကဗျာလေးကို ဖတ်ရှုသွားပါတယ်
မျက်နှာပေါ်မှာ ပြုံးနေပင်မယ် ရင်ထဲမှာလွမ်းနေတာ
ဘယ်သူမှမသိဘူးနော်
ဆိုတဲ့ စကားလိုပေါ့နော်

အရုပ်ကလေး said...

နှလုံးသားဒဏ်ရာတစ်ခုရဲ့ အတိမ်အနက်ကို
သီးကုံးပန်းလို ရင်နှင့်မဆုံးအရှုံးတစ်ခုအဖြစ်
လွယ်ပြုံးနေရပေမယ့် ရင်ဘတ်အထိမှာ
တငင်ဖက်တဲ့ လွမ်းစက်လက်ကို
အချစ်အမြတ်အတွက် စာရင်းချုပ်လိုက်တယ် ...

ကဗျာကောင်းလေးပါ ..
ကဗျာတစ်ပိုဒ်လောက် အတွေးဝင်လာလို့ စပ်သွားပါတယ်

ခင်မင်စွာဖြင့်
idulize (အရုပ်ကလေး)

နွေဆူးလင်္ကာ said...

အသည်းကွဲတဲ့ပုံပေါက်ပါတယ်ဗျ။ တချို့လည်း အသည်းကွဲရင် အဲလို ပြုံးပြုံးကြီး ကွဲတတ်တာ မြင်ဖူးပါတယ်

မယ့်ကိုး said...

အခုတော့ ပုံလေးပါ မြင်ဖူးသွားပြီ။ ချစ်စရာကောင်မလေးဆိုတာ သိသွားပြီ။ :)

နှင်းဟေမာ said...

ဟိ ... အဲလိုပြောတော့လည်း ရှက်တာပေါ့ မမမယ်ကိုး ရဲ့....( အမှန်တစ်ကယ်တော့ သဘောကျနေတဲ့ ရုပ်ကြီးနဲ့း) )

ရှင်သန် said...

နှင်းရေ။
ကဗျာကလည်း လှ။
ဥပဓိလေးကလည်း လှ။
လာအားပေးသူကလည်း လှ။
လှ လှ အားလုံး လှ။
ကဗျာလေး ကောင်းတယ်။