Friday, October 9, 2009

“တစ်ခါတစ်လေမှာ ဒီသီချင်းလေးတွေကို ညည်းတက်တယ်”

တစ်ခါတစ်လေမှာ ... စိတ်လိုလက်ရနဲ့ သီချင်းလေးတွေ ဆိုညည်းဖြစ်ပါတယ် ... နှင်းက တော့ သီချင်းဆိုချင်ရင် ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်မနေတော့ဘူး ပါးစပ်ထဲတွေ့ကရာကို အော်ပြီးဆိုလိုက်တာပဲ ... အားမရသေးရင် ကာရာအိုကေအကျယ်ကြီး ဖွင့်ပြီးတော့ ဆိုပစ်လိုက်တယ် ...အဟဲ .... Complaint များတဲ့ နိုင်ငံဖြစ်ပေမယ့် အိမ်နီးနားချင်းတွေက အရမ်းကောင်းနေတော့ ဒီနေ့ထိ ရဲ ကို အတိုင်မခံရသေးဘူးးp ။ စိတ်တွေ အရမ်းမွန်းကျပ်လာတဲ့အခါ ၊ စိတ်ထွက်ပေါက်တွေ ပိတ်ဆို့နေတဲ့အချိန်တွေမှာ .... ရှေ့ဆက်လျှောက်လှမ်းရဦးမယ့် မရေရာတဲ့ ခရီးရှည်ကြီး တစ်ခုဆီကို မျှော်ကြည့်လိုက်မ်တဲ့အခါ  ဒီ သီချင်းကို အော်ဆိုဖြစ်ခဲ့ပါတယ် ...

“ခေါ်သံများ လောကကြီးထဲ တွေ့ဆုံလိုက်တိုင်းကြားရတယ်....

ဘယ်မှာလဲ လှပခြင်းနဲ့ စစ်မှန်တဲ့ တရားရှိမှာပဲ....
တိတ်ဆိတ်ဖုန်းကွယ်နေဆဲ.......
လျှို့ဝှက်တဲ့ဘ၀ရဲ့ တံခါးချက်များ....
စမ်းသပ်တွန်းဖယ်လိုက်တိုင်း.....
ဆန်းသစ်တဲ့ အမြင်မှန်တွေပြောင်းသွား.....
ထာဝရခရီးသည် ... အမြဲတမ်းပဲ လိုက်ရှာနေဆဲ...
လောကရဲ့ အမှန်တရား
ထာဝရခရီးသည် လျှို့ဝှက်တဲ့ဘ၀ခြေရာများ....
အဆုံးမရှိနိုင်သော ကမ္ဘာ ...
ငါနောက်ဆုံးအချိန်ထိ ထာဝရခရီးသွား...



အထူးသဖြင့်တော့ နှင်းက တစ်ယောက်သော သူကို လွမ်းတဲ့အချိန်တွေမှာ အသည်းကွဲ သီချင်းတွေ ကိုအော်ပြီး ဆိုလိုက်တယ် ....
တစ်ခါ တစ်ရံမှာ လူတွေက ဘယ်တော့မှ မရနိုင်တော့အရာတစ်ခုကို သေမလောက် ရူးသွပ်စွာ တောင့်တတက်ကြတယ် .... အဲဒီ့ မရလောက်ဘူးလို့ထင်ရတဲ့ အရာတစ်ခုက ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်တော့လဲ ဟန်ဆောင်မှုတွေ ၊ မာနတရားတွေနဲ့
မိမိစိတ်ကိုယ်မိမိ ထိန်းချူပ်ထားမိပြန်တယ် ....
နောက်ဆုံးတော့လည်း ကြေကွဲမှုတွေ ၊ တမ်းတလွမ်းဆွတ်ခြင်းတွေ နဲ့ပဲ အဆုံးသတ်ရတာပဲလေ ....

ဒီမနက်တိုင်းမှာ ငါလေ လွမ်းတတ်ခဲ့ပြီပဲ
ဒီမနက်မျိုးလေးမှာလေ အချစ်က ခွဲခွာခဲ့
ပြန်တွေ့ဖို့ရာ ငါလေ ... ခုထိမျှော်လင့်ဆဲ..
အချစ်များရဲ့ဒဏ်ရာတွေသာ ငါ့အတွက် ကျန်ရစ်ခဲ့
ငါ စောင့်နေတယ် ဒီလမ်းလေးမှာ အလွမ်းတွေရယ် ရစ်ဝိုင်း
ဒီလမ်းမှာ မြူတွေဆိုင်း ..... နေချိန်တိုင်း...............



ကျန်ရစ်ခဲ့သူ တစ်ယောက်ရဲ့ရင်ထဲမှာတော့ ဘယ်နေရာပဲရောက်ရောက် ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ သူ့အရိပ်တွေသာ အမြဲစိုးမိုးနေခဲ့ပြန်တယ် ...
အိမ်မက်ဟောင်းတွေ သီချင်းဟောင်းတွေကိုပဲ ထပ်ခါ တစ်လဲလဲ ခံစား ဆိုညည်းမိသူ တစ်ယောက်အတွက်
အသစ်ဆိုတာ ဘယ်တော့မှ ရှိလာတော့မှာမဟုတ်ပါဘူး .....


လွယ်လွယ်လေးနဲ့ မင်းချန်ထားခဲ့ပေမယ့်
နေရာတိုင်မှာ မင်းအရိပ်တွေ ထင်တုန်းပဲ
ခင်သူတိုင်းလဲ အခုထိ ပြောချင်နေကြတုန်းပဲ
နင်ရှိတုန်းကလို ပုံစံမျိုးနဲ့ ..........
အိပ်မက်ဟောင်းပဲ အကျင့်ပါပြီး မက်နေမယ်
မရည်ရွယ်ပဲနဲ့ သီချင်းဟောင်းတွေ ဆိုဖြစ်မယ်
လူတွေပြောတဲ့ မင်းအတင်း မကြားချင်ယောင်ဆောင်ထားလည်း
နင့်အကြောင်းပြောရင် နားစွင့်တုန်းပဲ................
တစ်ကယ်ဆိုရင် လိုအပ်ချက် ကွက်လပ်တွေ သိပ်များလွန်းနေလို့
မင်းကို စောင့်နေခွင့် ပေးပါ ...နေညိုရင် ငိုတက်တဲ့စိတ်နဲ့ ရင်မှာ အသားမကျနိုင်လို့
အနားကို မင်းပြန်လာပေးပါ.........



ကိုယ်နဲ့ကွဲကွာသွားခဲ့ပြီးတဲ့ နှစ်ကာလတွေအတွင်းမှာ သူ  အဆင်မှပြေပါ့မလားလို့ တွေးပြီးပူခဲ့မိတိုင်း 
ရင်ထဲက အလွမ်းတွေနဲ့အတူ  ဒီသီချင်းလေးကို ညည်းဖြစ်ခဲ့ပါတယ် .... မဖြစ်နိုင်တော့ပေမယ့်လည်း
ကိုယ့်ကိုရော သတိမှရပါသေးရဲ့လားလို့ တော့ မေးချင်ခဲ့မိတယ် ....
လလေးတစ်စင်း ဒီရင်ထဲက ကြွေကာသွား ညမှောင်လွန်းတယ်
အိမ်မက်ဆိုးနဲ့ နွေညများထဲ ... အိမ်ပြန်လမ်းမ တစ်ယောက်ထဲပဲ
ငါ့ကို ... နင်လှုပ်နှိုးပြီး အသက်သွင်းခဲ့ .... ရှင်သန်တော့မှ မြေမြှုပ်တယ် ...
ဒါ နောက်ဆုံးပေါ့ .. ပြန်ရုတ်သိမ်းတော့ ... အရင်လို နှုတ်ဆိတ်နေတုန်းပဲ ...
ချစ်သူ ...အဆင်ပြေမလား .. ငါ တွေးတယ် ... မပြတ်သေးဘူး ....
သတိရရဲ့လား ... သတိရဲ့လားလို့ မေးချင်လည်း .... သတိရဲ့လား
သတိရရဲ့လားလို့ ငါ မေးချင်လည်း .... မင်းက မကြားနိုင်ပဲ ..............



နှင်း ရဲ့ အစ်ကို ဆောင်းယွန်းလ ရဲ့ တဂ်ပို့လေးကို ပြန်ဖြေပေးလိုက်တာပါ .... အလုပ်တွေအရမ်းများနေတာနဲ့ ဖြေတာနောက်ကျသွားပါတယ် အစ်ကိုဆောင်းရေ.... ။ ညီမလေးနှင်းဟေမာ ဆိုပြီး ခုလို သတိတရလေး တဂ်လာပေးတဲ့ အစ်ကို့ ကို အရမ်းကျေးဇူးတင်ပါတယ် ...။
ရင်ထဲက ခံစားချက်လေးတွေနဲ့ နှစ်သက်မိသော အမြဲသီဆိုဖြစ်ခဲ့သော သီချင်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် .....။
နှင်းရဲ့ ရင်ထဲက စကားလုံးလေးတွေကို ပြောပြပြီးသွားပြီ ဆိုတော့ .....
အဟင်း ... အဟင်း ... (လည်ချောင်းရှင်းတာပါးD )  ...
ပြီးသွားရင် ဘယ်သူတွေကို ဒွတ်ခပေးရပါ့မလဲ ..... အဲ ဟုတ်ပြီ .... အရမ်းရင်းနှီးခင်မင်မိတဲ့သူတွေစာရင်းကို အုပ်စု ၂စု ခွဲပြီး တဂ်ပါတော့မယ် ...းp

အုပ်စု (၁)က

၁။ မမအိမ့်ချမ်းမြေ့ ( သံစဉ်မဲ့အလင်္ကာများ )
၂။ မမ၀ါ “၀ါဝါခိုင်မင်း”
၃။ မမရွှေပြည်သူ
၎။ မမစူး ( ပန်းချယ်ရီတို့ပွင့်ရာမြေ )
၅။ မမနှင်း “နှင်း နဲ့ မာယာ ”
၆။ မမကြည်ဖြူပိုင် (နွေဦးမိုး)
၇။ ပန်းရင့်ရောင်
၈။ ၀က်ဝံလေး
၉။ မေလေး
၁၀။ အဖြူရောင်နတ်သမီး

နောက်ထပ်အုပ်စု (၂)အနေနဲ့က

၁။ ကိုရင်နော်ခင်လေးငယ်
၂။ အစ်ကို မြစ်ကျိုးအင်း
၃။ အစ်ကို ယုယ
၎။ ရန်ကုန်သား
၅။ နွေဆူးလင်္ကာ
၆။ ကိုမျိုး (မွေးရပ်မြေ အညာ)
၇။ လဂွန်းအိမ် ( မိုးအိမ့်ဖြူ )
၈။ သက်တန့်ချို
၉။ အစ်ကို အရုပ်လေး
၁၀။ ငချမ်းကောင်
၁၁။ မိုးစက်အိမ်

အထက်ပါ အုပ်စုနှစ်စုမှာ ဘောလုံးအသင်းသားများ အဲ ... မှားလို့ပါနော် နှင်းရဲ့ ဘလော့ဂါ မောင်နှမ များ အားလုံး နှင်း ကို တစ်ကယ်ခင်မင်တယ်ဆိုရင်တော့ အားတဲ့အချိန်မှာ တစ်ပျော်တစ်ပါးကြီး ဖြေပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်ရှင်.......။
ရင်ထဲက ခံစားချက် အစစ်အမှန်လေးတွေပါ ထည့်ပေးစေချင်ပါတယ်...း)
အဆစ်တောင်းတာပါ ( ၀ါသနာပါလို့ )
မမမယ်ကိုး ကိုတော့ အတူတူ အတဂ်ခံထားရတဲ့သူတွေမို့ ချန်ထားခဲ့ပါတယ် ....။
လူမကျန်ခဲ့ရအောင် ရင်းနှီးသမျှ လူတွေအကုန်ဆွဲပြီး တဂ်ပစ်လိုက်တယ်နော် ....းP

အားလုံးချစ်ခင်လေးစားတဲ့
နှင်းဟေမာ



24 comments:

အရုပ်ကလေး said...

ဟိ .. ညည်းဖြစ်တဲ့ သီချင်းကို ဘော်ဘော်တစ်ယောက်က တက်ခ်ထားလို့ ရေးပြီးပြီ ညီမလေး ....
လင့်ခ်လေးပဲ ချန်ခဲ့လိုက်တယ်နော်

http://idulize.myanmarbloggers.org/2009/09/blog-post_21.html

tag တာ နောက်ကျတာကိုး .. ဟီး ..။

ခင်မင်စွာ
idulize (အရုပ်ကလေး)

Linn Htet Aung said...

သနားလိုက်တာ နှင်းရယ် . . . ဟိဟိ

http://blog.nweyoe.net/2009/09/19/nyee-chin.html

ဟဟဟဟဟဟဟဟဟဟဟဟဟ

ဝက်ဝံလေး said...

နှင်းရေ ရေပေးမယ်နော် အဲ ရေးပေးမယ်နော် သိလား ရှေ့မှာ လဲ ရှိသေးလို့နော် ဟီးးးး လူရှိန်အောင် ပြောတာကွ ဘာရမလဲ ခစ်ခစ်

Dream said...

စိတ်ညစ်နေတာနဲ့ သီချင်းတွေ အားလုံးကို စိတ်ထွက်ပေါက် အဖြစ်နဲ့ အော်ဆိုပစ်ခဲ့လိုက်တယ်...
:P

မင်္ဂလာပါ .... said...

နွယ်ရိုး ကြွက်စုတ် ...
နင့်ကိုလဲ ငါတဂ်တဲ့ စာရင်းထဲ မထည့်ထားဘူး
ဘာမှ လာမပြောနဲ့ ဟွင်း

မယ့်ကိုး said...

ညီမလေးသီချင်းတွေက အစ်မ အမြဲလိုလိုနားထောင်ဖြစ်တဲ့ သီချင်လေးတွေ ။ =)

အိမ့်ချမ်းမြေ့ said...

အုပ်စုတစ်ရဲ့ ထိပ်ဆုံးကြီးမှာဆိုတော့ အသင်းခေါင်းဆောင်လား၊ ဂိုးစောင့်လားတော့ မသိဘူး။
အစ်မ ဆိုဖြစ်တဲ့ သီချင်းသိသွားရင် ငိုသွားလိမ့်မယ်...

ငိုရင် တစ်ကယ်တာဝန်မယူဘူးနော်..
မကြာခင်ရေးပေးမယ်.. နှင်းရေ...

ကြည်ဖြူပိုင် said...

နောက်ကျရင်တော့ ခွင့်လွှတ်ပေးနော်ညီမလေး
ချစ်တဲ့ကြည်ဖြူ

Unknown said...

ဝေး....

သူလည်း အခုမှတင်တာကိုး......

သီချင်းလေးတွေ ထပ်တူခံစားနားထောင်သွားပါတယ်...
အဖြူရောင်လေးကိုတော့ ကြိုက်တယ်... သီချင်းနော်...

သတိရရဲ့လားလို့ မေးချင်တယ်.... မင်းကမသိနိုင်ခဲ့...

အကြိုက်ဆုံးပေါ့ဗျာ...

အခုတော့ အလွမ်းနဲ့လွမ်းနေရတာပေါ့ဗျာ...

ပျော်ရွှင်ချမ်းမြေ့ပါစေနော်...

maylay said...

သီချင်းတွေကို လာနားထောင်တာ. ဘဇာကြောင့် ကိုယ့်နာမည်ကိုပါ တဂ်ထားရတာတုန်း နှင်းရယ်။ ကိုယ်က သီချင်းဆို အားလုံးနီးပါး ဆိုလိုက်ညည်းလိုက် (ရေးရင် အရှည်ကြီးဖြစ်နေမှာ) ခံစားရတယ်လည်းမဟုတ်။ စိတ်ထွက်ပေါက်လည်းရအောင်။ နှင်းက ဆိုးတယ်ကွယ်။ ဒါပေမယ့်နော် စောင့်နော် ရေးပေးပါမယ်။ သိတယ်မဟုတ်လား ကိုယ်က အလုပ်ကများများရယ်။ (အဟဲ ကြွားထှာ)။ ကိုယ့်ကို ခင်မင်လို့တဂ်တာပဲ ရေးပေးရမှာပေါ့။ ကျေးဇူပါ နှင်း။ ကျန်းမာပျော်ရွှင်ပါစေ

WWKM said...

အုပ်စုနှစ်စု ဘောလုံးကန်ရမှာလား ညီမလေးနှင်းရေ.း)
မမဆိုတဲ့သီချင်းတွေက အများကြီးပဲ.
ရေးပေးပါမယ် ညီမလေးနှင်း.
သတိတရနဲ့တက်ဂ်တာ ကျေးဇူးပါနော်.

မမ၀ါ

Yu Ya said...

မနှင်းရေ.. ခင်မင်ရင်းနှီးစွာ တဂ်ထားတာဆိုတော့ ကျေးဇူးပါခင်ဗျာ။

yu ya

မြစ်ကျိုးအင်း said...

အသစ်တွေ့လို့ လာဖတ်သွားတယ်။

ကျန်တာတော့နောက်မှပဲပြောတော့မယ် :)

နွယ်ရိုး said...

ကြွက်စုတ် အစုတ်ပလုပ် နင်နာ့ကို တက်ထားပီးတော့များ ခုမှ အရှက်ပြေ ပြန်ဖြုတ်လိုက်တာ မသိဝူးမှတ်နေလား၊ ဟဲဟဲ နင်လည်တာ ငါသွားကြားထိုးနေသလောက်ပဲရှိတယ် အဟတ် ဟတ်

yangonthar said...

သီချင်းအကြောင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော့်မှာ အချက်အလက်အနည်းဆုံးလို့ ပြော ရမယ် .... မနှင်းဟေမာ ရဲ့ တက်ဂ်ကို ကြိုးစားပြီးရေးပါ့မယ် ...
ခင်မင်မှုအတွက် ကျေးဇူးပါ
ခင်မင်လျှက်
ရန်ကုန်သား :))

HAPPY CLOUD said...

သီချင်းတွေ နားထောင်သွားပါတယ်...
ညီမလေးရေ...
အကုန်လုံးသဘောကျတဲ့သီချင်းလေးတွေပါပဲ...
အမှတ်တရ လာသွားပါတယ်...
ခုပထမဆုံးရောက်ဖြစ်တာပါ..
ဖိုးမောင်

မိုးစက်အိမ် said...

ချစ်သုဝေ သီချင်းတွေ အကုန်ကြိုက်တယ် ဟေမာရေ
ရှယ်တွေချည်းဘဲ ဘောလုံးအသင်းကလည်း 10 ယောက်ကြေးမလား အနော်က 11 ယောက်မြောက်ဆိုတော. ပိုနေသလားလို. ဒိုင်လုပ်ရင်
ကောင်းမလားလို. ဟီးးးးးးးးးးးးး စတာပါ ကိုဆောင်းကလည်း တဂ်ထားတော. နှစ်ထပ်ကွမ်း အကယ်ဒမီ :P

phoechan said...

အမရေ.....သတိတရနဲ့ တဂ်ထားပေးလို့ ကျေးဇူးတင်ပါတယ်။ အခုရက်ပိုင်းက ရွှေပြည်တော်ပြန်ခါနီးဆိုတော့ မအားတာနဲ့ ဘလော့ဘက်ကို မလှည့်နိုင်သေးဘူးဖြစ်နေတယ်။ အားတာနဲ့ တင်ပေးပါမယ်နော်။ နောက်ကျရင် စိတ်ဆိုးရဘူး။ အခုတော့ ကျွန်တော်တင်ထားပြီးသားဖြစ်တဲ့ နားထောင်ဖြစ်တဲ့သီချင်းများကို စရံအနေနဲ့ ပေးခဲ့ပါကြောင်း။ http://www.ngachankaung.com/2008/08/english-songs-this-is-me-demi-lovato.html

ကြည်ဖြူပိုင် said...

ညီမလေးရေ..တဂ်ကြွေးလေးဆပ်ပြီးကြောင်းလာပြောတာပါ။
တာ့တာ။

သီဟသစ် said...

ညီမနှင်းဟေမာရေ

စာတွေဖတ်ပြီး သီချင်းလေးတွေ လာနားထောင်သွားတယ်

ခင်မင်စွာဖြင့်
သီဟသစ်

ဆောင်းယွန်းလ said...

နောက်ကျမှုအတွက် ဦးစွာပထမ တောင်းပန်ပါရစေ ညီမလေးရေ...
စနေ တနင်္ဂနွေ နှစ်ရက်စလုံးမှာ လုံးဝမအားမလပ်ဖြစ်ခဲ့တဲ့အတွက် ခပ်စောစောရောက်မလာခဲ့မိတာပါ...
တော်ပြီ...နောင်ဆိုရင် လူတွေအများကြီးမတဂ်တော့ဘူး
တဂ်ပြီး တဂ်တဲ့သူက လာမဖတ်ဖြစ်ရင် အားနာစရာကြီး..

ညီမလေးရင်ထဲက သီချင်းလေးတွေကို ခံစားတတ်သော နှလုံးသားတစုံဖြင့် လေးနက်စွာ နားထောင်သွားခဲ့ပါတယ်..

နှလုံးသားအဟောင်းနဲ့ ရင်ဘတ်ပေါ့..ဘယ်တော့မှအသစ်မရှာခြင်းဆိုတာကလည်း အမြဲတမ်းသစ်နေတဲ့ အရာပဲလေ ညီမလေးရေ..
အသစ် အသစ်ဆိုတာတွေက အဟောင်း အဟောင်းတွေ ဖြစ်သွားရစမြဲပဲမဟုတ်လား...

အမှတ်တရပို့စ်ကို သတိတရရေးပေးတဲ့အတွက် ညီမလေးနှင်းကို ကျေးဇူးတင်ပါတယ်...

ခင်မင်တဲ့
အကိုဆောင်းယွန်းလ

အိမ့်ချမ်းမြေ့ said...

ညီမလေးရေ...
ရေးပြီးပြီး))

ကိုရင်နော်ခင်လေးငယ် said...

ရေးပေးပါ့မယ်နော်..း)
ခုတလော အလုပ်တွေက များနေလို့ မရောက်ဖြစ်ဘူး ဖြစ်နေတာ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

သဒ္ဓါလှိုင်း said...

ဒီပိုစ့်လေးဖတ်ပြီးမဖေါ်ပြနိုင်တဲ့ခံစားချက်လေး
ဖြစ်သွားရတယ်.။

ခင်မင်စွာ
မသဒ္ဓါ