Friday, July 17, 2009

အကူအညီလေးပေးသွားကြပါ

ဒီကနေ့ ကျမဆီကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများ ၊ မိတ်ဆွေ Blogger များအားလုံးကို မင်္ဂလာနံနက်ခင်းပါလို့ ထူးထူးခြားလေး နှုတ်ဆက်ပါတယ်...။


ဒါက စကားပလ္လင်ခံတာပါ...။ အားလုံးဆီကအကူအညီလေးတစ်ခုလောက်တောင်းချင်လို့ပါ...ဟဲ.ဟဲ ။မျက်ခုံးမလှုပ်ကြပါနဲ့ အလှူမခံပါဘူး အားလုံးကူညီနိုင်ကြမဲ့ အကူအညီလေးတစ်ခုလောက်တောင်းချင်လို့ပါ...။မကြာခင်မှာ ကျမတို့ရဲ့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ကို အင်တာနက်လောကရဲ့ သမိုင်းစာမျက်နှာတစ်ခုဖြစ်လာစေဖို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ Web Manager ကိုယောကြီး ကနေ စတင် အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်...။ အဲဒီမှာ ကျမတို့အသင်းရဲ့အမြဲတမ်းအသုံးပြုမဲ့ အမှတ်အသား Logo တစ်ခု အသဲအသန်လိုအပ်နေပါတယ်....။ အသင်းရဲ့ မန်ဘာတစ်ချို့ကလည်း သူတို့တစ်တွေ လက်လှမ်းမှီသလောက် ကြိုးစားဖန်တီးပြီး ပို့ခဲ့ကြတာ ဒီကနေ့အထိတော့ ကျမဖန်တီးထားတဲ့ တစ်ခုအပါအ၀င် စုစုပေါင်း တစ်ဆယ့်သုံးခု လက်ခံရရှိထားပါတယ်...။ ကျမ အကူအညီလေး တောင်းချင်တာက အခုဒီပို့စ်လေးကို လာရောက်ဖတ်ရှုကြသော မောင်နှမတွေထဲကများ logo Design နဲ့ပတ်သတ်ပြီး ၀ါသနာရှင် ပညာရှင် တွေများပါခဲ့လျှင် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အတွက် လိုက်လျောညီထွေမယ့် ဒီဇိုင်းလေးတစ်ခုလောက် ဖန်တီးပေးကြဖို့ အားလုံးရဲ့ကိုယ်စား အကူအညီတောင်းချင်ပါတယ်....။ ကျမဆီကို 20 JULY 2009 နောက်ဆုံးထားပြီး mwf.hninhaymar@gmail.com email ပို့ပေးကြပါ....။ (၃) ရက်ပဲကျန်တော့တာဖြစ်တဲ့အတွက် နောက်ကျပြီးမှ အကူအညီတောင်းရတာကလည်း အားနာပါတယ်ရှင် ...။ အကယ်၍များ ကူညီချင်ပါတယ် အချိန်မရတော့လို့ မလုပ်ပေးနိုင်ကြတော့ဘူး ဆိုရင်လည်း မထူးတော့ပါဘူး နောက်တစ်ခုလောက်တော့ ထပ်ပြီး ကူညီပေးကြပါဦး ....။ အောက်မှာ ဖော်ပြထားတဲ့ အသင်းဝင်မန်ဘာတစ်ချို့ရဲ့ Logo တစ်ဆယ့်သုံးခုထဲကပဲ မိမိစိတ်ထဲမှာ အမှန်တကယ် အနှစ်သက်ဆုံး နံပါတ်တစ်ခုကို ရွေးချယ် ပြီး မဲပေးခဲ့ကြပါ...။ မဲအများဆုံး ရွေးချယ်ခံရတဲ့ နံပါတ်တစ်ခုကိုပဲ ကျမတို့အသင်းရဲ့ သင်္ကေတတစ်ခုအဖြစ် အမြဲတမ်းအသုံးပြုသွားမှာ ဖြစ်ပါတယ်......။ အသင်းဝင်မန်ဘာမဟုတ်သူတစ်ယောက် ပေးပို့လိုက်တဲ့ Logo လေးတစ်ခုကိုများ အရွေးချယ်ခံခဲ့ရရင် ကျမတို့ မေတ္တာကမ္ဘာအသင်းက နေပြီး ထိုက်ထိုက်တန်တန် ................... အထူးပဲ ကျေးဇူးတင်နေမှာပါ ။ ဘာမှတော့ ဆုမချီးမြှင့်နိုင်ပါဘူး .....။ အဟဲ .....စ' တာပါနော်။ ကျမအနေနဲ့ တော့ အထူးပို့စ်လေးတစ်ခုကို အဲဒီ Logo Designer အတွက် MWF စာမျက်နှာ နဲ့ ကျမရဲ့ ဘလော့စာမျက်နှာမှာ ဖော်ပြ ချီးမြှင့်ပေးမယ်လို့ ရည်ရွယ်ထားပါတယ် ....။
မိမိတို့ရဲ့ စိတ်ကူးအကြံဥာဏ်လေးများကို တန်ဖိုးရှိစွာ အသုံးချရင်းဖြင့် လုပ်အားဒါနအနေနဲ့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အတွက် တစ်ဒေါင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်......။


























အသစ် ရောက်ရှိလာတဲ့ Logo လေးကိုလည်း နံပါတ် (၁၄) ကနေ တင်ထားပေးပါတယ်....။
(NO.14)

ဒီနံပါတ် (၁၅) ဒီဇိုင်းလေးကို မောင်သစ္စာ ဖန်တီး ပေးပို့လိုက်တာပါ...။ M.W.F မှ လှိုက်လှဲစွာ ကျေးဇူးတင် ပါတယ် မောင်လေး ရေ.....။


(NO.15)



(NO.16)


(NO.17)

မိမိနှစ်သက်တဲ့ logo အောက်က နံပါတ်အတိုင်း မဲပေးခဲ့ကြပါ...။comments ရေးလို့မရရင် CBOX ထဲမှာ မိမိတို့ ဘဘော့ဂါ အမည်လေးနဲ့တစ်ကွ ရေးခဲ့ပေးပါနော်.... ဒါမှမဟုတ် အီးမေးလ်ပို့ပေးကြပါနော်...။BLOGGER မဟုတ်တဲ့သူတွေက အီးမေးလိပ်စာလေးတော့ ပေးခဲ့ကြပါ...။ အားလုံးကို အားကိုးပါတယ်...။

C box ရဲ့အပေါ်မှာ Vote လို့ရပါတယ်...။ကိုယ်အနှစ်သက်ဆုံး No. ကို အရင်ရွေးပြီး Vote ကိုနှိပ်လိုက်ရုံပါပဲ...။


လေးစားစွာဖြင့်


နှင်းဟေမာ ( MWF MEMBER)
17 July 2009